လေလုံးနဲ့ ဝင်ငွေကောင်းတဲ့ နဗီးလ်ရဲ့ အချို့ ပြောဆိုချက်တွေဟာ သေချာဆန်းစစ်ရပါမယ်။
တော်ကြာ အမြင့် မရောက်ဘဲ အောက်ပြုတ်ကြနေပါ့မယ်။ အခုလည်း ဒါဘီအတွက်
အစွမ်းကုန်အားထုတ်ပြီး နာမည်ကောင်းရနေတဲ့ ရွန်းနီကို ပရိသတ်တွေ မုန်းသွားစေနိုင်တဲ့
အကြံပေးစကားတွေ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး
ဂယ်ရီနဗီးလ်က လက်ရှိ ဒါဘီနည်းပြ ရွန်းနီအနေနဲ့ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ကို
ကိုင်တွယ်ခွင့်ဆိုတဲ့ အခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
ရာဖေးလ်ဘင်နီတက်ဇ်ကို အသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက်မှာ
နည်းပြပေါင်းများစွာနဲ့ သတင်းထွက်လာခဲ့ရတဲ့ အဲဗာတန်အသင်းဟာ လတ်တလောမှာ
အသင်းရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ဒန်ကန်ဖာဂူဆန်ကိုပဲ ယာယီနည်းပြအဖြစ်
တာဝန်ပေးထားပြီး အမြဲတမ်းနည်းပြတစ်ဦးကို ရှာဖွေလျက် ရှိနေပါတယ်။ ရွန်းနီဟာ
အဲဗာတန် ငယ်မွေးခြံပေါက် ကစားသမားတစ်ယောက်ဖြစ်သလို ယူနိုက်တက်မှာလည်း
ဂယ်ရီနဗီးလ်နဲ့ အသင်းဖော်ဟောင်း၊ ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားဟောင်း
တစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရွန်းနီက လိဂ်ချန်ပီယံရှစ်ကလပ်
ဒါဘီရဲ့နည်းပြအဖြစ် ဆောင်ရွက်နေပြီး၊ ဘဏ္ဍာရေး အကြပ်အတည်း ၊ ရမှတ်လျှော့
ပြစ်ဒဏ်တွေ ရှိနေတဲ့ ကြားကနေ ဒါဘီအသင်းကို တန်းဆင်းဇုန် ကနေ လွတ်မြောက်ခါနီး
အနေအထား အထိ ရောက်ရှိအောင် ဦးဆောင်ပေးထားနိုင်သူပါ။
ဂယ်ရီနဗီးလ်က “ရွန်းနီအနေနဲ့ အဲဗာတန်နည်းပြရာထူးအတွက် ကျွန်တော့်ဆီ
ဖုန်းဆက်ပြီး အကြံတောင်းနေစရာတောင် မလိုပါဘူး။ ကျွန်တော့်စိတ်ထင်
သူ ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်ပါတယ်” “ရွန်းနီက အဲဗာတန်နည်းပြဖြစ်လာဖို့
သတင်းတွေထွက်နေတယ်။ အဲဗာတန် ပရိသတ်အဖြစ် ငယ်ဘဝတည်းက ကြီးပြင်းလာခဲ့တယ်။
သူ့အတွက် အဲဗာတန်နည်းပြရာထူးရဖို့အတွက် အဲဗာတန်ကို ပြန်သွားဖို့ (၅) မိနစ်တောင်
စဉ်းစားစရာ မလိုဘူးလို့ထင်ပါတယ်” “အခုချိန်မှာ ဒါက သူ့အတွက် သင့်တော်ရဲ့လား၊
မသင့်တော်ဘူးလား၊ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာတော့ ကျွန်တော်လည်း
မသိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
Zawgyi
ဂယ်ရီနဗီးလ်ရဲ့ ရွန်းနီအပေါ် ရိုက်ချက်ပြင်းတဲ့အကြံပေးချက်