ဂရေ့ဇ်မန်းကို ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စွယ်စုံရကစားသမားတစ်ယောက်လို့ အင်္ဂလန်ဂန္တဝင်တွေချီးကျူးခဲ့ကြ

ကမ္ဘာ့ချန်ပီယံပြင်သစ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ မော်ရိုကို ကို

အလဲထိုးပြီးထပ်ဆင့်ချန်ပီယံဖြစ်ဖို့အတွက်ခြေတစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။

ဒက်ချမ့်စ်ရဲ့အသင်းဟာ ပြိုင်ဘက်ကို ၂ဂိုးပြတ်နိုင်ခဲ့တယ်ဆိုပေမဲ့

မော်ရိုကိုဟာ ဂိုးပြန်ရလောက်တဲ့အခြေအနေကောင်းတွေရှိခဲ့တာတော့

မငြင်းနိုင်ပါဘူး။ ဒီပွဲစဉ်ရဲ့ Man Of The Match ကိုတော့ပြင်သစ်

တိုက်စစ်မှူးအန်တိုနီဂရေ့ဇ်မန်းက ဆွတ်ခူးခဲ့သလို BBC ရုပ်သံ

တင်ဆက်သူတွေအဖြစ်ပါဝင်ခဲ့ကြတဲ့ အလန်ရှီးယားနဲ့ ရီယိုဖာဒီနန်

တို့ကလည်း တီကိုတိုက်စစ်မှူးရဲ့ခံစစ်လိုက်ပါကစားနိုင်ပုံကို

အထူးတလှယ်ချီးကျူးသွားပါတယ်။ “ကျွန်တော့်အတွက်တော့

သူကဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားပါပဲ။ ဂရေ့ဇ်မန်းကို

အခုလိုနည်းဗျူဟာကျကျသုံးနိုင်တဲ့ ဒက်ချမ့်စ်ရဲ့ နည်းစနစ်ကို

ခင်ဗျားတို့ဂုဏ်ပြုပေးဖို့လိုအပ်တယ်။ သူက ထူးချွန်ထက်မြက်ပြီး

ဂိမ်းကိုအကောင်းဆုံးဖတ်နိုင်ပါတယ်။ ကစားသမားအများစုကို

တွေးကြည့်တဲ့အခါ သူတို့ပျောက်ဆုံးနေကြတယ်၊ သူနဲ့ ချိုအာမန်နီ

နှစ်ယောက်ပဲခံစစ်အတွက် ထူးချွန်အောင်ကစားသွားနိုင်တယ်” လို့

အလန်ရှီးယားက သုံးသပ်ခဲ့ပါတယ်။ တွဲဖက်အစီအစဉ်တင်ဆက်သူအဖြစ်

ပါဝင်ခဲ့တဲ့ ဖာဒီနန်ကတော့ “ပြိုင်ပွဲရဲ့ အကောင်းဆုံးခံစစ်ကစားသမား” လို့

တံဆိပ်ကပ်ချီးကျူးခဲ့ပြီးနောက် “တိုက်စစ်အတွက် အကောင်းဆုံး

ပံ့ပိုးနေတဲ့ သူ့ရဲ့ ဗီဒီယိုမှတ်တမ်းတွေပြန်ကြည့်လို့ရပေမဲ့ သူ့ရဲ့

ခုခံကာကွယ်မှုအပိုင်းတွေကိုလည်း အများကြီးချပြလို့ရတယ်” လို့

စွယ်စုံရသူအဖြစ် ချီးကျူးသွားခဲ့ပါတယ်။ ထူးခြားတာကတော့

ဗိုလ်လုပွဲလာရာလမ်းလျှောက်တစ်လျှေက်လုံးခြေစွမ်းပြခဲ့တဲ့

ဂရေ့ဇ်မန်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာသွင်းဂိုးလုံးဝမရသေးတဲ့

အချက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒက်ချမ့်စ်ရဲ့ နည်းဗျူဟာအောက်မှာ

ပြစ်ချက်ကင်းကင်းနဲ့ကစားနိုင်ပြီး ဂိုးဖန်တီးမှုတွေလုပ်လာနိုင်တဲ့

ဂရေ့ဇ်မန်းဟာ ဂိုးသွင်းဖို့ထက် သူ့ရဲ့ Idol ဒေးဗစ်ဘက်ဟမ်းလို

ဖြတ်တင်ဘောတွေနဲ့ပုံစံပြောင်းကစားနေခဲ့သလားတော့မသိပါဘူး။

၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂီရောက် ဂိုးပေါက်ပျောက်ပြီး ဂရေ့ဇ်မန်း

၄ ဂိုးသွင်းကာ ပြင်သစ်ချန်ပီယံဖြစ်ခဲ့သလို ၂၀၂၂ ပြိုင်ပွဲမှာတော့

ဂီရောက်က ၄ဂိုးသွင်းထားပြီး ဂရေ့ဇ်မန်းဂိုးပေါက်အပျောက်နဲ့

ကြက်ဖတွေချန်ပီယံထပ်ဖြစ်ဦးမလားဆိုတာစောင့်ကြည့်ရမှာပါ။

zawgyi

ဂေရ႕ဇ္မန္းကို ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ စြယ္စုံရကစားသမားတစ္ေယာက္လို႔ အဂၤလန္ဂႏၲဝင္ေတြခ်ီးက်ဴးခဲ့ၾက

ကမာၻ႔ခ်န္ပီယံျပင္သစ္ဟာ ဆီမီးဖိုင္နယ္အဆင့္မွာ ေမာ္႐ိုကို ကို

အလဲထိုးၿပီးထပ္ဆင့္ခ်န္ပီယံျဖစ္ဖို႔အတြက္ေျခတစ္လွမ္းတိုးႏိုင္ခဲ့ပါတယ္။

ဒက္ခ်မ့္စ္ရဲ႕အသင္းဟာ ၿပိဳင္ဘက္ကို ၂ဂိုးျပတ္ႏိုင္ခဲ့တယ္ဆိုေပမဲ့

ေမာ္႐ိုကိုဟာ ဂိုးျပန္ရေလာက္တဲ့အေျခအေနေကာင္းေတြရွိခဲ့တာေတာ့

မျငင္းႏိုင္ပါဘူး။ ဒီပြဲစဥ္ရဲ႕ Man Of The Match ကိုေတာ့ျပင္သစ္

တိုက္စစ္မႉးအန္တိုနီဂေရ႕ဇ္မန္းက ဆြတ္ခူးခဲ့သလို BBC ႐ုပ္သံ

တင္ဆက္သူေတြအျဖစ္ပါဝင္ခဲ့ၾကတဲ့ အလန္ရွီးယားနဲ႔ ရီယိုဖာဒီနန္

တို႔ကလည္း တီကိုတိုက္စစ္မႉးရဲ႕ခံစစ္လိုက္ပါကစားႏိုင္ပုံကို

အထူးတလွယ္ခ်ီးက်ဴးသြားပါတယ္။ “ကြၽန္ေတာ့္အတြက္ေတာ့

သူကဒီပြဲစဥ္ရဲ႕အေကာင္းဆုံးကစားသမားပါပဲ။ ဂေရ႕ဇ္မန္းကို

အခုလိုနည္းဗ်ဴဟာက်က်သုံးႏိုင္တဲ့ ဒက္ခ်မ့္စ္ရဲ႕ နည္းစနစ္ကို

ခင္ဗ်ားတို႔ဂုဏ္ျပဳေပးဖို႔လိုအပ္တယ္။ သူက ထူးခြၽန္ထက္ျမက္ၿပီး

ဂိမ္းကိုအေကာင္းဆုံးဖတ္ႏိုင္ပါတယ္။ ကစားသမားအမ်ားစုကို

ေတြးၾကည့္တဲ့အခါ သူတို႔ေပ်ာက္ဆုံးေနၾကတယ္၊ သူနဲ႔ ခ်ိဳအာမန္နီ

ႏွစ္ေယာက္ပဲခံစစ္အတြက္ ထူးခြၽန္ေအာင္ကစားသြားႏိုင္တယ္” လို႔

အလန္ရွီးယားက သုံးသပ္ခဲ့ပါတယ္။ တြဲဖက္အစီအစဥ္တင္ဆက္သူအျဖစ္

ပါဝင္ခဲ့တဲ့ ဖာဒီနန္ကေတာ့ “ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးခံစစ္ကစားသမား” လို႔

တံဆိပ္ကပ္ခ်ီးက်ဴးခဲ့ၿပီးေနာက္ “တိုက္စစ္အတြက္ အေကာင္းဆုံး

ပံ့ပိုးေနတဲ့ သူ႔ရဲ႕ ဗီဒီယိုမွတ္တမ္းေတြျပန္ၾကည့္လို႔ရေပမဲ့ သူ႔ရဲ႕

ခုခံကာကြယ္မႈအပိုင္းေတြကိုလည္း အမ်ားႀကီးခ်ျပလို႔ရတယ္” လို႔

စြယ္စုံရသူအျဖစ္ ခ်ီးက်ဴးသြားခဲ့ပါတယ္။ ထူးျခားတာကေတာ့

ဗိုလ္လုပြဲလာရာလမ္းေလွ်ာက္တစ္ေလွ်က္လုံးေျခစြမ္းျပခဲ့တဲ့

ဂေရ႕ဇ္မန္းဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာသြင္းဂိုးလုံးဝမရေသးတဲ့

အခ်က္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ ဒက္ခ်မ့္စ္ရဲ႕ နည္းဗ်ဴဟာေအာက္မွာ

ျပစ္ခ်က္ကင္းကင္းနဲ႔ကစားႏိုင္ၿပီး ဂိုးဖန္တီးမႈေတြလုပ္လာႏိုင္တဲ့

ဂေရ႕ဇ္မန္းဟာ ဂိုးသြင္းဖို႔ထက္ သူ႔ရဲ႕ Idol ေဒးဗစ္ဘက္ဟမ္းလို

ျဖတ္တင္ေဘာေတြနဲ႔ပုံစံေျပာင္းကစားေနခဲ့သလားေတာ့မသိပါဘူး။

၂၀၁၈ ကမာၻ႔ဖလားမွာ ဂီေရာက္ ဂိုးေပါက္ေပ်ာက္ၿပီး ဂေရ႕ဇ္မန္း

၄ ဂိုးသြင္းကာ ျပင္သစ္ခ်န္ပီယံျဖစ္ခဲ့သလို ၂၀၂၂ ၿပိဳင္ပြဲမွာေတာ့

ဂီေရာက္က ၄ဂိုးသြင္းထားၿပီး ဂေရ႕ဇ္မန္းဂိုးေပါက္အေပ်ာက္နဲ႔

ၾကက္ဖေတြခ်န္ပီယံထပ္ျဖစ္ဦးမလားဆိုတာေစာင့္ၾကည့္ရမွာပါ။