ဂိုးတွေသွင်းပြီး မှတ်တမ်းကောင်းရယူနေတဲ့ ဂျရူး

စီးရီးအေပွဲစဉ်တစ်ပွဲဖြစ်တဲ့ အေစီမီလန်အသင်းနဲ့ တိုရီနိုတို့ရဲ့ပွဲမှာ သူရဲကောင်း

ဖြစ်ခဲ့သူက ပြင်သစ်တိုက်စစ်မှူး ဂျရူးဖြစ်ခဲ့ပြီး သူက အသင်းအတွက် အရေးပါတဲ့

၃မှတ်တန်တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ တိုရီနိုအသင်းအား အနိုင်ရခဲ့ပြီးနောက် ယခုရာသီ

စီးရီးအေပွဲစဉ် (၁၀)ပွဲကစားပြီးချိန်တွင် (၉)ပွဲနိုင်၊ (၁)ပွဲသရေရလဒ်ကိုရရှိခဲ့ပါတယ်။

အဲဒီရလဒ်မှာ အေစီမီလန်အသင်းအတွက် စီးရီးအေပြိုင်ပွဲသမိုင်းတွင် ၁၉၅၄-၅၅

ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးမှာလည်း ဘာလော့တယ်လီ (၂၀၁၃) နောက်ပိုင်း

ပထမဆုံးကစားတဲ့ စီးရီးအေအိမ်ကွင်းပွဲစဉ် (၃)ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့

ကစားသမားဖြစ်လာခဲ့ပါတယ်။

ဂျရူးဟာ ကယ်ဂလီရာရီကို ၄ဂိုး-၁ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး၂ဂိုး၊ ဗီရိုနာနဲ့ ၃ဂိုး-၂ဂိုးနဲ့

နိုင်တဲ့ပွဲမှာ come back ပြန်လာနိုင်မဲ့ပထမချေပဂိုးဂိုးကိုသွင်းယူခဲ့ပြီး ယခုတိုရီနိုနဲ့ပွဲမှ

ာတော့ တစ်လုံးတည်းသောအနိုင်ဂိုးကို ဆန်စီရိုကွင်းအတွင်းသွင်းယူပေးနိုင်ခဲ့တာ

ကြောင့် ဂိုး၄ဂိုးနဲ့ ရမှတ်၉မှတ်ယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဲ ဒီပွဲကရရှိခဲ့တဲ့၃မှတ်ကြောင့် ရော့ဆိုနာရီတို့ဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကို

တစ်ပွဲပိုကစား၊ ရမှတ်၂၈မှတ်နဲ့တက်လှမ်းသွားနိုင်ခဲ့ပြီး ဒုတိယနေရာကနာပိုလီတို့ကို

၃မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Zawgyi















ကြောင့် ဂိုး၎ဂိုးနဲ့ ရမှတ်၉မှတ်ယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


