ဂရင်းဝုဒ်ကို စပွန်ဆာပေးထားမှုကနေရုပ်သိမ်းလိုက်ပြီဖြစ်တဲ့ Nike

အမေရိကန်အခြေစိုက် အားကစားအသုံးအဆောင်ပစ္စည်းတွေထုတ်လုပ်တဲ့

Nike ကုမ္ပဏီဟာ မန်ယူအသင်းတိုက်စစ်မှူးမေဆန်ဂရင်းဝုဒ်ကို

စပွန်ဆာပေးထားမှုကနေရုပ်သိမ်းလိုက်ပြီလို့ မနေ့တုန်းကအတည်ပြုခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာသူ့ချစ်သူလို့ဆိုတဲ့ အမျိုးသမီးကို အဓ္ဓမပြုကျင့်ခြင်း

ကိုယ်ထိလက်ရောက်နှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့

ပြီးခဲ့တဲ့တစ်ပတ်ကစွပ်စွဲခံခဲ့ရပြီး အဲဒီကတည်းက Nike ကအခြေအနေတွေကို

စောင့်ကြည့်နေတယ်လို့ ကြေညာခဲ့ပြီး ဂရင်းဝုဒ်ကို

စပွန်ဆာပေးထားမှု ဆိုင်းငံ့ထားခဲ့တာပါ။

ရဲတပ်ဖွဲ့ကသူ့ကိုဖမ်းဆီးကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး

လက်ရှိမှာ အာမခံရထားပေမယ့် Nikeကတော့ဒီပြဿနာတွေကြောင့်

ဂရင်းဝုဒ်ကိုစပွန်ဆာပေးထားမှုအဆုံးသတ်လိုက်ပြီလို့ အတည်ပြုခဲ့တာပါ။

သူတို့ကြားကစပွန်ဆာတန်ကြေးဘယ်လောက်ရှိသလဲဆိုတာ မသိရပေမယ့်

ပေါင်သန်းနဲ့ချီပြီးရှိလိမ့်မယ်လို့တော့ ခန့်မှန်းထားပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာဒီပြဿနာကြောင့်

ရဲတပ်ဖွဲ့ရဲ့ ၃ ရက်တာဖမ်းဆီးခြင်းကိုခံခဲ့ရပြီးအာမခံလည်းရခဲ့တာပါ။

ဒါပေမယ့်အထောက်အထားခိုင်လုံနေတဲ့အတွက်

မကြာခင်မှာသူ့ကိုစွဲချက်တင်ဖို့ရှိနေတယ်လို့လည်းဆိုပါတယ်။

သူ့အပေါ်စွပ်စွဲမှုတွေဟာပြီးခဲ့တဲ့ဇန်နဝါရီ ၃၀ ကပုံတွေနဲ့တကွ

အွန်လိုင်းပေါ်မှာထွက်ပေါ်လာခဲ့တာလည်းဖြစ်ပြီး

အဲဒီပုံတွေကို မိန်းကလေးဘက်က ချက်ခြင်းဆိုသလိုဖြုတ်ချခဲ့ပါတယ်။

Nike ရဲ့ပြောရေးဆိုခွင့်ရှိသူက” ဂရင်းဝုဒ်ဟာကျွန်တော်တို့ရဲ့

အားကစားသမားမဟုတ်တော့ပါဘူး” လို့ အတိုချုံးပြောသွားပါတယ်။

ဂရင်းဝုဒ်ဟာမန်ယူအသင်းမှာစတင်ပွဲထွက်ခွင့်ရတဲ့

၂၀၁၉ အတွင်းမှာဘဲ Nike နဲ့စပွန်ဆာရရှိခဲ့တာဖြစ်ပြီး

အဲဒီကတည်းက Nike ကထုတ်တဲ့ဘောကန်ဖိနပ်ကိုသာ

အမြဲတစေဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာလည်း မန်ယူအသင်းက သူ့ကိုကစားခွင့်ဆိုင်းငံ့ထားပြီး

သူ့နာမည်ပါဝင်တဲ့ အသုံးအဆောင်တွေအားလုံးကိုလည်း သိမ်းဆည်းထားကာ

သူ့အမည်ပါအင်္ကျီဝယ်ထားသူတွေကိုလည်း ငွေပြန်အမ်းပေးနေပါတယ်။

ဒီပြဿနာကြောင့် ဂရင်းဝုဒ်ဟာ EA’s FIFA 22 ဂိမ်းကနေလည်းဖယ်ရှားခံခဲ့ရတာပါ။

zawgyi

ဂရင္းဝုဒ္ကို စပြန္ဆာေပးထားမႈကေန႐ုပ္သိမ္းလိုက္ၿပီျဖစ္တဲ့ Nike

အေမရိကန္အေျခစိုက္ အားကစားအသုံးအေဆာင္ပစၥည္းေတြထုတ္လုပ္တဲ့

Nike ကုမၸဏီဟာ မန္ယူအသင္းတိုက္စစ္မႉးေမဆန္ဂရင္းဝုဒ္ကို

စပြန္ဆာေပးထားမႈကေန႐ုပ္သိမ္းလိုက္ၿပီလို႔ မေန႔တုန္းကအတည္ျပဳခဲ့ပါတယ္။

ဂရင္းဝုဒ္ဟာသူ႔ခ်စ္သူလို႔ဆိုတဲ့ အမ်ိဳးသမီးကို အဓၶမျပဳက်င့္ျခင္း

ကိုယ္ထိလက္ေရာက္ႏွိပ္စက္ျခင္းတို႔ ျပဳလုပ္ခဲ့တယ္လို႔

ၿပီးခဲ့တဲ့တစ္ပတ္ကစြပ္စြဲခံခဲ့ရၿပီး အဲဒီကတည္းက Nike ကအေျခအေနေတြကို

ေစာင့္ၾကည့္ေနတယ္လို႔ ေၾကညာခဲ့ၿပီး ဂရင္းဝုဒ္ကိုစပြန္ဆာေပးထားမႈ ဆိုင္းငံ့ထားခဲ့တာပါ။

ရဲတပ္ဖြဲ႕ကသူ႔ကိုဖမ္းဆီးကာ စစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီး

လက္ရွိမွာ အာမခံရထားေပမယ့္ Nikeကေတာ့ဒီျပႆနာေတြေၾကာင့္

ဂရင္းဝုဒ္ကိုစပြန္ဆာေပးထားမႈအဆုံးသတ္လိုက္ၿပီလို႔ အတည္ျပဳခဲ့တာပါ။

သူတို႔ၾကားကစပြန္ဆာတန္ေၾကးဘယ္ေလာက္ရွိသလဲဆိုတာ မသိရေပမယ့္

ေပါင္သန္းနဲ႔ခ်ီၿပီးရွိလိမ့္မယ္လို႔ေတာ့ ခန႔္မွန္းထားပါတယ္။

အသက္ ၂၀ သာရွိေသးတဲ့ ဂရင္းဝုဒ္ဟာဒီျပႆနာေၾကာင့္

ရဲတပ္ဖြဲ႕ရဲ႕ ၃ ရက္တာဖမ္းဆီးျခင္းကိုခံခဲ့ရၿပီးအာမခံလည္းရခဲ့တာပါ။

ဒါေပမယ့္အေထာက္အထားခိုင္လုံေနတဲ့အတြက္

မၾကာခင္မွာသူ႔ကိုစြဲခ်က္တင္ဖို႔ရွိေနတယ္လို႔လည္းဆိုပါတယ္။

သူ႔အေပၚစြပ္စြဲမႈေတြဟာၿပီးခဲ့တဲ့ဇန္နဝါရီ ၃၀ ကပုံေတြနဲ႔တကြ

အြန္လိုင္းေပၚမွာထြက္ေပၚလာခဲ့တာလည္းျဖစ္ၿပီး

အဲဒီပုံေတြကို မိန္းကေလးဘက္က ခ်က္ျခင္းဆိုသလိုျဖဳတ္ခ်ခဲ့ပါတယ္။

Nike ရဲ႕ေျပာေရးဆိုခြင့္ရွိသူက” ဂရင္းဝုဒ္ဟာကြၽန္ေတာ္တို႔ရဲ႕

အားကစားသမားမဟုတ္ေတာ့ပါဘူး” လို႔ အတိုခ်ဳံးေျပာသြားပါတယ္။

ဂရင္းဝုဒ္ဟာမန္ယူအသင္းမွာစတင္ပြဲထြက္ခြင့္ရတဲ့

၂၀၁၉ အတြင္းမွာဘဲ Nike နဲ႔စပြန္ဆာရရွိခဲ့တာျဖစ္ၿပီး

အဲဒီကတည္းက Nike ကထုတ္တဲ့ေဘာကန္ဖိနပ္ကိုသာ

အၿမဲတေစဝတ္ဆင္ခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာလည္း မန္ယူအသင္းက သူ႔ကိုကစားခြင့္ဆိုင္းငံ့ထားၿပီး

သူ႔နာမည္ပါဝင္တဲ့ အသုံးအေဆာင္ေတြအားလုံးကိုလည္း သိမ္းဆည္းထားကာ

သူ႔အမည္ပါအက်ႌဝယ္ထားသူေတြကိုလည္း ေငြျပန္အမ္းေပးေနပါတယ္။

ဒီျပႆနာေၾကာင့္ ဂရင္းဝုဒ္ဟာ EA’s FIFA 22 ဂိမ္းကေနလည္းဖယ္ရွားခံခဲ့ရတာပါ။