ဂယက်ထနေတဲ့ ဖရက် ဒ် ရဲ့ သွင်းဂိုးအကြောင်း

မန်ယူအသင်းဟာ မနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့နိုင်ခဲ့ရာမှာ

ကွင်းလယ်လူ ဖရက်ဒ်ကညာခြေနဲ့ လှလှပပကန် သွင်းပြီးမန်ယူအတွက်

တစ်လုံးတည်းသောအနိုင်င်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာသူ့အတွက်

ဒီရာသီပရီးမီးယားလိဂ်မှာ ဒုတိယမြောက်သွင်းဂိုးလည်းဖြစ်ပါတယ်။

အဲဒီဘရာဇီးသားဟာ နည်းပြသစ်ရန်းနစ်ခ် လက်ထက်မှာသူ့ရဲ့တာဝန်ယူရမှုပိုင်း

သိပ်မပြောင်းလဲခဲ့ပေမယ့် အခုလိုရန်းနစ်ခ်ရဲ့ပွဲဦးထွက်မှာ အနိုင်ရစေမယ့်ဂိုးကို

သွင်းယူပေးခဲ့လို့ မှတ်မှတ်ရရဖြစ်ခဲ့ရပါတယ်။

ဒီအတွက် ကစားဖော်တွေနဲ့ နည်းပြ ရန်းနစ်ခ်က ဖရက်ဒ်ကိုချီးကျူခဲ့ကြပါတယ်။

ဒါပေမယ့် ဖာနန်ဒက်စ်ကတော့ သူ့ကစားဖော်ကို

နည်းနည်းလောက်ခေါင်းစားခဲ့တာလည်းတွေ့ရပါတယ်။

သူ့တွစ်တာပေါ်မှာ ဖာနန်ဒက်စ်က” ဒါဟာဖြတ်တင်ဘောကြီးပါကွာ၊

မဟုတ်ဘူးလား” လို့ဆိုခဲ့ပြီး ဒါကိုတုံ့ပြန်တဲ့ ဖရက်ဒ်ရဲ့မှတ်ချက်ကိုလည်း

ဖော်ပြထားပါတယ်။ ဖရက်ဒ်က” ဟေ့ကောင်တွေ မင်းတို့ငါ့ရဲ့ညာခြေထောက်ကိုလည်း

နည်းနည်းတော့လေးစားကြပါဦး” လို့ပြန်ပြောခဲ့ပါတယ်။

ဒါ့အပြင် UtdDistrict ဆိုတဲ့တွစ်တာအကောင့်မှာ ဖာနန်ဒက်စ်က”ဖရက်ဒ်ရဲ့

အခိုက်အတန့်တွေပေါ့ဗျာ။ တစ်နှစ်တစ်ခါကန်ချက်ပေါ့။

သူဟာသဘောထားကောင်းလို့ အားလုံးကသူ့အတွက်ပျော်နေကြတာ။

သူဟာအလုပ်တွေအများကြီး လုပ်ပေမယ့်လူတွေကသူ့အကြောင်း

သိပ်မပြောကြပါဘူး။ အခုလိုဂုဏ်ပြုမှုမျိုးနဲ့သူထိုက်တန်ပါတယ်” လို့ပြောပါသေးတယ်။

အဲဒီအကောင့်မှာဘဲ ဒါလော့တ်က” အခုလိုမျိုးညာခြေနဲ့ ဂိုးပေါက်ထိပ်ပိုင်းရဲ့

ထောင့်ကို ဖရက်ဒ်ကန်သွင်းတာမျိုး ကျုပ်ဖြင့်တစ်ခါမှမတွေ့ခဲ့မိဘူး။

သူ့အတွက်အရမ်းကျေနပ်ပါတယ်။ ဒီဂိုးနဲ့လည်းသူထိုက်တန်ပါတယ်။

ကျွန်တော်တို့အတွက် မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ” လို့ဆိုခဲ့ပါတယ်။

ရန်းနစ်ခ်ကလည်း” ၂ ရက်ဘဲရှိသေးတဲ့အချိန်မှာ ဖရက်ဒ်နဲ့ပတ်သက်ပြီး

ကျွန်တော်ပြောနိုင်တာတစ်ခုက သူဟာသိပ်ကိုအံအားသင့်စရာကောင်းတဲ့သူဆိုတာပါဘဲ။

သူ့အကြောင်းကို အိုလေ(ဆိုးလ်ရှား) ဆီကနေအများကြီးကြားထားပါတယ်။

လက်ရှိမှာကျွန်တော်ပြောနိုင်တာတစ်ခုက သူ့လိုကစားသမားမျိုးအသင်းမှာမှာရှိနေတာ

တကယ့်ကိုကောင်းမွန်တယ်ဆိုတာပါဘဲ” လို့ပြောသွားပါတယ်။

ဖရက်ဒ်ကလည်း” မေဆန်(ဂရင်းဝုဒ်) ကကျွန်တော့်ဆီကိုဘောလုံးပို့ပေးလိုက်တာ

ကောင်းတယ်ဗျ။ ဒါကြောင့်လည်းအခွင့်အရေးရပြီး ကန်သွင်းနိုင်ခဲ့တာပေါ့။

အရမ်းလည်းပျော်ပါတယ်။ ဂိုးသွင်းနိုင်တယ်ဆိုတာ အမြဲတမ်းကောင်းတာပေါ့။

ဒါပေမယ့်အရေးအကြီးဆုံးက အသင်းနိုင်ပွဲရဖို့ပါဘဲ။ စွမ်းဆောင်ရည်ကောင်းသလို

ကစားပုံလည်းကောင်းခဲ့ပြီး ဂိုးလည်းမပေးခဲ့ရပါဘူး။ ဒါကြောင့်ကျွန်တော်တို့အတွက်

အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ဒီလိုပုံစံမျိုးနဲ့ဆက်သွားရမှာပါ” လို့ဆိုခဲ့ပါတယ်။

zawgyi

ဂယက္ထေနတဲ့ ဖရက္ ဒ္ ရဲ႕ သြင္းဂိုးအေၾကာင္း

မန္ယူအသင္းဟာ မေန႔ညတုန္းက ခရစၥတယ္ပဲေလ့စ္ကို ၁-၀ နဲ႔ႏိုင္ခဲ့ရာမွာ

ကြင္းလယ္လူ ဖရက္ဒ္ကညာေျခနဲ႔ လွလွပပကန္ သြင္းၿပီးမန္ယူအတြက္

တစ္လုံးတည္းေသာအႏိုင္င္ဂိုးကိုသြင္းယူေပးခဲ့ပါတယ္။ ဒီဂိုးဟာသူ႔အတြက္

ဒီရာသီပရီးမီးယားလိဂ္မွာ ဒုတိယေျမာက္သြင္းဂိုးလည္းျဖစ္ပါတယ္။

အဲဒီဘရာဇီးသားဟာ နည္းျပသစ္ရန္းနစ္ခ္ လက္ထက္မွာသူ႔ရဲ႕တာဝန္ယူရမႈပိုင္း

သိပ္မေျပာင္းလဲခဲ့ေပမယ့္ အခုလိုရန္းနစ္ခ္ရဲ႕ပြဲဦးထြက္မွာ အႏိုင္ရေစမယ့္ဂိုးကို

သြင္းယူေပးခဲ့လို႔ မွတ္မွတ္ရရျဖစ္ခဲ့ရပါတယ္။

ဒီအတြက္ ကစားေဖာ္ေတြနဲ႔ နည္းျပ ရန္းနစ္ခ္က ဖရက္ဒ္ကိုခ်ီးက်ဴခဲ့ၾကပါတယ္။

ဒါေပမယ့္ ဖာနန္ဒက္စ္ကေတာ့ သူ႔ကစားေဖာ္ကို

နည္းနည္းေလာက္ေခါင္းစားခဲ့တာလည္းေတြ႕ရပါတယ္။

သူ႔တြစ္တာေပၚမွာ ဖာနန္ဒက္စ္က” ဒါဟာျဖတ္တင္ေဘာႀကီးပါကြာ၊

မဟုတ္ဘူးလား” လို႔ဆိုခဲ့ၿပီး ဒါကိုတုံ႔ျပန္တဲ့ ဖရက္ဒ္ရဲ႕မွတ္ခ်က္ကိုလည္း

ေဖာ္ျပထားပါတယ္။ ဖရက္ဒ္က” ေဟ့ေကာင္ေတြ မင္းတို႔ငါ့ရဲ႕ညာေျခေထာက္ကိုလည္း

နည္းနည္းေတာ့ေလးစားၾကပါဦး” လို႔ျပန္ေျပာခဲ့ပါတယ္။

ဒါ့အျပင္ UtdDistrict ဆိုတဲ့တြစ္တာအေကာင့္မွာ ဖာနန္ဒက္စ္က”ဖရက္ဒ္ရဲ႕

အခိုက္အတန႔္ေတြေပါ့ဗ်ာ။ တစ္ႏွစ္တစ္ခါကန္ခ်က္ေပါ့။

သူဟာသေဘာထားေကာင္းလို႔ အားလုံးကသူ႔အတြက္ေပ်ာ္ေနၾကတာ။

သူဟာအလုပ္ေတြအမ်ားႀကီး လုပ္ေပမယ့္လူေတြကသူ႔အေၾကာင္း

သိပ္မေျပာၾကပါဘူး။ အခုလိုဂုဏ္ျပဳမႈမ်ိဳးနဲ႔သူထိုက္တန္ပါတယ္” လို႔ေျပာပါေသးတယ္။

အဲဒီအေကာင့္မွာဘဲ ဒါေလာ့တ္က” အခုလိုမ်ိဳးညာေျခနဲ႔ ဂိုးေပါက္ထိပ္ပိုင္းရဲ႕

ေထာင့္ကို ဖရက္ဒ္ကန္သြင္းတာမ်ိဳး က်ဳပ္ျဖင့္တစ္ခါမွမေတြ႕ခဲ့မိဘူး။

သူ႔အတြက္အရမ္းေက်နပ္ပါတယ္။ ဒီဂိုးနဲ႔လည္းသူထိုက္တန္ပါတယ္။

ကြၽန္ေတာ္တို႔အတြက္ မယုံႏိုင္စရာေကာင္းတဲ့ ကစားသမားပါ” လို႔ဆိုခဲ့ပါတယ္။

ရန္းနစ္ခ္ကလည္း” ၂ ရက္ဘဲရွိေသးတဲ့အခ်ိန္မွာ ဖရက္ဒ္နဲ႔ပတ္သက္ၿပီး

ကြၽန္ေတာ္ေျပာႏိုင္တာတစ္ခုက သူဟာသိပ္ကိုအံအားသင့္စရာေကာင္းတဲ့သူဆိုတာပါဘဲ။

သူ႔အေၾကာင္းကို အိုေလ(ဆိုးလ္ရွား) ဆီကေနအမ်ားႀကီးၾကားထားပါတယ္။

လက္ရွိမွာကြၽန္ေတာ္ေျပာႏိုင္တာတစ္ခုက သူ႔လိုကစားသမားမ်ိဳးအသင္းမွာမွာရွိေနတာ

တကယ့္ကိုေကာင္းမြန္တယ္ဆိုတာပါဘဲ” လို႔ေျပာသြားပါတယ္။

ဖရက္ဒ္ကလည္း” ေမဆန္(ဂရင္းဝုဒ္) ကကြၽန္ေတာ့္ဆီကိုေဘာလုံးပို႔ေပးလိုက္တာ

ေကာင္းတယ္ဗ်။ ဒါေၾကာင့္လည္းအခြင့္အေရးရၿပီး ကန္သြင္းႏိုင္ခဲ့တာေပါ့။

အရမ္းလည္းေပ်ာ္ပါတယ္။ ဂိုးသြင္းႏိုင္တယ္ဆိုတာ အၿမဲတမ္းေကာင္းတာေပါ့။

ဒါေပမယ့္အေရးအႀကီးဆုံးက အသင္းႏိုင္ပြဲရဖို႔ပါဘဲ။ စြမ္းေဆာင္ရည္ေကာင္းသလို

ကစားပုံလည္းေကာင္းခဲ့ၿပီး ဂိုးလည္းမေပးခဲ့ရပါဘူး။ ဒါေၾကာင့္ကြၽန္ေတာ္တို႔အတြက္

အေရးပါတဲ့ ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။ ဒီလိုပုံစံမ်ိဳးနဲ႔ဆက္သြားရမွာပါ” လို႔ဆိုခဲ့ပါတယ္။