ဂရီလစ်ရှ်ကို နည်းမျိုးစုံနဲ့ ပညာသားပါပါ နှိပ်စက်နေတဲ့ အယ်မီရွန်

နယူးကာဆယ် တောင်ပံကစားသမား အယ်မီရွန်ကတော့ သူ့ကို ဖောင်းထုခဲ့တဲ့ ဂရီလစ်ရှ်ကို ဂျပန်ဝက်အူလို တစ်ရစ်ချင်း ရစ်ပြီး နှိပ်စက်နေတဲ့ပုံစံမျိုး ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ

သူ့ရဲ့ ငယ်မွေးခြံပေါက် အသင်းဖြစ်တဲ့ ဗီလာကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တောင်ပံကစားသမား မာရက်ဇ် ကစားနေတဲ့ပုံကိုကြည့်ပြီး ဂရီလစ်ရှ်တစ်ယောက် ပြောဆိုထားတာ ရှိခဲ့ပါတယ်။

အဲဒါကတော့ ‘’မာရက်ဇ်ကို အမြန်ဆုံး လူစားလဲပစ်လိုက်ပါကွာ၊ အဲ့ကောင် ကစားနေတာ အယ်မီရွန်လိုပဲ’’ လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီလို အပြောခံခဲ့ရတဲ့ အချိန်ကစပြီး ပါရာဂွေး

တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ၁၄ ဂိုးအထိ သွင်းထားနိုင်ခဲ့ပြီဖြစ်သလို ဒီရာသီမှာလည်း အယ်မီရွန်ဟာ ပရီးမီးယားလိဂ် ၈ ဂိုးအထိ သွင်းထားနိုင်ခဲ့ပြီး ဂရီလစ်ရှ်ကတော့ ပရီးမီးယားလိဂ်

တစ်ဂိုးသာသွင်းနိုင်ခဲ့လို့ အင်္ဂလန်သားအပေါ် ဝိုင်းဝန်း လှောင်ပြောင်နေခဲ့ကြတာရှိပါတယ်။ အခုတော့ ပိုဆိုးသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ အယ်မီရွန်ဟာ အောက်တိုဘာလအတွက်

အကောင်းဆုံး သွင်းဂိုး ဆုကို ရရှိခဲ့ပြီဖြစ်သလို အောက်တိုဘာလအတွက် တစ်လတာ အ ကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီလိုမျိုး ဂိုးတွေ တဒိုင်းဒိုင်း သွင်းပြနေသလို

ဆုတွေလည်း ဆွတ်ခူးနိုင်ပေမဲ့ အယ်မီရွန်က တော့ ဂရီလစ်ရှ်အပေါ်မှာ မေတ္တာပျက်သွားတာမျိုး မရှိဘဲ မန်စီးတီးနဲ့ ကစားတဲ့ပွဲစဉ်မှာ လက်ဆွဲ နှုတ်ဆက်ခွင့် ရမယ်ဆိုရင် သူက လက်ကမ်း ကြိုဆိုသွားမှာ

ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ‘’မန်စီးတီးနဲ့ နောက်တစ်ပွဲကစားလို့ တန်းစီတဲ့အခါ သူ့ကို လက်ဆွဲနှုတ်ဆက်မှာလားဆိုတော့ ဒါပေါ့။ ကျွန်တော် နှုတ်ဆက်မယ်။ ဟုတ်တယ်။ ကျွန်တော်

သူ့ကို လက်ဆွဲနှုတ်ဆက်မယ်။ ကျွန်တော်တို့ မန်စီးတီးနဲ့ ဘယ်အချိန်ပဲ ကစားကစားပါ။ သံသယ မရှိကြပါနဲ့ ဗျာ။ ကျွန်တော် ပြောခဲ့သလိုပဲပေါ့လေ။ ဂရီလစ်ရှ်က အကောင်းဆုံး

ကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့ကို အကောင်းဆုံးတွေဖြစ်အောင် ဆုတောင်းပေးပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ဘောလုံး ကစားနေသမျှ ကာလပတ်လုံး

လူတွေပြောနေတာကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ရုံသာရှိပြီး ဒါပါပဲဗျာ’’ လို့ အယ်မီရွန်က ပြောဆိုသွား ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ပြည့်နေတဲ့အိုးလို

ဘောင်ဘင်မခတ်ဘဲ ပညာ သားပါပါနဲ့ ပြောသွားတဲ့ အယ်မီရွန်ရဲ့ စကားတွေကို ဂရီလစ်ရှ်စ်တစ်ယောက် ကြားရင်တော့ နေမထိ ထိုင်မသာ ဖြစ်နေလောက်ပြီဆိုတာ မေးနေစရာမလိုလောက်တော့ပါဘူး။

(Zawgyi)

ဂရီလစ္ရွ္ကို နည္းမ်ိဳးစုံနဲ႔ ပညာသားပါပါ ႏွိပ္စက္ေနတဲ့ အယ္မီ႐ြန္

နယူးကာဆယ္ ေတာင္ပံကစားသမား အယ္မီ႐ြန္ကေတာ့ သူ႔ကို ေဖာင္းထုခဲ့ တဲ့ ဂရီလစ္ရွ္ကို ဂ်ပန္ဝက္အူလို တစ္ရစ္ခ်င္း ရစ္ၿပီး ႏွိပ္စက္ေနတဲ့ပုံစံမ်ိဳး ျဖစ္ ေနပါၿပီ။ ၿပီးခဲ့တဲ့

ေဘာလုံးရာသီ သူ႔ရဲ႕ ငယ္ေမြးၿခံေပါက္ အသင္းျဖစ္တဲ့ ဗီလာ ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ မန္စီးတီး ေတာင္ပံကစားသမား မာရက္ဇ္ ကစားေနတဲ့ပုံကိုၾကည့္ၿပီး ဂရီလစ္ရွ္တစ္ေယာက္

ေျပာဆိုထားတာ ရွိခဲ့ပါ တယ္။ အဲဒါကေတာ့ ‘’မာရက္ဇ္ကို အျမန္ဆုံး လူစားလဲပစ္လိုက္ပါကြာ၊ အဲ့ ေကာင္ ကစားေနတာ အယ္မီ႐ြန္လိုပဲ’’ လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အဲဒီလို

အေျပာခံခဲ့ရတဲ့ အခ်ိန္ကစၿပီး ပါရာေဂြး တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ ၁၄ ဂိုးအထိ သြင္းထားႏိုင္ခဲ့ၿပီျဖစ္သလို ဒီရာသီမွာလည္း အယ္မီ႐ြန္ဟာ ပရီးမီးယားလိဂ္ ၈ ဂိုးအထိ သြင္းထားႏိုင္ခဲ့ၿပီး

ဂရီ လစ္ရွ္ကေတာ့ ပရီးမီးယားလိဂ္ တစ္ဂိုးသာသြင္းႏိုင္ခဲ့လို႔ အဂၤလန္သားအေပၚ ဝိုင္းဝန္း ေလွာင္ေျပာင္ေနခဲ့ၾကတာရွိပါတယ္။ အခုေတာ့ ပိုဆိုးသြားပါၿပီ။ ဘာ ေၾကာင့္လဲဆိုေတာ့

အယ္မီ႐ြန္ဟာ ေအာက္တိုဘာလအတြက္ အေကာင္းဆုံး သြင္းဂိုး ဆုကို ရရွိခဲ့ၿပီျဖစ္သလို ေအာက္တိုဘာလအတြက္ တစ္လတာ အ ေကာင္းဆုံး ကစားသမားဆုကိုလည္း ရရွိခဲ့ၿပီျဖစ္ပါတယ္။

ဒီလိုမ်ိဳး ဂိုးေတြ တဒိုင္းဒိုင္း သြင္းျပေနသလို ဆုေတြလည္း ဆြတ္ခူးႏိုင္ေပမဲ့ အယ္မီ႐ြန္က ေတာ့ ဂရီလစ္ရွ္အေပၚမွာ ေမတၱာပ်က္သြားတာမ်ိဳး မရွိဘဲ မန္စီးတီးနဲ႔ ကစား တဲ့ပြဲစဥ္မွာ လက္ဆြဲ ႏႈတ္ဆက္ခြင့္ ရမယ္ဆိုရင္ သူက

လက္ကမ္း ႀကိဳဆိုသြား မွာ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ‘’မန္စီးတီးနဲ႔ ေနာက္တစ္ပြဲကစားလို႔ တန္း စီတဲ့အခါ သူ႔ကို လက္ဆြဲႏႈတ္ဆက္မွာလားဆိုေတာ့ ဒါေပါ့။

ကြၽန္ေတာ္ ႏႈတ္ ဆက္မယ္။ ဟုတ္တယ္။ ကြၽန္ေတာ္ သူ႔ကို လက္ဆြဲႏႈတ္ဆက္မယ္။ ကြၽန္ေတာ္တို႔ မန္စီးတီးနဲ႔ ဘယ္အခ်ိန္ပဲ ကစားကစားပါ။ သံသယ မရွိၾကပါနဲ႔ ဗ်ာ။

ကြၽန္ေတာ္ ေျပာခဲ့သလိုပဲေပါ့ေလ။ ဂရီလစ္ရွ္က အေကာင္းဆုံး ကစား သမားေတြထဲက တစ္ေယာက္ပါ။ သူ႔ကို အေကာင္းဆုံးေတြျဖစ္ေအာင္ ဆုေတာင္းေပးပါတယ္။

ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္မွာ ေဘာလုံး ကစားေနသမွ် ကာလပတ္လုံး လူေတြ ေျပာေနတာကို ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး။ ကိုယ့္အလုပ္ ကိုယ္လုပ္႐ုံသာရွိၿပီး ဒါပါပဲဗ်ာ’’ လို႔

အယ္မီ႐ြန္က ေျပာဆိုသြား ခဲ့တာျဖစ္ပါတယ္။ အခုလိုမ်ိဳး ျပည့္ေနတဲ့အိုးလို ေဘာင္ဘင္မခတ္ဘဲ ပညာ သားပါပါနဲ႔ ေျပာသြားတဲ့ အယ္မီ႐ြန္ရဲ႕ စကားေတြကို ဂရီလစ္ရွ္စ္တစ္ေယာက္ ၾကားရင္ေတာ့

ေနမထိ ထိုင္မသာ ျဖစ္ေနေလာက္ၿပီဆိုတာ ေမးေနစရာ မလို ေလာက္ေတာ့ပါဘူး။