
ဒီနေ့ကတော့ ယူနိုက်တက်ပိုင်ရှင်သစ်ထွက်ပေါ်လာမယ့် ရက်စွဲလို့ဆိုရမှာဖြစ်ပြီး





ရက်ကလစ်ဖ်နဲ့ ဆော်ဒီအဖွဲ့ကြားအားပြိုင်မှုရှိနေသလို ကာတာရင်းနှီးမြုပ်နှံသူတွေကလည်း
သောကြာည ၁၀ နာရီမတိုင်ခင်မှာ ပေါင် ၅ ဘီလီယံနဲ့ကမ်းလှမ်းလိမ့်မယ်လို့





The Sun သတင်းစာကဖော်ပြထားပါတယ်။ ဂလေဇာတွေရဲ့နောက်ဆုံးသတ်မှတ်ရက်ထဲကို
ရောက်လာတာနဲ့အမျှ ယူနိုက်တက်အသင်းရဲ့ရှယ်ယာဈေးနှုန်းအပေါ်
အကျိုးသက်ရောက်မှုရှိလာခဲ့ပြီး ရှယ်ယာတစ်ခုကို ၁၉.၈၇ ပေါင်ကနေ ၂၀.၃၅ ပေါင်အထိ





မြင့်တက်လာခဲ့ပြီး ၃ရာခိုင်နှုန်းကျော်အထိခုန်တက်လာခဲ့တာဖြစ်တယ်။
ဒါဟာ မိုက်အက်ရှ်လေ လက်ထဲက နယူးကာဆယ်ကို PIF ကပေးဆောင်ခဲ့ရတဲ့





ပမာဏထက်ပိုများတယ်လို့ ဘောလုံးဘဏ္ဍာရေးပညာရှင် Kieran Maguire က
အသိပေးထားပါတယ်။ Bloomberg ရဲ့ဖော်ပြချက်အရ ကာတာအဖွဲ့ဟာ
ဒီည ၁၀ နာရီမတိုင်ခင်မှာ ယူနိုက်တက်ကို ပေါင် ၅ ဘီလီယံနဲ့သေချာပေါက်





ကမ်းလှမ်းလိမ့်မယ်လို့ သိရပါတယ်။ ကာတာရင်းနှီးမြုပ်နှံသူတွေဟာ သရဲနီတွေရဲ့
ပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးကိုဝယ်ယူဖို့အတွက် ကမ်းလှမ်းမှုကျရှုံးထားခဲ့တယ်လို့





ကာတာသတင်းထောက် မိုဟာမက်အယ်လ်ကာဘီက ဆိုထားပါတယ်။
သူတို့ဘက်က နောက်ဆုံးသတ်မှတ်ရက်မှာ ယူနိုက်တက်ကိုအပိုင်သိမ်းဖို့
ပြင်ဆင်နေပေမဲ့ ဆော်ဒီ၊ အမေရိကန်၊ ယူနိုက်တက်ပရိသတ်၊ ရက်ကလစ်ဖ်တို့နဲ့





အကြိတ်အနယ်အားပြိုင်ရမှာဖြစ်ပြီး ဘယ်သူပိုင်ရှင်သစ်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်ရတော့မှာပါ။
zawgyi





ဂေလဇာေတြရဲ႕ေနာက္ဆုံးသတ္မွတ္ရက္(ယေန႔)မွာ ယူႏိုက္တက္ကို ဘယ္သူပိုင္ဆိုင္ခြင့္ရသြားမလဲ …
ဒီေန႔ကေတာ့ ယူႏိုက္တက္ပိုင္ရွင္သစ္ထြက္ေပၚလာမယ့္ ရက္စြဲလို႔ဆိုရမွာျဖစ္ၿပီး
ရက္ကလစ္ဖ္နဲ႔ ေဆာ္ဒီအဖြဲ႕ၾကားအားၿပိဳင္မႈရွိေနသလို ကာတာရင္းႏွီးျမဳပ္ႏွံသူေတြကလည္း





ေသာၾကာည ၁၀ နာရီမတိုင္ခင္မွာ ေပါင္ ၅ ဘီလီယံနဲ႔ကမ္းလွမ္းလိမ့္မယ္လို႔
The Sun သတင္းစာကေဖာ္ျပထားပါတယ္။ ဂေလဇာေတြရဲ႕ေနာက္ဆုံးသတ္မွတ္ရက္ထဲကို





ေရာက္လာတာနဲ႔အမွ် ယူႏိုက္တက္အသင္းရဲ႕ရွယ္ယာေဈးႏႈန္းအေပၚ
အက်ိဳးသက္ေရာက္မႈရွိလာခဲ့ၿပီး ရွယ္ယာတစ္ခုကို ၁၉.၈၇ ေပါင္ကေန ၂၀.၃၅ ေပါင္အထိ
ျမင့္တက္လာခဲ့ၿပီး ၃ရာခိုင္ႏႈန္းေက်ာ္အထိခုန္တက္လာခဲ့တာျဖစ္တယ္။





ဒါဟာ မိုက္အက္ရွ္ေလ လက္ထဲက နယူးကာဆယ္ကို PIF ကေပးေဆာင္ခဲ့ရတဲ့
ပမာဏထက္ပိုမ်ားတယ္လို႔ ေဘာလုံးဘ႑ာေရးပညာရွင္ Kieran Maguire က





အသိေပးထားပါတယ္။ Bloomberg ရဲ႕ေဖာ္ျပခ်က္အရ ကာတာအဖြဲ႕ဟာ
ဒီည ၁၀ နာရီမတိုင္ခင္မွာ ယူႏိုက္တက္ကို ေပါင္ ၅ ဘီလီယံနဲ႔ေသခ်ာေပါက္
ကမ္းလွမ္းလိမ့္မယ္လို႔ သိရပါတယ္။ ကာတာရင္းႏွီးျမဳပ္ႏွံသူေတြဟာ သရဲနီေတြရဲ႕





ၿပိဳင္ဘက္ျဖစ္တဲ့ လီဗာပူးကိုဝယ္ယူဖို႔အတြက္ ကမ္းလွမ္းမႈက်ရႈံးထားခဲ့တယ္လို႔
ကာတာသတင္းေထာက္ မိုဟာမက္အယ္လ္ကာဘီက ဆိုထားပါတယ္။





သူတို႔ဘက္က ေနာက္ဆုံးသတ္မွတ္ရက္မွာ ယူႏိုက္တက္ကိုအပိုင္သိမ္းဖို႔
ျပင္ဆင္ေနေပမဲ့ ေဆာ္ဒီ၊ အေမရိကန္၊ ယူႏိုက္တက္ပရိသတ္၊ ရက္ကလစ္ဖ္တို႔နဲ႔
အႀကိတ္အနယ္အားၿပိဳင္ရမွာျဖစ္ၿပီး ဘယ္သူပိုင္ရွင္သစ္ျဖစ္မလဲဆိုတာကိုေစာင့္ၾကည့္ရေတာ့မွာပါ။




