ဂိုးပေါက်တည့်ကန်ချက်ထက် ပြစ်ဒဏ်ဘောကျူးလွန်မှုပိုများနေတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးပေါက်တည့်ကန်ချက်ထက် သူ့ရဲ့ပြစ်ဒဏ်ဘောကျူးလွန်မှုကပိုများနေတယ်လို့

Sport bible ကဖော်ပြခဲ့ပါတယ်။ အသက် ၃၇နှစ် အရွယ်ရော်နယ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ ဗီလာနဲ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ခဲ့သလို

ဒီရာသီမှာသူနဲ့အလွန်ရင်းနှီးတဲ့သွင်းဂိုးတွေအတွက် ရုန်းကန်နေရဆဲဖြစ်တယ်။ ပြိုင်ပွဲစုံ ၁၆ပွဲမှာ ၃ဂိုးသာသွင်းထားနိုင်တဲ့ ရော်နယ်ဒိုဟာ

ပရီးမီးယားလိဂ်မှာတော့ အဲဗာတန်နဲ့ပွဲစဉ်တစ်ပွဲသာဂိုးသွင်းနိုင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ဆောင်းရာသီကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းထာ၀ရဂိုးသွင်းအများဆုံးဖြစ်တဲ့

ရော်နယ်ဒိုကိုမေ့လိုက်ရတော့မလိုဖြစ်ပြီး ပရိသတ်တွေက သံသယမျက်လုံးနဲ့စောင့်​ကြည့်နေကြပြီ ဖြစ်တယ်။ ဗီလာနဲ့ပွဲ အပြီးစစ်တမ်းအရ

ရော်နယ်ဒိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်ကျူးလွန်တဲ့ အကြိမ်ရေ ၇ကြိမ်ရှိခဲ့ပြီး ဂိုးပေါက်တည့် ကန်သွင်းချက်ကတော့ ၆ ကြိမ်သာရှိတာတွေ့ခဲ့ရပါတယ်။

ဂိုးပေါက်တည့်ခဲ့တဲ့ ၆ ကြိမ်မှာ ပေါ်တူဂီတိုက်စစ်မှူးသွင်းဂိုး တစ်ဂိုးသာရခဲ့တာဖြစ်တယ်။ ဆိုစီဒက်၊ ဗီလာတို့နဲ့ပွဲစဉ်တွေမှာ တန်ဟတ်ဟာမိုက်မဲတဲ့ ဖြတ်တင်ဘောတွေနဲ့

ရော်နယ်ဒိုဂိုးပေါက်ရှာတွေ့ဖို့အတွက် ကြိုးစားခဲ့တာတွေက အသင်းအတွက်တော့ကြေကွဲစရာ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ဗီလာနဲ့ပွဲမှာအသင်းခေါင်း ဆောင်မက်ဂွိုင်းယား မပါဝင်ခဲ့သလို

ဒီဂီယာကလည်း ကွင်းတွင်းကစားသမားတွေနဲ့ နီးနီးစပ်စပ်မရှိတဲ့ ဂိုးသမားတစ်ယောက်ဖြစ်နေပြီး ကက်စ်မီရိုက အင်္ဂလိပ်စကားသိပ်မတတ်လို့

ရော်နယ်ဒိုကိုအသင်းခေါင်းဆောင်အဖြစ် တန်ဟတ်ကတာဝန်ပေးအပ်ခဲ့ပါသေးတယ်။

(Zawgyi)

ဂိုးေပါက္တည့္ကန္ခ်က္ထက္ ျပစ္ဒဏ္ေဘာက်ဴးလြန္မႈပိုမ်ားေနတဲ့ ေရာ္နယ္ဒို

ယူႏိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ဂိုးေပါက္တည့္ကန္ခ်က္ထက္ သူ႔ရဲ႕ျပစ္ဒဏ္ေဘာက်ဴးလြန္မႈကပိုမ်ားေနတယ္လို႔ Sport bible ကေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၇ႏွစ္ အ႐ြယ္ေရာ္နယ္ဒိုဟာ ေနာက္ဆုံးကစားခဲ့တဲ့ ဗီလာနဲ႔ပြဲစဥ္မွာ ဂိုးေပါက္ေပ်ာက္ခဲ့သလို ဒီရာသီမွာသူနဲ႔အလြန္ရင္းႏွီးတဲ့သြင္းဂုိးေတြအတြက္ ရုန္းကန္ေနရဆဲ ျဖစ္တယ္။

ၿပိဳင္ပြဲစုံ ၁၆ပြဲမွာ ၃ဂိုးသာသြင္းထားႏိုင္တဲ့ ေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္မွာေတာ့ အဲဗာတန္နဲ႔ပြဲစဥ္တစ္ပြဲသာဂိုးသြင္းႏိုင္ခဲ့တာျဖစ္တယ္။ ဒါေၾကာင့္

ေဆာင္းရာသီကမာၻ႔ဖလားမွာ ေပၚတူဂီအသင္းထာ၀ရဂိုးသြင္းအမ်ားဆုံးျဖစ္တဲ့ ေရာ္နယ္ဒိုကိုေမ့လိုက္ရေတာ့မလိုျဖစ္ၿပီး

ပရိသတ္ေတြကသံသယမ်က္လုံးနဲ႔ေစာင့္ ​ၾကည့္ေနၾကၿပီျဖစ္တယ္။ ဗီလာနဲ႔ပြဲအၿပီးစစ္တမ္းအရ ေရာ္နယ္ဒိုဟာ

ဒီရာသီပရီးမီးယားလိဂ္မွာ ျပစ္ဒဏ္က်ဴးလြန္တဲ့အႀကိမ္ေရ ၇ႀကိမ္ရွိခဲ့ၿပီး ဂိုးေပါက္တည့္ကန္သြင္းခ်က္ကေတာ့ ၆ႀကိမ္သာရွိတာေတြ႕ခဲ့ရပါတယ္။

ဂိုးေပါက္တည့္ခဲ့တဲ့ ၆ ႀကိမ္မွာ ေပၚတူဂီတိုက္စစ္မႉးသြင္းဂိုး တစ္ဂိုးသာရခဲ့တာျဖစ္တယ္။ ဆိုစီဒက္၊ ဗီလာတို႔နဲ႔ပြဲစဥ္ေတြမွာ

တန္ဟတ္ဟာမိုက္မဲ တဲ့ျဖတ္တင္ေဘာေတြနဲ႔ ေရာ္နယ္ဒိုဂိုးေပါက္ရွာေတြ႕ဖို႔အတြက္ ႀကိဳးစားခဲ့တာေတြက အသင္းအတြက္ေတာ့ေၾကကြဲစရာျဖစ္ခဲ့တာပါ။

ဒါ့အျပင္ ဗီလာနဲ႔ပြဲမွာအသင္းေခါင္း ေဆာင္မက္ဂြိဳင္းယားမပါဝင္ခဲ့သလို ဒီဂီယာကလည္းကြင္းတြင္းကစားသမားေတြနဲ႔

နီးနီးစပ္စပ္မရွိတဲ့ ဂိုးသမားတစ္ေယာက္ျဖစ္ေနၿပီး ကက္စ္မီ႐ိုက အဂၤလိပ္စကားသိပ္မတတ္လို႔ ေရာ္နယ္ဒိုကိုအသင္းေခါင္းေဆာင္အျဖစ္ တန္ဟတ္ကတာဝန္ေပးအပ္ခဲ့ပါေသးတယ္။