ဂရင်းဝုဒ်နဲ့ပတ်သက်သမျှ ကလပ်စတိုးက ဖယ်ရှားလိုက်တဲ့ ယူနိုက်တက်နဲ့ ဒေါသတကြီးတောင်းဆိုနေတဲ့ ပရိသတ်များ

မန်ယူအသင်းဟာ ကလပ်အသင်းဝက်ဘ်ဆိုဒ်က ဂရင်းဝုဒ်နာမည်နဲ့

ဝယ်ခြမ်းလို့ရတဲ့ ပစ္စည်းမှန်သမျှ အားလုံးကို ဖယ်ရှားလိုက်ပါတယ်။ ဒါ့အပြင်

ဒေါသထွက်နေကြတဲ့အသင်းပရိသတ်တွေကလည်း ဂရင်းဝုဒ်နာမည်ပါတဲ့

အင်္ကျီတွေကို ပြန်လဲပေးဖို့ အိုးလ်ထရက်ဖို့ဒ်က ကလပ်စတိုးမှာ

တောင်းဆိုနေကြပါတယ်။ ဂရင်းဝုဒ်ဟာ မုဒိမ်းနဲ့ကိုယ်ထိလက်ရောက်

စော်ကားတယ်ဆိုတဲ့စွပ်စွဲမှုတွေအတွက် ရဲတွေရဲ့ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရဆဲပါ။

သူဖမ်းဆီးခံခဲ့ရတာရဲ့နောက်ဆက်တွဲကလည်း ကြီးမားခဲ့ပြီး အဲဒီအတွက်

ပြန်လည်အဖက်ဆယ်နိုင်ဖို့ အတော်လေးအချိန်ယူရမှာပါ။

လောလောဆယ်တော့ စီနီယာတွေဖြစ်ကြတဲ့ ဒီဂီယာ၊ စီရော်နယ်ဒိုနဲ့ ပေါ့ဂ်ဘာတို့အပါအဝင်

အသင်းဖော် ၁၀ ယောက်က ဆိုရှယ်မီဒီယာပေါ်မှာ သူ့ကို unfollow လုပ်ခဲ့ကြပြီး

Nike ကလည်း စပွန်ဆာစာချုပ်ကို ဆိုင်းငံ့လိုက်ပါတယ်။ မန်ယူအသင်းရဲ့

အင်္ကျိစပွန်ဆာဖြစ်တဲ့ TeamViewer က အခြေအနေကို သူတို့အနီးကပ်

စောင့်ကြည့်နေကြောင်း ဆိုခဲ့သလို ကလပ်ရဲ့နောက်ထပ်စပွန်ဆာတစ်ခုဖြစ်တဲ့

Cadbury ကလည်း သူတို့ရဲ့ဘယ်ဈေးကွက်ထုတ်ကုတ်မှာမဆို ဂရင်းဝုဒ်ပါဝင်မှာ

မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ အခုဆို ကလပ်ရဲ့အွန်လိုင်းရှော့မှာ

ကစားသမားတွေစာရင်းကနေ ဂရင်းဝုဒ်နာမည်ကို ဖယ်ရှားလိုက်ပြီဖြစ်လို့ သူ့နာမည်နဲ့

ရိုက်ရှာရင် ကွက်လပ်ပဲဖြစ်နေမှာပါ။

ဒါ့အပြင် ဒေါသထွက်နေတဲ့ ပရိသတ်တွေကလည်း ဂရင်းဝုဒ်ရဲ့ကျောနံပါတ် ၁၁ ကို

သူတို့မလိုချင်တော့လို့ အဲဒီအတွက် အစားပြန်ပေးဖို့ ကလပ်ရဲ့မီဂါစတိုးမှာ

လာရောက်တောင်းဆိုနေကြပါတယ်။ တစ်နည်းအားဖြင့် အမှုအသွားအလားသာ

အခြေအနေမကောင်းတော့ရင် အသက် ၂၀ အရွယ် ဂရင်းဝုဒ်ရဲ့ကစားသမားဘဝဟာ

အဆုံးသတ်သွင်းနိုင်ပါတယ်။

Zawgyi

ဂရင္းဝုဒ္နဲ႔ပတ္သက္သမွ် ကလပ္စတိုးက ဖယ္ရွားလိုက္တဲ့ ယူႏိုက္တက္နဲ႔
ေဒါသတႀကီးေတာင္းဆိုေနတဲ့ ပရိသတ္မ်ား

မန္ယူအသင္းဟာ ကလပ္အသင္းဝက္ဘ္ဆိုဒ္က ဂရင္းဝုဒ္နာမည္နဲ႔

ဝယ္ျခမ္းလို႔ရတဲ့ ပစၥည္းမွန္သမွ် အားလုံးကို ဖယ္ရွားလိုက္ပါတယ္။ ဒါ့အျပင္

ေဒါသထြက္ေနၾကတဲ့အသင္းပရိသတ္ေတြကလည္း ဂရင္းဝုဒ္နာမည္ပါတဲ့

အက်ႌေတြကို ျပန္လဲေပးဖို႔ အိုးလ္ထရက္ဖို႔ဒ္က ကလပ္စတိုးမွာ

ေတာင္းဆိုေနၾကပါတယ္။ ဂရင္းဝုဒ္ဟာ မုဒိမ္းနဲ႔ကိုယ္ထိလက္ေရာက္

ေစာ္ကားတယ္ဆိုတဲ့စြပ္စြဲမႈေတြအတြက္ ရဲေတြရဲ႕ဖမ္းဆီးစစ္ေဆးျခင္းကို ခံေနရဆဲပါ။

 

သူဖမ္းဆီးခံခဲ့ရတာရဲ႕ေနာက္ဆက္တြဲကလည္း ႀကီးမားခဲ့ၿပီး အဲဒီအတြက္

ျပန္လည္အဖက္ဆယ္ႏိုင္ဖို႔ အေတာ္ေလးအခ်ိန္ယူရမွာပါ။

ေလာေလာဆယ္ေတာ့ စီနီယာေတြျဖစ္ၾကတဲ့ ဒီဂီယာ၊ စီေရာ္နယ္ဒိုနဲ႔ ေပါ့ဂ္ဘာတို႔အပါအဝင္

အသင္းေဖာ္ ၁၀ ေယာက္က ဆိုရွယ္မီဒီယာေပၚမွာ သူ႔ကို unfollow လုပ္ခဲ့ၾကၿပီး

Nike ကလည္း စပြန္ဆာစာခ်ဳပ္ကို ဆိုင္းငံ့လိုက္ပါတယ္။ မန္ယူအသင္းရဲ႕

အက်ႋစပြန္ဆာျဖစ္တဲ့ TeamViewer က အေျခအေနကို သူတို႔အနီးကပ္

ေစာင့္ၾကည့္ေနေၾကာင္း ဆိုခဲ့သလို ကလပ္ရဲ႕ေနာက္ထပ္စပြန္ဆာတစ္ခုျဖစ္တဲ့

Cadbury ကလည္း သူတို႔ရဲ႕ဘယ္ေဈးကြက္ထုတ္ကုတ္မွာမဆို ဂရင္းဝုဒ္ပါဝင္မွာ

မဟုတ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ အခုဆို ကလပ္ရဲ႕အြန္လိုင္းေရွာ့မွာ

ကစားသမားေတြစာရင္းကေန ဂရင္းဝုဒ္နာမည္ကို ဖယ္ရွားလိုက္ၿပီျဖစ္လို႔ သူ႔နာမည္နဲ႔

႐ိုက္ရွာရင္ ကြက္လပ္ပဲျဖစ္ေနမွာပါ။

 

ဒါ့အျပင္ ေဒါသထြက္ေနတဲ့ ပရိသတ္ေတြကလည္း ဂရင္းဝုဒ္ရဲ႕ေက်ာနံပါတ္ ၁၁ ကို

သူတို႔မလိုခ်င္ေတာ့လို႔ အဲဒီအတြက္ အစားျပန္ေပးဖို႔ ကလပ္ရဲ႕မီဂါစတိုးမွာ

လာေရာက္ေတာင္းဆိုေနၾကပါတယ္။ တစ္နည္းအားျဖင့္ အမႈအသြားအလားသာ

အေျခအေနမေကာင္းေတာ့ရင္ အသက္ ၂၀ အ႐ြယ္ ဂရင္းဝုဒ္ရဲ႕ကစားသမားဘဝဟာ

အဆုံးသတ္သြင္းႏိုင္ပါတယ္။