
ယူနိုက်တက်ဟာ သမိုင်းတစ်လျှောက် ဘယ်ကစားသမားကိုမှ





မချုပ်ကိုင်ဖူးတဲ့ပုံစံနဲ့ ဂါနာချိုကိုစာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေပါတယ်။
အသက် ၁၈နှစ်အရွယ်ကစားသမားလေးဟာ ယူနိုက်တက်





စီနီယာအသင်းမှာ အကောင်းဆုံးစတင်နိုင်ခဲ့သလို ဒီရာသီ ၁၆ပွဲ မှာ
၂ဂိုးသွင်း၊ ၄ကြိမ် ဖန်တီးထားနိုင်တာဖြစ်တယ်။ နည်းပြတန်ဟတ်ဟာ
ဂါနာချိုရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်နေသလို ရော်နယ်ဒို





ထွက်ခွာပြီး ဆန်ချိုမရှိချိန်မှာ အာဂျင်တီးနားကြယ်ပွင့်လေးကို
အများကြီးမျှော်လင့်ထားခဲ့ပါတယ်။ ဂါနာချိုနဲ့ ယူနိုက်တက်တို့ရဲ့





လက်ရှိစာချုပ်ဟာ ၂၀၂၄ အထိရှိနေပြီး ပိုမိုကောင်းမွန်တဲ့
စည်းကမ်းချက်တွေနဲ့ချုပ်နှောင်ဖို့ပြင်ဆင်နေတာဖြစ်တယ်။
တောင်ပံကစားသမားလေးဟာ တစ်ပတ်လုပ်ခ ပေါင် ၃၂၀၀၀၀ နဲ့





နှစ်ရှည်စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ Daily Mirror သတင်းစာရဲ့
သတင်းထောက် ဆီမွန်ဘိတ်စ်က အသိပေးခဲ့ပါတယ်။





ဂါနာချိုရဲ့ ကိုယ်စားလှယ်တွေဘက်က ကနဦးကမ်းလှမ်းခဲ့တဲ့
တစ်ပတ် ပေါင် ၂၀၀၀၀ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့လည်း
သတင်းထွက်ထားတာဖြစ်တယ်။ ဒါပေမဲ့ ယူနိုက်တက်ဘက်ကတော့





ဂါနာချိုနဲ့ပက်သတ်လို့ နောက်တစ်ဆင့်တက်ဖို့အဆင်သင့်ဖြစ်နေပါတယ်။
အခြားတစ်ဖက်မှာတော့ အာဂျင်တီးနားကြယ်ပွင့်ကို ရီးရဲလ်က





စိတ်ဝင်စားနေတာဖြစ်တယ်။ ယူနိုက်တက်ဘက်က ဒါကိုတုံ့ပြန်ဖို့အတွက်
၈နှစ်စာချုပ်သစ်ချုပ်ဆိုဖို့မျှော်လင့်နေပြီး ကစားသမားကတော့
၄ နှစ်စာချုပ်ချုပ်ဆိုလိုနေပါတယ်။ သရဲနီတွေဘက်ကတော့





စာချုပ်သစ်ထဲမှာ သမိုင်းတစ်လျှောက်ဘယ်ကစားသမားကိုမှ
မချုပ်ကိုင်ခဲ့ဖူးတဲ့ စာချုပ်ဖျက်ကြေးမရှိဆိုတဲ့အနေအထားနဲ့





ချုပ်ကိုင်သွားမှာဖြစ်တယ်။ နည်းပြတန်ဟတ်ကတော့
ပင်ကိုယ်စွမ်းရည်ကောင်းတဲ့ ဂါနာချိုကိုပြုစုပျိုးထောင်ဖို့
လိုအပ်သေးတယ်လို့ခံယူထားတာပါ။





zawgyi
ဂါနာခ်ိဳအတြက္ စာခ်ဳပ္ဖ်က္ေၾကးလုံးဝမရွိဆိုတဲ့ပုံစံနဲ႔ ခ်ဳပ္ကိုင္ဖို႔ ယူႏိုက္တက္ ျပင္ဆင္ေန





ယူႏိုက္တက္ဟာ သမိုင္းတစ္ေလွ်ာက္ ဘယ္ကစားသမားကိုမွ
မခ်ဳပ္ကိုင္ဖူးတဲ့ပုံစံနဲ႔ ဂါနာခ်ိဳကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ျပင္ဆင္ေနပါတယ္။
အသက္ ၁၈ႏွစ္အ႐ြယ္ကစားသမားေလးဟာ ယူႏိုက္တက္





စီနီယာအသင္းမွာ အေကာင္းဆုံးစတင္ႏိုင္ခဲ့သလို ဒီရာသီ ၁၆ပြဲ မွာ
၂ဂိုးသြင္း၊ ၄ႀကိမ္ ဖန္တီးထားႏိုင္တာျဖစ္တယ္။ နည္းျပတန္ဟတ္ဟာ





ဂါနာခ်ိဳရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္ေနသလို ေရာ္နယ္ဒို
ထြက္ခြာၿပီး ဆန္ခ်ိဳမရွိခ်ိန္မွာ အာဂ်င္တီးနားၾကယ္ပြင့္ေလးကို
အမ်ားႀကီးေမွ်ာ္လင့္ထားခဲ့ပါတယ္။ ဂါနာခ်ိဳနဲ႔ ယူႏိုက္တက္တို႔ရဲ႕





လက္ရွိစာခ်ဳပ္ဟာ ၂၀၂၄ အထိရွိေနၿပီး ပိုမိုေကာင္းမြန္တဲ့
စည္းကမ္းခ်က္ေတြနဲ႔ခ်ဳပ္ေႏွာင္ဖို႔ျပင္ဆင္ေနတာျဖစ္တယ္။





ေတာင္ပံကစားသမားေလးဟာ တစ္ပတ္လုပ္ခ ေပါင္ ၃၂၀၀၀၀ နဲ႔
ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ စီစဥ္ေနတယ္လို႔ Daily Mirror သတင္းစာရဲ႕
သတင္းေထာက္ ဆီမြန္ဘိတ္စ္က အသိေပးခဲ့ပါတယ္။





ဂါနာခ်ိဳရဲ႕ ကိုယ္စားလွယ္ေတြဘက္က ကနဦးကမ္းလွမ္းခဲ့တဲ့
တစ္ပတ္ ေပါင္ ၂၀၀၀၀ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တယ္လို႔လည္း





သတင္းထြက္ထားတာျဖစ္တယ္။ ဒါေပမဲ့ ယူႏိုက္တက္ဘက္ကေတာ့
ဂါနာခ်ိဳနဲ႔ပက္သတ္လို႔ ေနာက္တစ္ဆင့္တက္ဖို႔အဆင္သင့္ျဖစ္ေနပါတယ္။
အျခားတစ္ဖက္မွာေတာ့ အာဂ်င္တီးနားၾကယ္ပြင့္ကို ရီးရဲလ္က





စိတ္ဝင္စားေနတာျဖစ္တယ္။ ယူႏိုက္တက္ဘက္က ဒါကိုတုံ႔ျပန္ဖို႔အတြက္
၈ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ေမွ်ာ္လင့္ေနၿပီး ကစားသမားကေတာ့





၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုေနပါတယ္။ သရဲနီေတြဘက္ကေတာ့
စာခ်ဳပ္သစ္ထဲမွာ သမိုင္းတစ္ေလွ်ာက္ဘယ္ကစားသမားကိုမွ
မခ်ဳပ္ကိုင္ခဲ့ဖူးတဲ့ စာခ်ဳပ္ဖ်က္ေၾကးမရွိဆိုတဲ့အေနအထားနဲ႔





ခ်ဳပ္ကိုင္သြားမွာျဖစ္တယ္။ နည္းျပတန္ဟတ္ကေတာ့
ပင္ကိုယ္စြမ္းရည္ေကာင္းတဲ့ ဂါနာခ်ိဳကိုျပဳစုပ်ိဳးေထာင္ဖို႔





လိုအပ္ေသးတယ္လို႔ခံယူထားတာပါ။