
မနေ့က ပွဲမှာ အက်စတွန်ဗီလာအသင်းအနေနဲ့ ဘိုင်လီနာသွားတဲ့
သူတို့ရဲ့ ညာတောင်ပံကို လူငယ်ကစားသမား ရမ်ဆေးနဲ့ အစားထိုးခဲ့ရပြီး
ဘယ်နောက်ခံမှာလည်း တားဂက် ဒဏ်ရာ ရထားလို့ အက်ရှ်လီယန်း
ပါဝင်လာခဲ့ချိန်မှာ ကျန်ပွဲထွက်ကစားသမားတွေကိုတော့
အစုံအလင်ထုတ်သုံးပြီး လက်စတာကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပါတယ်။
အက်စတွန်ဗီလာနှင့်သူတို့ရဲ့ပရိသတ်များဟာလက်စတာနှင့်ပွဲစဉ်မှ
ဂိုးတစ်ဂိုးကိုခွင့်မပြုခဲ့မှုအတွက်အကြီးအကျယ်ဒေါသထွက်ခဲ့ကြပါတယ်။
တစ်ဖက်တစ်ဂိုးစီသရေကျနေချိန် ပထမပိုင်းပြီးခါနီး
နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ညာနောက်ခံလူ ကက်ရှ်က ခေါင်းတိုက်ချပေးတာကို
ရမ်ဆေးက ဂိုးသမား ရှမိုက်ကယ် ဖမ်းတာနဲ့အပြိုင် ကန်သွင်းပြီး
ဂိုးရယူနိုင်ခဲ့ပေမယ့် သိပ်ပြီး သဘာဝမကျတဲ့ စည်းမျဉ်းအရ ဂိုးသမားရဲ့
ဘောလုံးကို လုယူတယ်လို့ ပြစ်ဒဏ်ဘော သတ်မှတ်ခံရလို့ ဗီလာတို့
ကံဆိုးခဲ့ပြီး လက်စတာတို့ သက်သာခွင့်ရရှိခဲ့တာပါ။
အနှေးပြကွက်အရရှမိုက်ကယ်ဟာဘောလုံးကိုအလျင်အမြန်
ဖမ်းမိစဉ်ရမ်ဆေးကကန်သွင်းခဲ့တာတွေ့ရပါတယ်။ရှမိုက်ကယ်ဟာကွင်းမှာ
လဲကျနေစဉ်ဘောလုံးကိုအလျင်ဦးစွာထိမိခဲ့တယ်ဆိုပေမယ့်
အပြည့်အဝထိန်းချုပ်နိုင်တာမျိုးမဟုတ်ပါဘူး။ဘောလုံးစည်းမျဉ်း ၁၂အရ
ဂိုးသမားကဘောလုံးကိုကွင်းမြက်ခင်းတွင်လည်းကောင်း၊
လေထဲတွင်လည်းကောင်းလက်ဖြင့်ထိထားပါက
ဘောလုံးကိုထိန်းချုပ်ထားလိုက်ပြီလို့မှတ်ချက်ချကာ
ပြိုင်ဘက်ကစားသမားကလာထိလျှင်ပြစ်ဒဏ်ဘောအဖြစ်
သတ်မှတ်ပေးပါတယ်။နောက်ဆုံးမှာ ဗီလာဟာဒုတိယပိုင်းမှ
ကွန်ဆာရဲ့ဂိုးကြောင့်လက်စတာကို၂ဂိုး-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် မန်စီးတီးနဲ့ပွဲမှာ နိုင်ပွဲပျောက်ခဲ့ရတဲ့ ဗီလာနဲ့
နည်းပြ စတီဗင် ဂျရတ်တို့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအနိုင်နဲ့ ဝင့်ကြွားနိုင်ခဲ့ကြသလို
အဆင့် ၁၀ နေရာအထိ တက်ရောက်လာနိုင်ခဲ့ကြပြီး ပွဲမကစားက
သူတို့အထက်မှာ ရှိနေခဲ့တဲ့ လက်စတာကတော့ အဆင့် ၁၁ ကို
ဆင်းပေးခဲ့ရပါတယ်။ စတီဗင်ဂျရတ်ရဲ့ဗီလာဟာ
ယခုအပတ်အကုန်မှာလီဗာပူးနှင့်ရင်ဆိုင်ရပါမယ်။
zawgyi
ဂိုးတစ္ဂိုး အေဖ်ာင္ခံလိုက္ရတဲ့ ဂ်ရတ္ ရဲ႕ ဗီလာ
မေန႔က ပြဲမွာ အက္စတြန္ဗီလာအသင္းအေနနဲ႔ ဘိုင္လီနာသြားတဲ့
သူတို႔ရဲ႕ ညာေတာင္ပံကို လူငယ္ကစားသမား ရမ္ေဆးနဲ႔ အစားထိုးခဲ့ရၿပီး
ဘယ္ေနာက္ခံမွာလည္း တားဂက္ ဒဏ္ရာ ရထားလို႔ အက္ရွ္လီယန္း
ပါဝင္လာခဲ့ခ်ိန္မွာ က်န္ပြဲထြက္ကစားသမားေတြကိုေတာ့
အစုံအလင္ထုတ္သုံးၿပီး လက္စတာကို အိမ္ကြင္းမွာ ဧည့္ခံကစားခဲ့ပါတယ္။
အက္စတြန္ဗီလာႏွင့္သူတို႔ရဲ႕ပရိသတ္မ်ားဟာလက္စတာႏွင့္ပြဲစဥ္မွ
ဂိုးတစ္ဂိုးကိုခြင့္မျပဳခဲ့မႈအတြက္အႀကီးအက်ယ္ေဒါသထြက္ခဲ့ၾကပါတယ္။
တစ္ဖက္တစ္ဂိုးစီသေရက်ေနခ်ိန္ ပထမပိုင္းၿပီးခါနီး
နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ညာေနာက္ခံလူ ကက္ရွ္က ေခါင္းတိုက္ခ်ေပးတာကို
ရမ္ေဆးက ဂိုးသမား ရွမိုက္ကယ္ ဖမ္းတာနဲ႔အၿပိဳင္ ကန္သြင္းၿပီး
ဂိုးရယူႏိုင္ခဲ့ေပမယ့္ သိပ္ၿပီး သဘာဝမက်တဲ့ စည္းမ်ဥ္းအရ ဂိုးသမားရဲ႕
ေဘာလုံးကို လုယူတယ္လို႔ ျပစ္ဒဏ္ေဘာ သတ္မွတ္ခံရလို႔ ဗီလာတို႔
ကံဆိုးခဲ့ၿပီး လက္စတာတို႔ သက္သာခြင့္ရရွိခဲ့တာပါ။
အေႏွးျပကြက္အရရွမိုက္ကယ္ဟာေဘာလုံးကိုအလ်င္အျမန္
ဖမ္းမိစဥ္ရမ္ေဆးကကန္သြင္းခဲ့တာေတြ႕ရပါတယ္။ရွမိုက္ကယ္ဟာကြင္းမွာ
လဲက်ေနစဥ္ေဘာလုံးကိုအလ်င္ဦးစြာထိမိခဲ့တယ္ဆိုေပမယ့္
အျပည့္အဝထိန္းခ်ဳပ္ႏိုင္တာမ်ိဳးမဟုတ္ပါဘူး။ေဘာလုံးစည္းမ်ဥ္း ၁၂အရ
ဂိုးသမားကေဘာလုံးကိုကြင္းျမက္ခင္းတြင္လည္းေကာင္း၊
ေလထဲတြင္လည္းေကာင္းလက္ျဖင့္ထိထားပါက
ေဘာလုံးကိုထိန္းခ်ဳပ္ထားလိုက္ၿပီလို႔မွတ္ခ်က္ခ်ကာ
ၿပိဳင္ဘက္ကစားသမားကလာထိလွ်င္ျပစ္ဒဏ္ေဘာအျဖစ္
သတ္မွတ္ေပးပါတယ္။ေနာက္ဆုံးမွာ ဗီလာဟာဒုတိယပိုင္းမွ
ကြန္ဆာရဲ႕ဂိုးေၾကာင့္လက္စတာကို၂ဂိုး-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ဒီပြဲရလဒ္ေၾကာင့္ မန္စီးတီးနဲ႔ပြဲမွာ ႏိုင္ပြဲေပ်ာက္ခဲ့ရတဲ့ ဗီလာနဲ႔
နည္းျပ စတီဗင္ ဂ်ရတ္တို႔ ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲအႏိုင္နဲ႔ ဝင့္ႂကြားႏိုင္ခဲ့ၾကသလို
အဆင့္ ၁၀ ေနရာအထိ တက္ေရာက္လာႏိုင္ခဲ့ၾကၿပီး ပြဲမကစားက
သူတို႔အထက္မွာ ရွိေနခဲ့တဲ့ လက္စတာကေတာ့ အဆင့္ ၁၁ ကို
ဆင္းေပးခဲ့ရပါတယ္။ စတီဗင္ဂ်ရတ္ရဲ႕ဗီလာဟာ
ယခုအပတ္အကုန္မွာလီဗာပူးႏွင့္ရင္ဆိုင္ရပါမယ္။