
မန်ချက်စတာယူနိုက်တက်ယာယီနည်းပြရန်နစ်ခ်ဟာ
စွပ်စွဲချက်ပေါင်းများစွာနဲ့အဖမ်းခံခဲ့ရတဲ့ လူငယ်တိုက်စစ်ကစားသမား
ဂရင်းဝုဒ်နဲ့ပတ်သက်လို့ ပထမဆုံးအဖြစ် လူသိရှင်ကြားပြောဆိုလိုက်ပြီဖြစ်ပါတယ်။
အသက်(၂၀)သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ သူ့ကောင်မလေးကို
မုဒိမ်းကျင့်မှု၊ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရစေမှု၊
လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်မှု၊ လူသတ်ဖို့ခြိမ်းခြောက်မှုတွေနဲ့အတူ
ရဲတပ်ဖွဲ့က သူ့ကို (၃)ရက်အထိဖမ်းချုပ်ပြီးတော့
စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့တွေဟာ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ့်ကာလအတွင်း
ဂရင်းဝုဒ်ကို အာမခံနဲ့မနေ့ကပြန်လွှတ်ခဲ့ပြီး ယူနိုက်တက်အသင်းဟာ
အဲဒီသတင်းတွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာထွက်ပေါ်လာပြီးတဲ့နောက်
ဂရင်းဝုဒ်ကို အချိန်အကန့်အသတ်မရှိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ရန်နစ်ခ်အနေနဲ့ ဂရင်းဝုဒ်ရဲ့အဖြစ်အပျက်နဲ့ပတ်သက်လို့
ဘာတစ်ခုမှပြောဆိုတာမျိုးမရှိပေမယ့် မစ်ဒယ်ဘရော့နဲ့ကစားမယ့်
FA ဖလားပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့
ဂရင်းဝုဒ်နဲ့ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ရန်နစ်ခ်က “ဒီကိစ္စက အသင်းကစားသမားတွေကြားမှာ
လူပြောများတဲ့သတင်းတစ်ခုဖြစ်နေပေမယ့် ဂရင်းဝုဒ်ဟာလည်း
လူသားတစ်ယောက်ဖြစ်လို့ အမှားမကင်းနိုင်ပါဘူး။
ပြီးခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဂရင်းဝုဒ်လည်းပါဝင်ခဲ့ပြီး
ကျွန်တော်တို့တွေ ပုံမှန်အတိုင်းလေ့ကျင့်ခန်းပြုလုပ်ခဲ့ပါတယ်။
အသင်းဘုတ်အဖွဲ့ကတော့ ဂရင်းဝုဒ်ကိုရောင်းချဖို့ပြင်ဆင်ခဲ့ပေမယ့်
ခေါ်ယူဖို့စိတ်ဝင်စားတဲ့အသင်းမရှိတာကြောင့် အသင်းမှာပဲဆက်ရှိနေဆိုပြီး
ကျွန်တော့်ကို အသိပေးခဲ့သလို အဲဒီအခြေအနေကို
ကျွန်တော်နားလည်လက်ခံပါတယ်”လို့ပြောကြားခဲ့ပါတယ်။
အခုအချိန်မှာ ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်နာမည်ပါတဲ့ဂျာစီတွေကို
စတိုးဆိုင်တွေဆီကနေ ပြန်သိမ်းနေပြီး ဂရင်းဝုဒ်ဂျာစီဝယ်ထားတဲ့
ပရိသတ်တွေကိုလည်း တခြားဂျာစီတစ်ခုနဲ့ပြန်လဲပေးနေပြီဖြစ်ပါတယ်။
zawgyi
ဂရင္းဝုဒ္ဟာလည္း လူသားတစ္ေယာက္ျဖစ္လို႔ အမွားမကင္းႏိုင္ပါဘူးလို႔ ေျပာဆိုလိုက္တဲ့ ရန္နစ္ခ္
မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပရန္နစ္ခ္ဟာ
စြပ္စြဲခ်က္ေပါင္းမ်ားစြာနဲ႔အဖမ္းခံခဲ့ရတဲ့ လူငယ္တိုက္စစ္ကစားသမား
ဂရင္းဝုဒ္နဲ႔ပတ္သက္လို႔ ပထမဆုံးအျဖစ္ လူသိရွင္ၾကားေျပာဆိုလိုက္ၿပီျဖစ္ပါတယ္။
အသက္(၂၀)သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာ သူ႔ေကာင္မေလးကို
မုဒိမ္းက်င့္မႈ၊ ျပင္းျပင္းထန္ထန္ထိခိုက္ဒဏ္ရာရေစမႈ၊
လိင္ပိုင္းဆိုင္ရာေစာ္ကားက်ဴးလြန္မႈ၊ လူသတ္ဖို႔ၿခိမ္းေျခာက္မႈေတြနဲ႔အတူ
ရဲတပ္ဖြဲ႕က သူ႔ကို (၃)ရက္အထိဖမ္းခ်ဳပ္ၿပီးေတာ့
စစ္ေဆးေမးျမန္းမႈေတြျပဳလုပ္ခဲ့ပါတယ္။
ရဲတပ္ဖြဲ႕ေတြဟာ ေနာက္ထပ္စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္မယ့္ကာလအတြင္း
ဂရင္းဝုဒ္ကို အာမခံနဲ႔မေန႔ကျပန္လႊတ္ခဲ့ၿပီး ယူႏိုက္တက္အသင္းဟာ
အဲဒီသတင္းေတြ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာထြက္ေပၚလာၿပီးတဲ့ေနာက္
ဂရင္းဝုဒ္ကို အခ်ိန္အကန႔္အသတ္မရွိ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။
ရန္နစ္ခ္အေနနဲ႔ ဂရင္းဝုဒ္ရဲ႕အျဖစ္အပ်က္နဲ႔ပတ္သက္လို႔
ဘာတစ္ခုမွေျပာဆိုတာမ်ိဳးမရွိေပမယ့္ မစ္ဒယ္ဘေရာ့နဲ႔ကစားမယ့္
FA ဖလားပြဲမတိုင္ခင္သတင္းစာရွင္းလင္းပြဲမွာေတာ့
ဂရင္းဝုဒ္နဲ႔ပတ္သက္ၿပီးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။
ရန္နစ္ခ္က “ဒီကိစၥက အသင္းကစားသမားေတြၾကားမွာ
လူေျပာမ်ားတဲ့သတင္းတစ္ခုျဖစ္ေနေပမယ့္ ဂရင္းဝုဒ္ဟာလည္း
လူသားတစ္ေယာက္ျဖစ္လို႔ အမွားမကင္းႏိုင္ပါဘူး။
ၿပီးခဲ့တဲ့ေလ့က်င့္ခန္းအစီအစဥ္မွာ ဂရင္းဝုဒ္လည္းပါဝင္ခဲ့ၿပီး
ကြၽန္ေတာ္တို႔ေတြ ပုံမွန္အတိုင္းေလ့က်င့္ခန္းျပဳလုပ္ခဲ့ပါတယ္။
အသင္းဘုတ္အဖြဲ႕ကေတာ့ ဂရင္းဝုဒ္ကိုေရာင္းခ်ဖို႔ျပင္ဆင္ခဲ့ေပမယ့္
ေခၚယူဖို႔စိတ္ဝင္စားတဲ့အသင္းမရွိတာေၾကာင့္ အသင္းမွာပဲဆက္ရွိေနဆိုၿပီး
ကြၽန္ေတာ့္ကို အသိေပးခဲ့သလို အဲဒီအေျခအေနကို
ကြၽန္ေတာ္နားလည္လက္ခံပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
အခုအခ်ိန္မွာ ယူႏိုက္တက္အသင္းဟာ ဂရင္းဝုဒ္နာမည္ပါတဲ့ဂ်ာစီေတြကို
စတိုးဆိုင္ေတြဆီကေန ျပန္သိမ္းေနၿပီး ဂရင္းဝုဒ္ဂ်ာစီဝယ္ထားတဲ့
ပရိသတ္ေတြကိုလည္း တျခားဂ်ာစီတစ္ခုနဲ႔ျပန္လဲေပးေနၿပီျဖစ္ပါတယ္။