
ပြီးခဲ့တဲ့တနင်္ဂနွေညက ဂလက်ဘတ်နဲ့ကစားခဲ့တဲ့ပွဲဟာ
ဒေါ့မန်တိုက်စစ်မှုးမာကိုရူးစ်အတွက် သာမန်ထက်ပွဲတစ်ပွဲထက် ပိုမိုခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ အသင်းဟောင်းနဲ့တွေ့တဲ့ပွဲဖြစ်သလို
အဲဒီပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၅ ကြိမ်နဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့လို့ပါ။
ကြားရက်ယူရိုပါလိဂ်မှာ မမျှော်လင့်ဘဲ ရိန်းဂျားစ်ကို ဂိုးပြတ်ရှုံးခဲ့တဲ့
ဒေါ့မန်ဟာ ဂလက်ဘတ်ကို ဂိုးဒါဇင်ဝက်သွင်းပြီးတော့
အကောင်းဆုံးပြန်လည်ရုန်းထနိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဒေါ့မန်ဟာ ပထမပိုင်းပြီးချိန်အထိ မာကိုရူးစ်ရဲ့သွင်းဂိုး၊
ဂိုးဖန်တီးမှုတို့နဲ့ ၂-၀ နဲ့သာ အနိုင်ရနေတာပါ။
မိနစ် ၇၀ ကစပြီး နောက်ပိုင်းမှာမှ
နောက်ထပ် ၄ ဂိုးဆက်တိုက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၄ ဂိုးမှာ မာကိုရူးစ်ဟာ ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့ကာ
စုစုပေါင်း တစ်ပွဲတည်းမှာတင် ၂ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးနိုင်ခဲ့တာပါ။
ဒါတောင် နာကျင်အချိန်ပိုမှာ ပင်နယ်တီရတော့ မာကိုရူးစ်ဟာ
သူကိုယ်တိုင်ကန်သွင်းရင် ဟက်ထရစ်ရနိုင်မှာဖြစ်ပေမယ့်
အဲဒီအစား ကွင်းလယ်လူအမ်မရီကန်ကိုသာ ပေးကန်ခဲ့ပါတယ်။
မာကိုရူးစ်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်လေးကမှ ဂလက်ဘတ်ကနေ
အမေရိကန်ဒေါ်လာ ၁၉ သန်းနဲ့ ဒေါ့မန်ကို ရောက်လာခဲ့တာပါ။
အဲဒီနောက်ပိုင်းကတည်းက သူဟာ အသင်းဟောင်းဂလက်ဘတ်နဲ့
တွေ့ဆုံမှုတွေမှာ အမြဲလိုဒုက္ခပေးနိုင်သူ ဖြစ်ခဲ့ပါတယ်။
အသင်းဟောင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၁၆ ပွဲမှာ မာကိုရူးစ်ဟာ ၁၁ ဂိုးသွင်း၊
၁၀ ဂိုးဖန်တီးနိုင်ခဲ့ပြီး ၁၃ ပွဲအနိုင်ရကာ ၂ ပွဲသာ ရှုံးခဲ့တာပါ။
zawgyi
အသင္းေဟာင္းနဲ႔ေတြ႕ဆုံမႈေတြမွာ အၿမဲလိုဒုကၡေပးႏိုင္တဲ့ မာကို႐ူးစ္
ၿပီးခဲ့တဲ့တနဂၤေႏြညက ဂလက္ဘတ္နဲ႔ကစားခဲ့တဲ့ပြဲဟာ
ေဒါ့မန္တိုက္စစ္မႈးမာကို႐ူးစ္အတြက္ သာမန္ထက္ပြဲတစ္ပြဲထက္ ပိုမိုခဲ့ပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ အသင္းေဟာင္းနဲ႔ေတြ႕တဲ့ပြဲျဖစ္သလို
အဲဒီပြဲမွာ ဂိုးပါဝင္ပတ္သက္မႈ ၅ ႀကိမ္နဲ႔ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့လို႔ပါ။
ၾကားရက္ယူ႐ိုပါလိဂ္မွာ မေမွ်ာ္လင့္ဘဲ ရိန္းဂ်ားစ္ကို ဂိုးျပတ္ရႈံးခဲ့တဲ့
ေဒါ့မန္ဟာ ဂလက္ဘတ္ကို ဂိုးဒါဇင္ဝက္သြင္းၿပီးေတာ့
အေကာင္းဆုံးျပန္လည္႐ုန္းထႏိုင္ခဲ့ပါတယ္။
အဲဒီပြဲမွာ ေဒါ့မန္ဟာ ပထမပိုင္းၿပီးခ်ိန္အထိ မာကို႐ူးစ္ရဲ႕သြင္းဂိုး၊
ဂိုးဖန္တီးမႈတို႔နဲ႔ ၂-၀ နဲ႔သာ အႏိုင္ရေနတာပါ။
မိနစ္ ၇၀ ကစၿပီး ေနာက္ပိုင္းမွာမွ
ေနာက္ထပ္ ၄ ဂိုးဆက္တိုက္သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။
အဲဒီ ၄ ဂိုးမွာ မာကို႐ူးစ္ဟာ ၁ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏိုင္ခဲ့ကာ
စုစုေပါင္း တစ္ပြဲတည္းမွာတင္ ၂ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။
ဒါေတာင္ နာက်င္အခ်ိန္ပိုမွာ ပင္နယ္တီရေတာ့ မာကို႐ူးစ္ဟာ
သူကိုယ္တိုင္ကန္သြင္းရင္ ဟက္ထရစ္ရႏိုင္မွာျဖစ္ေပမယ့္
အဲဒီအစား ကြင္းလယ္လူအမ္မရီကန္ကိုသာ ေပးကန္ခဲ့ပါတယ္။
မာကို႐ူးစ္ဟာ လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္ေလးကမွ ဂလက္ဘတ္ကေန
အေမရိကန္ေဒၚလာ ၁၉ သန္းနဲ႔ ေဒါ့မန္ကို ေရာက္လာခဲ့တာပါ။
အဲဒီေနာက္ပိုင္းကတည္းက သူဟာ အသင္းေဟာင္းဂလက္ဘတ္နဲ႔
ေတြ႕ဆုံမႈေတြမွာ အၿမဲလိုဒုကၡေပးႏိုင္သူ ျဖစ္ခဲ့ပါတယ္။
အသင္းေဟာင္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၁၆ ပြဲမွာ မာကို႐ူးစ္ဟာ ၁၁ ဂိုးသြင္း၊
၁၀ ဂိုးဖန္တီးႏိုင္ခဲ့ၿပီး ၁၃ ပြဲအႏိုင္ရကာ ၂ ပြဲသာ ရႈံးခဲ့တာပါ။