ယူနိုက်တက် အရန်ဂိုးသမားတစ်ဦးဖြစ်တဲ့ ဟန်ဒါဆန်ကတော့
ဂရင်းဝုဒ်လို အကြမ်းအရမ်း ချစ်တယ်ဆိုတဲ့
သတင်းတွေကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။
အရန်ဂိုးသမား ဟန်ဒါဆန်က ” ဒါမျိုးရှင်းပြရမယ်ဆိုတာ
ကျွန်တော်မယုံနိုင်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် အခုတလောထွက်နေတဲ့
သတင်းတွေအပေါ်တော့ ဖြေရှင်းဖို့လိုလာပါပြီ။ ”
” အခုလိုမျိုး အခြေအမြစ်မရှိတဲ့သတင်းတွေမှာ ကျွန်တော့်နာမည်ကြီးကို
အသုံးပြုနေတဲ့သူတွေရှိတာကို ကျွန်တော်သိလိုက်ရတဲ့အချိန်မှာ
တော်တော်လေးကိုနာကျင်ရပါတယ်။ ”
” အခုလိုသတင်းတွေထွက်လာတာက ကျွန်တော့်မိသားစုအပေါ်
အများကြီးသက်ရောက်မှုရှိပါတယ်။
အဲဒီအတွက် အခုလိုကောလာဟလတွေပျောက်သွားအောင်
ကျွန်တော်ဖြေရှင်းရတာပါ။ ” လို့ရေးသားခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ချစ်သူကောင်မလေးကို အကြမ်းအရမ်းချစ်ခဲ့လို့
အမှုရင်ဆိုင်နေရကာ၊ အားလုံးရဲ့ ဝိုင်းကျဉ်တာကိုပါ ခံနေရပါတယ်။
အဖွသတင်းဌာနတွေက ဂိုးသမား ဟန်ဒါဆန်ကပါ
သူ့ရဲ့ ကောင်မလေး အပေါ် အချစ်ကြမ်းတယ်ဆိုပြီး ဖွခဲ့ကြတာပါ။
zawgyi
ဂရင်းဝုဒ်လို အကြမ်းအရမ်း ချစ်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချခဲ့တဲ့ ဟန်ဒါဆန်