ဂယ်လက်ဟာ အနီကတ်ပြစ်ဒဏ်အတွက် အကြောင်းပြချက် ပေးစရာမရှိဘူးလို့ ဆိုလိုက်တဲ့ တူချယ်

စပါးနဲ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားမှုကြောင့် အက်ဖ်အေရဲ့ သတိပေးမှု ခံထားရတဲ့ ချဲလ်ဆီးနည်းပြ တူချယ်ဟာ ဂယ်လက်ဟာ အနီကတ်ပြစ်ဒဏ်အတွက် အကြောင်းပြချက် ပေးစရာ မရှိဘူးလို့ဆိုလိုက်ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဂယ်လက်ဟာ, ဟာ လက်စတာကိုအနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန် ၂၈ မိနစ်ကတည်းက နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဂယ်လက်ဟာ ထုတ်ပယ်ခံရချိန်မှာ ဂိုးမရှိသရေ ရလဒ်ဖြစ်ပေါ်နေတဲ့ ချဲလ်ဆီးအတွက် ဖိအားတွေများခဲ့ရပေမယ့်

နည်းပြ တူချယ်ကတော့ တည်ငြိမ်စွာနဲ့ပဲ အနိုင် ရလဒ်အတွက် အာရုံစိုက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂယ်လက်ဟာ ထုတ်ပယ်ခံရချိန်မှာလည်း ဘယ်လိုတုံ့ပြန်မှု မျိုးကိုမှမပြခဲ့ဘဲ ပါးစပ်ပိတ်ပြီး နေပြသွားခဲ့တာပါ။ ဂယ်လက်ဟာကတော့ အနီကတ်ပြစ်ဒဏ်အတွက်

အသင်း ဖော်တွေအပါအဝင် အသင်းပိုင်ရှင်တွေနဲ့ ပရိသတ်တွေကို သူမှားခဲ့ကြောင်းဝန်ခံသွားခဲ့ပြီး သူ့လုပ်ရပ်အတွက် တောင်းပန်ကြောင်း ဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့လုပ်ရပ်ဟာ အသင်းအတွက်ကြီးမားတဲ့ဖိအားတွေကိုဖြစ်စေခဲ့ ပေမယ့် အသင်းဖော်တွေက

အကောင်းဆုံးကြိုးစားပြီး အနိုင်ရလဒ်ယူပေးနိုင်ခဲ့အတွက် ကျေးဇူးတင်ကြောင်းပြော ခဲ့ပါတယ်။ ဂယ်လက်ဟာ, ဟာပွဲအစ ၆ မိနစ်ကတည်းက အဝါကတ်အပြခံထားရတာြဖစ်ပြီး ပွဲချိန် ၂၈ မိနစ် လောက်မှာ ဒုတိယအဝါကတ် ထပ်မံပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ တော့ နည်းပြတူချယ်က ပထမအကြိမ်သတိပေးခံထားရတဲ့ကစားသမားအနေနဲ့ ဒုတိယအကြိမ်ထပ်ပြီးမကျူးလွန် မိဖို့ဂရုစိုက်သင့်ပြီး ဂယ်လက်ဟာရဲ့ ဒုတိယအကြိမ်အဝါကတ်ဟာ အသင်းအတွက် ကြီးမားတဲ့ အားနည်းချက်ကို ဖြစ်စေခဲ့တယ်လို့

ပြောသွားပါတယ်။ ဒါ့အပြင် ဂယ်လက်ဟာအနေနဲ့လည်း ကြီးမားတဲ့အမှားကို လုပ်မိခဲ့တယ် ဆိုတာသိလိမ့်မယ်ထင်တယ်လို့ သတိပေးသွားခဲ့တာပါ။ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့တော့ အကြောင်းပြချက် ပေးစရာမရှိဘူးလို့ ဆိုသွားခဲ့ပါတယ်။

(zawgyi)

စပါးနဲ႔ပြဲမွာ ကြင္းလယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ေဝဖန္ေျပာၾကားမႈေၾကာင့္ အက္ဖ္ေအရဲ႕ သတိေပးမႈ ခံထားရတဲ့ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ဟာ ဂယ္လက္ဟာ အနီကတ္ျပစ္ဒဏ္အတြက္ အေၾကာင္းျပခ်က္ ေပးစရာ မရွိဘူးလို႔ဆိုလိုက္ပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္လူ ဂယ္လက္ဟာ, ဟာ လက္စတာကိုအႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ ၂၈ မိနစ္ကတည္းက ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။ ဂယ္လက္ဟာ ထုတ္ပယ္ခံရခ်ိန္မွာ ဂိုးမရွိသေရ ရလဒ္ျဖစ္ေပၚေနတဲ့ ခ်ဲလ္ဆီးအတြက္ ဖိအားေတြမ်ားခဲ့ရေပမယ့္ နည္းျပ တူခ်ယ္ကေတာ့ တည္ၿငိမ္စြာနဲ႔ပဲ

အႏိုင္ ရလဒ္အတြက္ အာ႐ုံစိုက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂယ္လက္ဟာ ထုတ္ပယ္ခံရခ်ိန္မွာလည္း ဘယ္လိုတုံ႔ျပန္မႈ မ်ိဳးကိုမွမျပခဲ့ဘဲ ပါးစပ္ပိတ္ၿပီး ေနျပသြားခဲ့တာပါ။ ဂယ္လက္ဟာကေတာ့ အနီကတ္ျပစ္ဒဏ္အတြက္ အသင္း ေဖာ္ေတြအပါအဝင္ အသင္းပိုင္ရွင္ေတြနဲ႔ ပရိသတ္ေတြကို

သူမွားခဲ့ေၾကာင္းဝန္ခံသြားခဲ့ၿပီး သူ႔လုပ္ရပ္အတြက္ ေတာင္းပန္ေၾကာင္း ဆိုသြားခဲ့ပါတယ္။ ဒါ့အျပင္ သူ႔လုပ္ရပ္ဟာ အသင္းအတြက္ႀကီးမားတဲ့ဖိအားေတြကိုျဖစ္ေစခဲ့ ေပမယ့္ အသင္းေဖာ္ေတြက အေကာင္းဆုံးႀကိဳးစားၿပီး

အႏိုင္ရလဒ္ယူေပးႏိုင္ခဲ့အတြက္ ေက်းဇူးတင္ေၾကာင္းေျပာ ခဲ့ပါတယ္။ ဂယ္လက္ဟာ, ဟာပြဲအစ ၆ မိနစ္ကတည္းက အဝါကတ္အျပခံထားရတာျဖစ္ၿပီး ပြဲခ်ိန္ ၂၈ မိနစ္ ေလာက္မွာ ဒုတိယအဝါကတ္ ထပ္မံျပသခံရၿပီး ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ေတာ့ နည္းျပတူခ်ယ္က ပထမအႀကိမ္သတိေပးခံထားရတဲ့ကစားသမားအေနနဲ႔ ဒုတိယအႀကိမ္ထပ္ၿပီးမက်ဴးလြန္ မိဖို႔ဂ႐ုစိုက္သင့္ၿပီး ဂယ္လက္ဟာရဲ႕ ဒုတိယအႀကိမ္အဝါကတ္ဟာ အသင္းအတြက္ ႀကီးမားတဲ့ အားနည္းခ်က္ကို ျဖစ္ေစခဲ့

တယ္လို႔ ေျပာသြားပါတယ္။ ဒါ့အျပင္ ဂယ္လက္ဟာအေနနဲ႔လည္း ႀကီးမားတဲ့အမွားကို လုပ္မိခဲ့တယ္ ဆိုတာသိလိမ့္မယ္ထင္တယ္လို႔ သတိေပးသြားခဲ့တာပါ။ ကြင္းလယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ေတာ့ အေၾကာင္းျပခ်က္ ေပးစရာမရွိဘူးလို႔ ဆိုသြားခဲ့ပါတယ္။