





တောင်ကိုရီးယားတိုက်စစ်မှူးချိုဂူဆန်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ
အတော်လေးစန်းပွင့်နေပြီး စကီလေးတွေရဲ့ အသည်းစွဲဖြစ်လာခဲ့တယ်။





ပြိုင်ပွဲမစတင်ခင်မှာ ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲ့
စတားပလေယာတစ်ယောက်အဖြစ်ရှိခဲ့ပေမဲ့ ဂါနာဘက်ကို
၂ ဂိုးသွင်းခဲ့ပြီးတဲ့နောက် လှပျိုဖြူလေးတွေရဲ့ပါးစပ်ဖျားမှာ





ချိုဂူဆန်းက ရေပန်းစားလာခဲ့တာဖြစ်တယ်။ တိုက်စစ်မှူးချိုဂူဆန်း
အတွက်တော့ ကာတာကမ္ဘာ့ဖလားဟာ အလှည့်အပြောင်းတစ်ခုလို့





ဆိုရမှာဖြစ်ပြီး ပြိုင်ပွဲမစတင်ခင်မှာ အင်စတာဂရမ် နောက်လိုက်
၂၀၀၀၀ လောက်ကနေ အခုတော့ followers ၁.၉ သန်းကျော်
ပိုင်ဆိုင်ခဲ့ပြီဖြစ်တယ်။ အထူးသဖြင့်တော့ ပေါ်တူဂီလိုဥရောပရဲ့





အင်အားကြီးကိုအနိုင်ယူပြီး ၁၆ သင်းအဆင့်တက်နိုင်ခဲ့တဲ့နောက်
တောင်ကိုရီးယားအသင်းသားတွေဟာ မီဒီယာတွေရဲ့ခေါင်းကြီးပိုင်းကို





ခုန်တက်လာပါတော့တယ်။ အကျိုးဆက်အနေနဲ့ကတော့ စကီလေးတွေရဲ့
အဆက်မပြတ်ဖုန်းခေါ်ဆိုမှုကြောင့် တိုက်စစ်မှူး ချိုဂူဆန်းက
သူ့ရဲ့ဖုန်းကိုပါဝါပိတ်ထားရတဲ့အထိဖြစ်လာခဲ့ပါတယ်။ အသင်းနဲ့





နီးစပ်သူတစ်ယောက်က “သူ့ဖုန်းက တစ်ချိန်လုံးအသံမြည်နေတဲ့အတွက်
အိပ်ရေးမဝပါဘူး။ ဘောလုံးဘက်ကိုအာရုံစိုက်နေပေမဲ့ မက်ဆေ့ချ်တွေက





တစ်ချိန်လုံးဝင်နေခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။
အသက် ၂၄နှစ်အရွယ်သာရှိသေးပြီး ရူပါလန်းတဲ့ ချိုဂူဆန်းကို
မိန်းမပျိုလေးတွေပိုင်ဆိုင်ခွင့်ရချင်တာက မဆန်းပါဘူး။





မိန်းကလေးအချို့ကတော့ သူနဲ့နီးစပ်ချင်ကြသလို လက်ထပ်ခွင့်ပါ
တောင်းခံတဲ့အထိအခြေအနေကဆိုးလာပါတယ်။ ၁၆ သင်းအဆင့်မှာတော့





တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ချန်ပီယံ ၅ကြိမ်ရှင် ဘရာဇီးနဲ့
ထိပ်တိုက်တွေ့နေပြီး ချိုဂူဆန်းတို့အဖွဲ့ဘာတွေဆက်လုပ်ပြနိုင်မလဲဆိုတာကိုတော့…။





zawgyi
ဂါနာကို ၂ဂိုးသြင္းၿပီးေနာက္ ေတာင္ကိုရီးယားရဲ႕႐ူပါလန္းတဲ့ ခ်ိဳဂူဆန္းက ေန႔ခ်င္းညခ်င္းစကီေလးေတြအသည္းစြဲျဖစ္လာတယ္





ေတာင္ကိုရီးယားတိုက္စစ္မႉးခ်ိဳဂူဆန္းဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ
အေတာ္ေလးစန္းပြင့္ေနၿပီး စကီေလးေတြရဲ႕ အသည္းစြဲျဖစ္လာခဲ့တယ္။
ၿပိဳင္ပြဲမစတင္ခင္မွာ ဆြန္ေဟာင္မင္က ေတာင္ကိုရီးယားရဲ႕





စတားပေလယာတစ္ေယာက္အျဖစ္ရွိခဲ့ေပမဲ့ ဂါနာဘက္ကို
၂ ဂိုးသြင္းခဲ့ၿပီးတဲ့ေနာက္ လွပ်ိဳျဖဴေလးေတြရဲ႕ပါးစပ္ဖ်ားမွာ





ခ်ိဳဂူဆန္းက ေရပန္းစားလာခဲ့တာျဖစ္တယ္။ တိုက္စစ္မႉးခ်ိဳဂူဆန္း
အတြက္ေတာ့ ကာတာကမာၻ႔ဖလားဟာ အလွည့္အေျပာင္းတစ္ခုလို႔
ဆိုရမွာျဖစ္ၿပီး ၿပိဳင္ပြဲမစတင္ခင္မွာ အင္စတာဂရမ္ ေနာက္လိုက္





၂၀၀၀၀ ေလာက္ကေန အခုေတာ့ followers ၁.၉ သန္းေက်ာ္
ပိုင္ဆိုင္ခဲ့ၿပီျဖစ္တယ္။ အထူးသျဖင့္ေတာ့ ေပၚတူဂီလိုဥေရာပရဲ႕





အင္အားႀကီးကိုအႏိုင္ယူၿပီး ၁၆ သင္းအဆင့္တက္ႏိုင္ခဲ့တဲ့ေနာက္
ေတာင္ကိုရီးယားအသင္းသားေတြဟာ မီဒီယာေတြရဲ႕ေခါင္းႀကီးပိုင္းကို
ခုန္တက္လာပါေတာ့တယ္။ အက်ိဳးဆက္အေနနဲ႔ကေတာ့ စကီေလးေတြရဲ႕





အဆက္မျပတ္ဖုန္းေခၚဆိုမႈေၾကာင့္ တိုက္စစ္မႉး ခ်ိဳဂူဆန္းက
သူ႔ရဲ႕ဖုန္းကိုပါဝါပိတ္ထားရတဲ့အထိျဖစ္လာခဲ့ပါတယ္။ အသင္းနဲ႔





နီးစပ္သူတစ္ေယာက္က “သူ႔ဖုန္းက တစ္ခ်ိန္လုံးအသံျမည္ေနတဲ့အတြက္
အိပ္ေရးမဝပါဘူး။ ေဘာလုံးဘက္ကိုအာ႐ုံစိုက္ေနေပမဲ့ မက္ေဆ့ခ်္ေတြက
တစ္ခ်ိန္လုံးဝင္ေနခဲ့ပါတယ္” လို႔ ဖြင့္ဟခဲ့ပါတယ္။





အသက္ ၂၄ႏွစ္အ႐ြယ္သာရွိေသးၿပီး ႐ူပါလန္းတဲ့ ခ်ိဳဂူဆန္းကို
မိန္းမပ်ိဳေလးေတြပိုင္ဆိုင္ခြင့္ရခ်င္တာက မဆန္းပါဘူး။





မိန္းကေလးအခ်ိဳ႕ကေတာ့ သူနဲ႔နီးစပ္ခ်င္ၾကသလို လက္ထပ္ခြင့္ပါ
ေတာင္းခံတဲ့အထိအေျခအေနကဆိုးလာပါတယ္။ ၁၆ သင္းအဆင့္မွာေတာ့
ေတာင္ကိုရီးယားအသင္းဟာ ကမာၻ႔ခ်န္ပီယံ ၅ႀကိမ္ရွင္ ဘရာဇီးနဲ႔





ထိပ္တိုက္ေတြ႕ေနၿပီး ခ်ိဳဂူဆန္းတို႔အဖြဲ႕ဘာေတြဆက္လုပ္ျပႏိုင္မလဲဆိုတာကိုေတာ့…။