ဂလေဇာမိသားစုကို မန်ယူပရိသတ်တွေ Boycott လုပ်မယ်

ဂလေဇာမိသားစုကိုဆန့်ကျင်တဲ့အနေနဲ့ မန်ယူပရိသတ်အများအပြားဟာ အိုးလ်ထရက်ဖိုဒ်မှာကစားမယ့် လီဗာပူးနဲ့ပွဲကိုကွင်းအတွင်း ဝင်ရောက်မကြည့်ရှုဘဲ သပိတ်မှောက်သွားမယ်လို ချိန်းခြောက်ထားပါတယ်။

မန်ယူဟာ အခုတစ်ပတ် ဘရန့်ဖိုဒ်နဲ့အဝေးကွင်းပွဲပြီးရင် လီဗာပူးနဲ့အိမ်ကွင်းပွဲကစားရမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်ကို ကွင်းအတွင်းဝင်ရောက်မကြည့်ရှုဘဲ သပိတ်မှောက်သွားဖို မန်ယူပရိတ်တွေ စီစဉ်နေတာပါ။ ပြီးခဲ့တဲ့ ရာသီအဖွင့်

အိမ်ကွင်းပွဲမှာ ဘရိုက်တန်ကိုရှုးပြီးနောက် မန်ယူပရိသတ်တွေ အခုလိုပေါက်ကွဲလာခဲ့တာလည်းဖြစ်တယ်။ ဂလေဇာမိသားရဲ့ ကွင်းတွင်း ကွင်းပြင်ရင်းနှီးမြှုပ်နှံမှုအပြင် ကစားသမားခေါ်ယူမှုနဲ့ စီမံခန့်ခွဲမှုအပိုင်းတွေမှာပါ

အားနည်းခဲ့တဲ့အပေါ် မန်ယူပရိသတ်တွေက ဒေါသထွက်နေခဲ့ကြတာဖြစ်ပါတယ်။ အဓိကအနေနဲ့ မန်ယူ နည်းပြကြီး ဖာဂူဆန်ထွက်ခွာပြီးနောက်ပိုင်း အသင်းအပေါ်အားစိုက်မှုနည်းခဲ့တဲ့ ဂလေဇာမိသားစုရဲ့ လုပ်ရပ်ကို ဒေါသထွက်နေခဲ့ကြတာလည်းဖြစ်တယ်။

ပြီးခဲ့တဲ့ရာသီကလည်း မန်ယူပရိသတ်တွေဟာ လီဗာပူးနဲ့ပွဲစဉ်မတိုင်ခင် ဂလေဇာမိသားစုကိုဦးတည်တဲ့ဆန္ဒပြမှုတွေ ကွင်းတွင်းကွင်းပြင်ဖြစ်ပွားခဲ့တာကြောင့် ပွဲစဉ်ကိုရွှေ့ဆိုင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့တာပါ။ အခုတစ်ကြိမ်းမှာလည်း

အလာတူဆန္ဒပြမှုမျိုးတွေထပ်မံပြုလုပ်မယ်ဆိုပြီး ဂလေဇာမိသားစုကို မန်ယူ ပရိသတ်တွေဖိအားပေးနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ မန်ယူပရိသတ် ၅သောင်းခွဲလောက်ဟာ အွန်လိုင်းမှာ အသင်းနဲ့ပတ်သက်ပြီး

စိတ်ပျက်နေတဲ့အကြောင်းတွေကို ပုံစံတူရေးသားပြီးဖြန့်ဝေထားခဲ့တာပါ။ အခုမန်ယူပရိသတ်တွေလုပ်မယ့်အစီအစဉ်မျိုးကို ပြီးခဲ့တဲ့ဘောလုံးရာသီနောက်ဆုံးပွဲစဉ်မှာ ဗလင်စီယာပရိသတ် လုပ်ထားခဲ့ကြတာဖြစ်ပါတယ်။ ဗလင်စီယာပရိသတ်တွေဟာ သူတိုအသင်းပိုင်ရှင်ကိုသပိတ်မှောက်တဲ့အနေနဲ့

ကွင်းအပြင်မှာရပ်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ မန်ယူကို ချေးငွေတွေနဲ့ ဝယ်ယူခဲ့တဲ့ ဂလေဇာ မိသားစုဟာ လက်ရှိအချိန်ထိ အကြွေးပေါင်သန်း ၅၀၀ နီးပါးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားနိုင် တာလည်းမရှိသေးပါဘူး။

(zawgyi)

ဂေလဇာမိသားစုကိုဆန႔္က်င္တဲ့အေနနဲ႔ မန္ယူပရိသတ္အမ်ားအျပားဟာ အိုးလ္ထရက္ဖိုဒ္မွာကစားမယ့္ လီဗာပူးနဲ႔ပြဲကိုကြင္းအတြင္း ဝင္ေရာက္မၾကည့္ရႈဘဲ သပိတ္ေမွာက္သြားမယ္လို ခ်ိန္းေျခာက္ထားပါတယ္။ မန္ယူဟာ အခုတစ္ပတ္ ဘရန႔္ဖိုဒ္နဲ႔အေဝးကြင္းပြဲၿပီးရင္

လီဗာပူးနဲ႔အိမ္ကြင္းပြဲကစားရမွာျဖစ္ပါတယ္။ အဲဒီပြဲစဥ္ကို ကြင္းအတြင္းဝင္ေရာက္မၾကည့္ရႈဘဲ သပိတ္ေမွာက္သြားဖို မန္ယူပရိတ္ေတြ စီစဥ္ေနတာပါ။ ၿပီးခဲ့တဲ့ ရာသီအဖြင့္ အိမ္ကြင္းပြဲမွာ ဘ႐ိုက္တန္ကိုရႈးၿပီးေနာက္ မန္ယူပရိသတ္ေတြ အခုလိုေပါက္ကြဲလာခဲ့တာလည္းျဖစ္တယ္။

ဂေလဇာမိသားရဲ႕ ကြင္းတြင္း ကြင္းျပင္ရင္းႏွီးျမႇဳပ္ႏွံမႈအျပင္ ကစားသမားေခၚယူမႈနဲ႔ စီမံခန႔္ခြဲမႈအပိုင္းေတြမွာပါ အားနည္းခဲ့တဲ့အေပၚ မန္ယူပရိသတ္ေတြက ေဒါသထြက္ေနခဲ့ၾကတာျဖစ္ပါတယ္။ အဓိကအေနနဲ႔ မန္ယူ နည္းျပႀကီး ဖာဂူဆန္ထြက္ခြာၿပီးေနာက္ပိုင္း

အသင္းအေပၚအားစိုက္မႈနည္းခဲ့တဲ့ ဂေလဇာမိသားစုရဲ႕ လုပ္ရပ္ကို ေဒါသထြက္ေနခဲ့ၾကတာလည္းျဖစ္တယ္။ ၿပီးခဲ့တဲ့ရာသီကလည္း မန္ယူပရိသတ္ေတြဟာ လီဗာပူးနဲ႔ပြဲစဥ္မတိုင္ခင္ ဂေလဇာမိသားစုကိုဦးတည္တဲ့ဆႏၵျပမႈေတြ ကြင္းတြင္းကြင္းျပင္ျဖစ္ပြားခဲ့တာေၾကာင့္

ပြဲစဥ္ကိုေ႐ႊ႕ဆိုင္းခဲ့ရတဲ့အထိ ျဖစ္ခဲ့တာပါ။ အခုတစ္ႀကိမ္းမွာလည္း အလာတူဆႏၵျပမႈမ်ိဳးေတြထပ္မံျပဳလုပ္မယ္ဆိုၿပီး ဂေလဇာမိသားစုကို မန္ယူ ပရိသတ္ေတြဖိအားေပးေနခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ မန္ယူပရိသတ္ ၅ေသာင္းခြဲေလာက္ဟာ  အြန္လိုင္းမွာ အသင္းနဲ႔ပတ္သက္ၿပီး စိတ္ပ်က္ေနတဲ့အေၾကာင္းေတြကို ပုံစံတူေရးသားၿပီးျဖန႔္ေဝထားခဲ့တာပါ။ အခုမန္ယူပရိသတ္ေတြလုပ္မယ့္အစီအစဥ္မ်ိဳးကို

ၿပီးခဲ့တဲ့ေဘာလုံးရာသီေနာက္ဆုံးပြဲစဥ္မွာ ဗလင္စီယာပရိသတ္ လုပ္ထားခဲ့ၾကတာျဖစ္ပါတယ္။ ဗလင္စီယာပရိသတ္ေတြဟာ သူတိုအသင္းပိုင္ရွင္ကိုသပိတ္ေမွာက္တဲ့အေနနဲ႔ ကြင္းအျပင္မွာရပ္ၿပီး ဆႏၵျပခဲ့တာျဖစ္ပါတယ္။

၂၀၀၅ ခုႏွစ္မွာ မန္ယူကို ေခ်းေငြေတြနဲ႔ ဝယ္ယူခဲ့တဲ့ ဂေလဇာ မိသားစုဟာ လက္ရွိအခ်ိန္ထိ အေႂကြးေပါင္သန္း ၅၀၀ နီးပါးနဲ႔ ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္းထုတ္ျပန္ထားႏိုင္ တာလည္းမရွိေသးပါဘူး။