
ဆောက်ဂိတ်ရဲ့ ဖယ်ကြဉ်ခြင်းကို ခံလိုက်ရပြန်တဲ့ မေဆင် ဂရင်းဝုဒ်
အင်္ဂလန်အသင်းဟာမန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးမေဆင်ဂရင်းဝုဒ်ကို
ရွေးချယ်ရန်စဉ်းစားသွားတော့မှာမဟုတ်ပါဘူး။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာမေဆင်ဂရင်းဝုဒ်ကိုစွပ်စွဲထားတဲ့အမှုများ
ပြီးပြတ်သွားချိန်တွင်မှ ရွေးချယ်ရန်စဉ်းစားသွားပါမယ်။
ဂရင်းဝုဒ်ဟာရည်းစားကိုဗလက္ကာယပြုမှု၊နာကျင်စေမှု၊
အသက်အန္တရာယ်ခြိမ်းခြောက်မှု၊လိင်အကြမ်းဖက်မှုတို့ဖြင့်ဖမ်းဆီးခြင်းခံခဲ့ရပြီး
သုံးရက်တိုင်တိုင်အချုပ်မှာထိန်းသိမ်းခံခဲ့ရပါတယ်။
အသက်၂၀နှစ်ရှိယူနိုက်တက်စတားဟာဗုဒ္ဓဟူးနေ့တုန်းက
အာမခံဖြင့်ပြန်လည်လွတ်မြောက်လာပေမဲ့
ရဲတပ်ဖွဲ့ကအမှုတည်ဆောက်ရန်စစ်ဆေးခံနေရတုန်းဖြစ်ပါတယ်။
ယူနိုက်တက်ကဂရင်းဝုဒ်ကိုအသင်းနှင့်ပတ်သက်ခွင့်ရပ်ဆိုင်းထားတဲ့အပြင်
Nike ကလည်းစပွန်ဆာစာချုပ်အားဆိုင်းငံ့ထားပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာလည်းမေဆင်ဂရင်းဝုဒ်ကိုအမှုကိစ္စ
ပြီးပြတ်သွားတဲ့အချိန်မှသာလျှင်အင်္ဂလန်အသင်းတွင်ရွေးချယ်ရန်စဉ်းစားသွားပါမယ်။
ဂရင်းဝုဒ်ဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလတုန်းကအိုက်စလန်နှင့်
နေးရှင်းလိဂ်ပွဲကစားပြီးနောက်ဟိုတယ်သို့မိန်းကလေးငယ်များကိုခေါ်ဆောင်ကာ
ကိုဗစ်စည်းမျဉ်းချိုးဖောက်မှုကြောင့်အိမ်ပြန်ပို့ခံရသူလည်းဖြစ်ပါတယ်။
zawgyi
ဂရင္းဝုဒ္ကို စြပ္စြဲထားတဲ့အမႈမ်ား ၿပီးျပတ္သြားခ်ိန္မွ ေ႐ြးခ်ယ္ရန္စဥ္းစားသြားမယ္ဆိုတဲ့ ေဆာက္ဂိတ္
ေဆာက္ဂိတ္ရဲ႕ ဖယ္ၾကဥ္ျခင္းကို ခံလိုက္ရျပန္တဲ့ ေမဆင္ ဂရင္းဝုဒ္
အဂၤလန္အသင္းဟာမန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေမဆင္ဂရင္းဝုဒ္ကို
ေ႐ြးခ်ယ္ရန္စဥ္းစားသြားေတာ့မွာမဟုတ္ပါဘူး။
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာေမဆင္ဂရင္းဝုဒ္ကိုစြပ္စြဲထားတဲ့အမႈမ်ား
ၿပီးျပတ္သြားခ်ိန္တြင္မွ ေ႐ြးခ်ယ္ရန္စဥ္းစားသြားပါမယ္။
ဂရင္းဝုဒ္ဟာရည္းစားကိုဗလကၠာယျပဳမႈ၊နာက်င္ေစမႈ၊
အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈ၊လိင္အၾကမ္းဖက္မႈတို႔ျဖင့္ဖမ္းဆီးျခင္းခံခဲ့ရၿပီး
သုံးရက္တိုင္တိုင္အခ်ဳပ္မွာထိန္းသိမ္းခံခဲ့ရပါတယ္။
အသက္၂၀ႏွစ္ရွိယူႏိုက္တက္စတားဟာဗုဒၶဟူးေန႔တုန္းက
အာမခံျဖင့္ျပန္လည္လြတ္ေျမာက္လာေပမဲ့
ရဲတပ္ဖြဲ႕ကအမႈတည္ေဆာက္ရန္စစ္ေဆးခံေနရတုန္းျဖစ္ပါတယ္။
ယူႏိုက္တက္ကဂရင္းဝုဒ္ကိုအသင္းႏွင့္ပတ္သက္ခြင့္ရပ္ဆိုင္းထားတဲ့အျပင္
Nike ကလည္းစပြန္ဆာစာခ်ဳပ္အားဆိုင္းငံ့ထားပါတယ္။
အဂၤလန္နည္းျပေဆာက္ဂိတ္ဟာလည္းေမဆင္ဂရင္းဝုဒ္ကိုအမႈကိစၥ
ၿပီးျပတ္သြားတဲ့အခ်ိန္မွသာလွ်င္အဂၤလန္အသင္းတြင္ေ႐ြးခ်ယ္ရန္စဥ္းစားသြားပါမယ္။
ဂရင္းဝုဒ္ဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာလတုန္းကအိုက္စလန္ႏွင့္
ေနးရွင္းလိဂ္ပြဲကစားၿပီးေနာက္ဟိုတယ္သို႔မိန္းကေလးငယ္မ်ားကိုေခၚေဆာင္ကာ
ကိုဗစ္စည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္အိမ္ျပန္ပို႔ခံရသူလည္းျဖစ္ပါတယ္။