ဂါလာတာစာရေးနောက်ခံလူတွေကို ပုံစံအမျိုးမျိုးနဲ့ ကစေခဲ့တဲ့ ပက်ဒရီရဲ့ မှော်ဝင်သွင်းဂိုး

ဘာစီလိုနာကွင်းလယ်လူ ပက်ဒရီဟာ ဂါလာတာစာရေးနဲ့ပွဲမှာ

အံ့ဖွယ်မှော်ဝင်သွင်းဂိုးတစ်ဂိုး သွင်းပြရင်း ဥရောပ
ဘောလုံးလောကရဲ့ အတောက်ပဆုံးလူငယ်တစ်ဦးအဖြစ်
ဘာဖြစ်လို့ရပ်တည်နေတာလဲဆိုတာ ထပ်မံသက်သေပြသွားပါတယ်။
ဘာစီလိုနာဟာ ယူရိုပါလိဂ် ၁၆သင်းအဆင့် ဒု-အကျော့ပွဲစဉ်အဖြစ်
တူရကီမြေမှာ အိမ်ရှင်ဂါလာတာစာရေးနဲ့ ရင်ဆိုင်ခဲ့ရာမှာ

ပွဲချိန် ၂၈ မိနစ်အရောက် မာရာအိုရဲ့ဂိုးကြောင့်
နောက်ကနေ လိုက်ကစားခဲ့ပေမယ့် ဦးဆောင်ဂိုးပေးအပြီး
၁၀ မိနစ်မပြည့်ခင်မှာပဲ ပက်ဒရီက ရှုမောဖွယ်သွင်းဂိုးနဲ့
ဘာစီလိုနာအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
စပိန်လက်ရွေးစင် ပက်ဒရီဟာ ပင်နယ်တီဧရိယာအတွင်း

မန်စီးတီးတိုက်စစ်မှူးဟောင်း ဖာရန်တောရက်စ်
ချပေးလိုက်တာကို ကန်သွင်းမလိုဟန်ပြင်ရင်း
ဇွတ်တိုးဝင်လာတဲ့ ဂါလာတာစာရေးနောက်ခံလူ နှစ်ယောက်ကို
ဆက်တိုက်ဆိုသလို ပုံစံမျိုးစုံနဲ့ ကစေခဲ့ပြီးမှ
အေးဆေးကန်သွင်းလိုက်တာဖြစ်ပါတယ်။

ဒီဂိုးနဲ့ပတ်သက်လို့ ပရိသတ်တွေက
လူမှုမီဒီယာမှာ ၂၀၂၁ Golden Boy ဆုရှင်
ပက်ဒရီကို ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။
”ဒီကောင်လေးက တကယ့်ကို မှော်ပညာရှင်လေးပဲ”
”ပက်ဒရီရဲ့ အံ့ဖွယ်သွင်းဂိုးပါပဲ”လို့

ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ပွဲချိန် ၄၉ မိနစ်မှာ
သွင်းယူခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းရဲ့
အနိုင်ဂိုးကြောင့် တူရကီမြေမှာ ၁-၂ ဂိုးနဲ
အနိုင်ယူပြီး နှစ်ကျော့ပေါင်း ၂-၁ ဂိုးနဲ့ပဲ

ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။

Zawgyi

ဂါလာတာစာေရးေနာက္ခံလူေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ကေစခဲ့တဲ့ ပက္ဒရီရဲ႕ ေမွာ္၀င္သြင္းဂိုး

ဘာစီလိုနာကြင္းလယ္လူ ပက္ဒရီဟာ ဂါလာတာစာေရးနဲ႔ပြဲမွာ
အံ့ဖြယ္ေမွာ္၀င္သြင္းဂိုးတစ္ဂိုး သြင္းျပရင္း ဥေရာပ
ေဘာလုံးေလာကရဲ႕ အေတာက္ပဆုံးလူငယ္တစ္ဦးအျဖစ္
ဘာျဖစ္လုိ႔ရပ္တည္ေနတာလဲဆုိတာ ထပ္မံသက္ေသျပသြားပါတယ္။
ဘာစီလုိနာဟာ ယူရိုပါလိဂ္ ၁၆သင္းအဆင့္ ဒု-အေက်ာ့ပြဲစဥ္အျဖစ္

တူရကီေျမမွာ အိမ္ရွင္ဂါလာတာစာေရးနဲ႔ ရင္ဆုိင္ခဲ့ရာမွာ
ပြဲခ်ိန္ ၂၈ မိနစ္အေရာက္ မာရာအိုရဲ႕ဂိုးေၾကာင့္
ေနာက္ကေန လုိက္ကစားခဲ့ေပမယ့္ ဦးေဆာင္ဂိုးေပးအၿပီး
၁၀ မိနစ္မျပည့္ခင္မွာပဲ ပက္ဒရီက ရႈေမာဖြယ္သြင္းဂိုးနဲ႔
ဘာစီလုိနာအတြက္ ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

စပိန္လက္ေရြးစင္ ပက္ဒရီဟာ ပင္နယ္တီဧရိယာအတြင္း
မန္စီးတီးတုိက္စစ္မွဴးေဟာင္း ဖာရန္ေတာရက္စ္
ခ်ေပးလုိက္တာကို ကန္သြင္းမလုိဟန္ျပင္ရင္း
ဇြတ္တုိး၀င္လာတဲ့ ဂါလာတာစာေရးေနာက္ခံလူ ႏွစ္ေယာက္ကို
ဆက္တုိက္ဆိုသလုိ ပုံစံမ်ိဳးစုံနဲ႔ ကေစခဲ့ၿပီးမွ

ေအးေဆးကန္သြင္းလုိက္တာျဖစ္ပါတယ္။
ဒီဂိုးနဲ႔ပတ္သက္လုိ႔ ပရိသတ္ေတြက
လူမႈမီဒီယာမွာ ၂၀၂၁ Golden Boy ဆုရွင္
ပက္ဒရီကို ၀ိုင္း၀န္းခ်ီးက်ဴးခ့ဲၾကပါတယ္။
”ဒီေကာင္ေလးက တကယ့္ကို ေမွာ္ပညာရွင္ေလးပဲ”

”ပက္ဒရီရဲ႕ အံ့ဖြယ္သြင္းဂိုးပါပဲ”လုိ႔
ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။
ဘာစီလုိနာအသင္းဟာ ပြဲခ်ိန္ ၄၉ မိနစ္မွာ
သြင္းယူခဲ့တဲ့ တုိက္စစ္မွဴး အူဘာမီယန္းရဲ႕
အႏိုင္ဂုိးေၾကာင့္ တူရကီေျမမွာ ၁-၂ ဂိုးနဲ

အႏိုင္ယူၿပီး ႏွစ္ေက်ာ့ေပါင္း ၂-၁ ဂိုးနဲ႔ပဲ
ယူရိုပါလိဂ္မွာ ကြာတားဖုိင္နယ္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။