ဂါနာချို ဘယ်လောက်ကောင်းကောင်း ပရော်ဖက်ရှင်နယ် ပီသဖို့ လိုနေသေးတယ်ဆိုတဲ့ တန်ဟတ်

ဗီလာနဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်ကနေ လူစားဝင်လာပြီး ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ မန်ယူအသင်းကြီးနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရဖို့ဆိုတာဟာ ဂါနာချိုအနေနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်

စိတ်ဓာတ်ရေးရာ အပေါ်မှာပဲ မူတည်နေတယ်လို့ နည်းပြအဲရစ်တန်ဟတ်က သတိပေးလိုက်ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပေမဲ့ မန်ယူနဲ့အတူ တက်သစ်စ

ခြေစွမ်းမျိုးကို ပိုင်ဆိုင်နေပြီး ဗီလာနဲ့ပွဲစဉ်မှာလည်း ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဂါနာချိုဟာ အာဂျင်တီးနား ယူ-၂၀ လက်ရွေးစင် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

နောက်ပြီး ဒီ ကစားသမားလေးဟာ ပြီးခဲ့တဲ့ လက ကစားခဲ့တဲ့ ရှရစ်ဖ်နဲ့ ယူရို ပါလိဂ်ပွဲစဉ်မှာလည်းမန်ယူအတွက် ပထမဆုံးအကြိမ် ဦးစားပေး ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲချိန်ပြည့်

ပါဝင်ကစားပေး သွားခဲ့ပါတယ်။ အဲဒီနောက် ဆို စီဒက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားပါ။ ဒီလို အလားအလာကောင်းတဲ့

ခြေစွမ်းမျိုးတွေရှိနေပေမဲ့လည်း ဂါနာချိုရဲ့ ပွဲထွက်ခွင့်ဟာ အဲဒီအကြောင်းတရားတွေအပေါ် မူတည်နေတာမျိုး မဟုတ်ဘဲ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှု စံနှုန်းတွေ အပေါ်မှာသာ မူတည်နေတယ်လို့

တန်ဟတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်း နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ ပြောဆိုမှုတွေအရ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေမှာ ဂါနာချိုဟာ သတ်မှတ်ချိန်ထက် နောက်ကျပြီး

ရောက်လာတာက ၂ ကြိမ်တောင် ရှိခဲ့တာကြောင့် ဒီလိုမျိုး ပရော်ဖက်ရှင်နယ် မပီသတာတွေကို တန်ဟတ်က မကြိုက်ခဲ့ဘူးလို့ သိရပါတယ်။ ‘’သူဝင်လာပြီး စွမ်းဆောင်ရည်တွေကို ပြသတာဟာ

ကောင်းပါတယ်။ နောက်ပြီး ပွဲအပေါ်မှာလည်း ထိရောက်မှုရှိခဲ့ပါတယ်။ ဖန်တီးမှုတွေလည်း လုပ်နိုင်တာမျိုးလေ။ လိမ်ခေါက်လှည့်ဖြားမှုတွေလည်း လုပ်နိုင်ပြီး ပြေးပြေးလွှားလွှား ကစားနိုင်တယ်။

သူက လေ့လာသင်ယူမှုတွေတော့ လုပ်ရဖို့ ရှိနေ ပါသေးတယ်။ သူ့ရဲ့ တိုးတက်လာမှုကြောင့် ကျွန်တော်တို့ ကျေနပ်ရပါတယ်။ သူကအသင်းကို ကူညီပေးနိုင်ပါတယ်။

အဲဒါက သူ့ရဲ့ ချဉ်းကပ်ပုံအပေါ် မူ တည်ပါတယ်။ သူ့ရဲ့ စိတ်ဓာတ်ရေးရာပေါ့။ သူဒီအတိုင်း ဆက်ပြီး ကြိုးစားမယ်ဆိုရင်တော့ ကစားချိန်ပိုပြီး ရလာမှာပါ’’ လို့ နည်းပြတန်ဟတ်က Sky Sport

သတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ဂါနာခ်ိဳ ဘယ္ေလာက္ေကာင္းေကာင္း ပေရာ္ဖက္ရွင္နယ္ ပီသဖို႔ လိုေနေသးတယ္ဆိုတဲ့ တန္ဟတ္

ဗီလာနဲ႔ပြဲစဥ္မွာ အရန္ကစားသမားအျဖစ္ကေန လူစားဝင္လာၿပီး ေျခစြမ္းျပႏိုင္ခဲ့ေပမဲ့ မန္ယူအသင္းႀကီးနဲ႔အတူ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ဆိုတာဟာ ဂါနာခ်ိဳအေနနဲ႔ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ စိတ္ဓာတ္ေရးရာ

အေပၚမွာပဲ မူတည္ ေနတယ္လို႔ နည္းျပအဲရစ္ တန္ဟတ္က သတိေပးလိုက္ပါတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးေပမဲ့ မန္ယူနဲ႔အတူ တက္သစ္စ ေျခစြမ္းမ်ိဳးကို ပိုင္ဆိုင္ ေနၿပီး ဗီလာနဲ႔ပြဲစဥ္မွာလည္း

ဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ဂါနာခ်ိဳဟာ အာဂ်င္တီးနား ယူ-၂၀ လက္ေ႐ြးစင္ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ ေနာက္ၿပီး ဒီ ကစားသမားေလးဟာ ၿပီးခဲ့တဲ့ လက ကစားခဲ့တဲ့ ရွရစ္ဖ္နဲ႔

ယူ႐ို ပါလိဂ္ပြဲစဥ္မွာလည္းမန္ယူအတြက္ ပထမဆုံးအႀကိမ္ ဦးစားေပး ပြဲထြက္ခြင့္ရခဲ့ၿပီး ပြဲခ်ိန္ျပည့္ ပါဝင္ကစားေပး သြားခဲ့ပါတယ္။ အဲဒီေနာက္ ဆို စီဒက္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့

ယူ႐ိုပါလိဂ္ ပြဲစဥ္မွာေတာ့ အသင္းအတြက္ ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားပါ။ ဒီလို အလားအလာေကာင္းတဲ့ ေျခ စြမ္းမ်ိဳးေတြရွိေနေပမဲ့လည္း ဂါနာခ်ိဳရဲ႕ ပြဲထြက္ခြင့္ဟာ

အဲဒီအေၾကာင္းတရား ေတြအေပၚ မူတည္ေနတာမ်ိဳး မဟုတ္ဘဲ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမႈ စံႏႈန္းေတြ အေပၚမွာသာ မူတည္ေနတယ္လို႔ တန္ဟတ္က ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

မန္ယူအသင္း နီးစပ္တဲ့အသိုင္းအဝိုင္းရဲ႕ ေျပာဆိုမႈေတြအရ ရာသီႀကိဳ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ ဂါနာခ်ိဳဟာ သတ္မွတ္ခ်ိန္ထက္ ေနာက္က်ၿပီး ေရာက္လာတာက ၂ ႀကိမ္ေတာင္

ရွိခဲ့တာေၾကာင့္ ဒီလိုမ်ိဳး ပေရာ္ဖက္ရွင္နယ္ မပီသတာေတြကို တန္ဟတ္က မႀကိဳက္ခဲ့ဘူးလို႔ သိရပါ တယ္။ ‘’သူဝင္လာၿပီး စြမ္းေဆာင္ရည္ေတြကို ျပသတာဟာ

ေကာင္းပါတယ္။ ေနာက္ၿပီး ပြဲအေပၚမွာလည္း ထိေရာက္မႈ ရွိခဲ့ပါတယ္။ ဖန္တီးမႈေတြလည္း လုပ္ႏိုင္တာမ်ိဳးေလ။ လိမ္ေခါက္လွည့္ျဖားမႈေတြလည္း လုပ္ႏိုင္ၿပီး

ေျပးေျပး လႊားလႊား ကစားႏိုင္တယ္။ သူက ေလ့လာသင္ယူမႈေတြေတာ့ လုပ္ရဖို႔ ရွိေန ပါေသးတယ္။ သူ႔ရဲ႕ တိုးတက္လာမႈေၾကာင့္ ကြၽန္ေတာ္တို႔ ေက်နပ္ရပါတယ္။

သူကအသင္းကို ကူညီေပးႏိုင္ပါတယ္။ အဲဒါက သူ႔ရဲ႕ ခ်ဥ္းကပ္ပုံအေပၚ မူ တည္ပါတယ္။ သူ႔ရဲ႕ စိတ္ဓာတ္ေရးရာေပါ့။ သူဒီအတိုင္း ဆက္ၿပီး ႀကိဳးစား မယ္ဆိုရင္ေတာ့

ကစားခ်ိန္ပိုၿပီး ရလာမွာပါ’’ လို႔ နည္းျပတန္ဟတ္က Sky Sport သတင္းဌာနကို ေျပာဆိုသြားခဲ့ပါတယ္။