
ယူနိုက်တက်ပရိသတ်တွေကတော့ သူတို့အသင်းရဲ့ထာဝရဂိုးသွင်းအများဆုံးဖြစ်တဲ့





ဝိန်းရွန်နေးကို ‘အေးဂျင့် ဂလေဇာ’ လို့ အမည်တပ်ပြီး အမုန်းတရားတွေ
စတင်လိုက်ပြီပဲဖြစ်တယ်။ ဝိန်းရွန်နေးဟာ အားလုံးကအငြင်းပွားဖွယ်ရာ





ပိုင်ရှင်တွေလို့ သတ်မှတ်ထားတဲ့ အမေရိကန်တွေကို စိတ်လှုပ်ရှားစရာ
ပိုင်ရှင်တွေဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက် သရဲနီပရိသတ်တွေရဲ့
ဒေါသနဲ့ရင်ဆိုင်လာရတာဖြစ်ပါတယ်။ ဂလေဇာတွေဟာ ၂၀၀၅ ခုနှစ်မှာ





ယူနိုက်တက်ကိုသိမ်းပိုက်ခဲ့သလို ပေါင်သန်း ၅၀၀ အထိကြွေးတင်ခဲ့ပြီးနောက်
ပရိသတ်တွေရဲ့အမုန်းတရားနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။





လက်ရှိမှာတော့ အမေရိကန်ပိုင်ရှင်တွေဟာ အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာဖို့
စဉ်းစားလာကြပါပြီ။ သရဲနီပရိသတ်တွေက သူတို့ကိုခါးခါးသီးသီး
ဖြစ်နေကြပေမယ့် ဂလေဇာတွေဟာအချိန်တိုင်းမှာ အသင်းကောင်းဖို့အတွက်





ဖြည့်ဆည်းပေးခဲ့တယ်လို့ ထောက်ခံနေသူတစ်ယောက်ရှိပြီး
ဒီလူကတော့ ဝိန်းရွန်နေးဖြစ်နေပါတယ်။ “ပထမဆုံးအနေနဲ့ ဂလေဇာတွေဟာ





စိတ်လှုပ်ရှားစရာတွေလုပ်ဆောင်ခဲ့ပြီးပြီလို့ထင်တယ်၊
သူတို့ဟာ ကလပ်အတွက်ပါဝင်ပေးခဲ့ကြတယ်၊ ၂၀၀၄ မှာ သူတို့
ကျွန်တော့်ကိုလက်မှတ်ထိုးခဲ့တယ်၊ အခုဆိုရင် သူတို့က ကလပ်မှာ





နှစ်ပေါင်း ၂၀ လောက်ကြာအောင်နေခဲ့ပြီးပြီဖြစ်သလို နည်းပြလိုချင်တဲ့
ကစားသမားတွေအတွက် အမြဲခွင့်ပြုခဲ့တယ်လို့ ငါထင်တယ်။





ပရိသတ်တွေဘက်က အပြောင်းအလဲတစ်ရပ်လိုချင်နေတာရှင်းပါတယ်။
ဂလေဇာတွေဘက်ကလည်း သူတို့ကိုကမ်းလှမ်းထားတဲ့လေလံတွေကို
လက်ခံခြင်းနဲ့အတူ အပြောင်းအလဲကိုလမ်းဖွင့်ပေးထားတာထင်ရှားပါတယ်။





ဒီတော့မှန်ကန်တဲ့လူကိုရဖို့မျှော်လင့်ရမှာပါ။ ပြီးတော့ ဒီလူတွေအားလုံးက
ကလပ်ကိုရှေ့ဆက်ဖို့အတွက်ကြိုးစားပေးနေကြသူတွေပါပဲ” လို့





ဝိန်းရွန်နေးက ဆိုခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ လက်မခံသလို
သူတို့ရဲ့တိုက်စစ်မှူးဟောင်းကိုတုံ့ပြန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
“အေးဂျင့် ဂလေဇာ” ၊ “ဂလေဇာတွေက ကြီးမားတဲ့အလုပ်ကြီးတစ်ခု





လုပ်ခဲ့ပြီးပြီတဲ့လား။ ရွန်နေး ဘာတွေစဉ်းစားနေတာလဲ” ၊
“အလားအလာရှိတဲ့ အနာဂတ်နည်းပြနေရာအတွက် စွန့်စားရမှာကြောက်လို့လား” ၊





“သူက မန်စီးတီးလျှို့ဝှက်ပရိသတ်တစ်ယောက်ပါ” ၊
“ပိုင်ရှင်တွေက ဈေးကွက်မှာလုံလောက်တဲ့ရည်မှန်းချက်မပြခဲ့လို့
၂၀၁၀ မှာတုန်းက အသင်းကနေထွက်ခွာချင်ခဲ့တာလား။





ဝိန်းရွန်နေးရေ မင်းလုပ်ခဲ့တဲ့အရာတွေကိုနှစ်သက်ပေမယ့်
ဒီနေရာမှာတော့ မင်းမှားနေပြီ” လို့ အသီးသီးတုံ့ပြန်ခဲ့ကြပါတယ်။





zawgyi
ဂေလဇာေတြက စိတ္လႈပ္ရွားစရာပိုင္ရွင္လို႔ ခ်ီးက်ဴးခဲ့တဲ့ ႐ြန္ေနးကို ‘ေအးဂ်င့္ ဂေလဇာ’ လို႔ ယူႏိုက္တက္ပရိသတ္ေတြ တုံ႔ျပန္
ယူႏိုက္တက္ပရိသတ္ေတြကေတာ့ သူတို႔အသင္းရဲ႕ထာဝရဂိုးသြင္းအမ်ားဆုံးျဖစ္တဲ့





ဝိန္း႐ြန္ေနးကို ‘ေအးဂ်င့္ ဂေလဇာ’ လို႔ အမည္တပ္ၿပီး အမုန္းတရားေတြ
စတင္လိုက္ၿပီပဲျဖစ္တယ္။ ဝိန္း႐ြန္ေနးဟာ အားလုံးကအျငင္းပြားဖြယ္ရာ





ပိုင္ရွင္ေတြလို႔ သတ္မွတ္ထားတဲ့ အေမရိကန္ေတြကို စိတ္လႈပ္ရွားစရာ
ပိုင္ရွင္ေတြျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္ သရဲနီပရိသတ္ေတြရဲ႕
ေဒါသနဲ႔ရင္ဆိုင္လာရတာျဖစ္ပါတယ္။ ဂေလဇာေတြဟာ ၂၀၀၅ ခုႏွစ္မွာ





ယူႏိုက္တက္ကိုသိမ္းပိုက္ခဲ့သလို ေပါင္သန္း ၅၀၀ အထိေႂကြးတင္ခဲ့ၿပီးေနာက္
ပရိသတ္ေတြရဲ႕အမုန္းတရားနဲ႔ထိပ္တိုက္ရင္ဆိုင္ခဲ့ရတာျဖစ္တယ္။





လက္ရွိမွာေတာ့ အေမရိကန္ပိုင္ရွင္ေတြဟာ အိုးလ္ထရက္ဖို႔ဒ္ကိုစြန႔္ခြာဖို႔
စဥ္းစားလာၾကပါၿပီ။ သရဲနီပရိသတ္ေတြက သူတို႔ကိုခါးခါးသီးသီး
ျဖစ္ေနၾကေပမယ့္ ဂေလဇာေတြဟာအခ်ိန္တိုင္းမွာ အသင္းေကာင္းဖို႔အတြက္





ျဖည့္ဆည္းေပးခဲ့တယ္လို႔ ေထာက္ခံေနသူတစ္ေယာက္ရွိၿပီး
ဒီလူကေတာ့ ဝိန္း႐ြန္ေနးျဖစ္ေနပါတယ္။ “ပထမဆုံးအေနနဲ႔ ဂေလဇာေတြဟာ





စိတ္လႈပ္ရွားစရာေတြလုပ္ေဆာင္ခဲ့ၿပီးၿပီလို႔ထင္တယ္၊
သူတို႔ဟာ ကလပ္အတြက္ပါဝင္ေပးခဲ့ၾကတယ္၊ ၂၀၀၄ မွာ သူတို႔
ကြၽန္ေတာ့္ကိုလက္မွတ္ထိုးခဲ့တယ္၊ အခုဆိုရင္ သူတို႔က ကလပ္မွာ





ႏွစ္ေပါင္း ၂၀ ေလာက္ၾကာေအာင္ေနခဲ့ၿပီးၿပီျဖစ္သလို နည္းျပလိုခ်င္တဲ့
ကစားသမားေတြအတြက္ အၿမဲခြင့္ျပဳခဲ့တယ္လို႔ ငါထင္တယ္။





ပရိသတ္ေတြဘက္က အေျပာင္းအလဲတစ္ရပ္လိုခ်င္ေနတာရွင္းပါတယ္။
ဂေလဇာေတြဘက္ကလည္း သူတို႔ကိုကမ္းလွမ္းထားတဲ့ေလလံေတြကို
လက္ခံျခင္းနဲ႔အတူ အေျပာင္းအလဲကိုလမ္းဖြင့္ေပးထားတာထင္ရွားပါတယ္။





ဒီေတာ့မွန္ကန္တဲ့လူကိုရဖို႔ေမွ်ာ္လင့္ရမွာပါ။ ၿပီးေတာ့ ဒီလူေတြအားလုံးက
ကလပ္ကိုေရွ႕ဆက္ဖို႔အတြက္ႀကိဳးစားေပးေနၾကသူေတြပါပဲ” လို႔





ဝိန္း႐ြန္ေနးက ဆိုခဲ့ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြကေတာ့ လက္မခံသလို
သူတို႔ရဲ႕တိုက္စစ္မႉးေဟာင္းကိုတုံ႔ျပန္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။
“ေအးဂ်င့္ ဂေလဇာ” ၊ “ဂေလဇာေတြက ႀကီးမားတဲ့အလုပ္ႀကီးတစ္ခု





လုပ္ခဲ့ၿပီးၿပီတဲ့လား။ ႐ြန္ေနး ဘာေတြစဥ္းစားေနတာလဲ” ၊
“အလားအလာရွိတဲ့ အနာဂတ္နည္းျပေနရာအတြက္ စြန႔္စားရမွာေၾကာက္လို႔လား” ၊





“သူက မန္စီးတီးလွ်ိဳ႕ဝွက္ပရိသတ္တစ္ေယာက္ပါ” ၊
“ပိုင္ရွင္ေတြက ေဈးကြက္မွာလုံေလာက္တဲ့ရည္မွန္းခ်က္မျပခဲ့လို႔
၂၀၁၀ မွာတုန္းက အသင္းကေနထြက္ခြာခ်င္ခဲ့တာလား။





ဝိန္း႐ြန္ေနးေရ မင္းလုပ္ခဲ့တဲ့အရာေတြကိုႏွစ္သက္ေပမယ့္
ဒီေနရာမွာေတာ့ မင္းမွားေနၿပီ” လို႔ အသီးသီးတုံ႔ျပန္ခဲ့ၾကပါတယ္။