ဂန်းနားတွေ ချန်ပီယံဖြစ်ဖို့အတွက် လက်ဆစ်ကျိုးလျက်နဲ့ကစားပေးနေတယ်လို့ ရမ့်စ်ဒေး ဖွင့်ဟ

အာဆင်နယ်ဂိုးသမား ရမ့်စ်ဒေးဟာ ကမ္ဘာ့ဖလားကာလကတည်းက

လက်ဆစ်ကျိုးနေခဲ့တာဖြစ်တယ်လို့ The Fellas podcast နဲ့

တွေ့ဆုံမှုမှာပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၄နှစ်အရွယ်

ဂိုးသမားဟာ ဒီရာသီမှာ အာတီတာရဲ့အသင်းကိုအကောင်းဆုံး

လက်စွမ်းနဲ့ကူညီပေးထားသူဖြစ်တယ်။ အင်္ဂလန်နည်းပြ

ဆောက်ဂိတ်ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရမ့်စ်ဒေးကို

ရွေးချယ်ခဲ့ပေမဲ့ ဦးစားပေးဂိုးသမားအဖြစ်တော့ ပစ်ဖို့ဒ်ကိုသာ

အသုံးပြုခဲ့တာပါ။ ကာတာကနေပြန်လာခဲ့တဲ့နောက်ပိုင်းမှာတော့

ရမ့်စ်ဒေးဟာ လက်ဆစ်ကျိုးနေခဲ့တာကြောင့် အထူးပြုလုပ်ထားတဲ့

လက်အိတ်တွေကိုဝတ်ဆင်ကစားခဲ့ရတာဖြစ်တယ်။

“အဲဒီလက်အိတ်တွေနဲ့ပက်သတ်လို့ မင်းကိုငါပြောပြမယ်။

အလယ်က လက်ချောင်းနှစ်ချောင်းက ကွာဟချက်မရှိတော့ဘဲ

ပူးကပ်နေပါတယ်။ ကမ္ဘာ့ဖလားမှာ လက်ဆစ်ကျိုးသွားတယ်၊

ဒါကြောင့် ကမ္ဘာ့ဖလားကာလမှာကတည်းက ဒီလိုလက်အိတ်တွေနဲ့

ကစားခဲ့ရတာပါ” လို့ ရမ့်ဒေးက ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး ရမ့်စ်ဒေးက ပေါင် ၂၇ သန်းတန်

တိုက်စစ်မှူးသစ်ထရိုဆက်နဲ့ ပက်သတ်တဲ့သူ့ရဲ့အမြင်ကို

ပြောဆိုသွားခဲ့ပါတယ်။ “ထရိုဆက်ဟာ တစ်စုံတစ်ယောက်ရဲ့

နေရာကိုယူမယ်ဆိုတဲ့အတွေးနဲ့လာခဲ့တာပါ။ သူက အသင်းရဲ့

အစိတ်အပိုင်းဖြစ်ချင်ပုံရပါတယ်၊ ကျွန်တော်နဲ့ လီနိုနဲ့တုန်းကပုံစံလိုပေါ့။

လီနိုရဲ့နေရာကို အရယူဖို့ကျွန်တော်အရှိအဟုန်နဲ့လာခဲ့သလို

သူကလည်း တိုက်စစ်ကစားသမား ၃ယောက်ထဲက

တစ်နေရာကိုယူဖို့လာခဲ့တာပါ” လို့ အင်္ဂလန်ဂိုးသမားက

မာတင်နယ်လီ၊ ဆာကာ၊ အန်တီတီရက်ရှ်နဲ့ ဂျီဆပ်စ်တို့ကို သတိပေးလိုက်ပါတယ်။

zawgyi

ဂန္းနားေတြ ခ်န္ပီယံျဖစ္ဖို႔အတြက္ လက္ဆစ္က်ိဳးလ်က္နဲ႔ကစားေပးေနတယ္လို႔ ရမ့္စ္ေဒး ဖြင့္ဟ

အာဆင္နယ္ဂိုးသမား ရမ့္စ္ေဒးဟာ ကမာၻ႔ဖလားကာလကတည္းက

လက္ဆစ္က်ိဳးေနခဲ့တာျဖစ္တယ္လို႔ The Fellas podcast နဲ႔

ေတြ႕ဆုံမႈမွာေျပာဆိုသြားခဲ့ပါတယ္။ အသက္ ၂၄ႏွစ္အ႐ြယ္

ဂိုးသမားဟာ ဒီရာသီမွာ အာတီတာရဲ႕အသင္းကိုအေကာင္းဆုံး

လက္စြမ္းနဲ႔ကူညီေပးထားသူျဖစ္တယ္။ အဂၤလန္နည္းျပ

ေဆာက္ဂိတ္ဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ရမ့္စ္ေဒးကို

ေ႐ြးခ်ယ္ခဲ့ေပမဲ့ ဦးစားေပးဂိုးသမားအျဖစ္ေတာ့ ပစ္ဖို႔ဒ္ကိုသာ

အသုံးျပဳခဲ့တာပါ။ ကာတာကေနျပန္လာခဲ့တဲ့ေနာက္ပိုင္းမွာေတာ့

ရမ့္စ္ေဒးဟာ လက္ဆစ္က်ိဳးေနခဲ့တာေၾကာင့္ အထူးျပဳလုပ္ထားတဲ့

လက္အိတ္ေတြကိုဝတ္ဆင္ကစားခဲ့ရတာျဖစ္တယ္။

“အဲဒီလက္အိတ္ေတြနဲ႔ပက္သတ္လို႔ မင္းကိုငါေျပာျပမယ္။

အလယ္က လက္ေခ်ာင္းႏွစ္ေခ်ာင္းက ကြာဟခ်က္မရွိေတာ့ဘဲ

ပူးကပ္ေနပါတယ္။ ကမာၻ႔ဖလားမွာ လက္ဆစ္က်ိဳးသြားတယ္၊

ဒါေၾကာင့္ ကမာၻ႔ဖလားကာလမွာကတည္းက ဒီလိုလက္အိတ္ေတြနဲ႔

ကစားခဲ့ရတာပါ” လို႔ ရမ့္ေဒးက ဖြင့္ဟခဲ့ပါတယ္။

ဆက္လက္ၿပီး ရမ့္စ္ေဒးက ေပါင္ ၂၇ သန္းတန္

တိုက္စစ္မႉးသစ္ထ႐ိုဆက္နဲ႔ ပက္သတ္တဲ့သူ႔ရဲ႕အျမင္ကို

ေျပာဆိုသြားခဲ့ပါတယ္။ “ထ႐ိုဆက္ဟာ တစ္စုံတစ္ေယာက္ရဲ႕

ေနရာကိုယူမယ္ဆိုတဲ့အေတြးနဲ႔လာခဲ့တာပါ။ သူက အသင္းရဲ႕

အစိတ္အပိုင္းျဖစ္ခ်င္ပုံရပါတယ္၊ ကြၽန္ေတာ္နဲ႔ လီႏိုနဲ႔တုန္းကပုံစံလိုေပါ့။

လီႏိုရဲ႕ေနရာကို အရယူဖို႔ကြၽန္ေတာ္အရွိအဟုန္နဲ႔လာခဲ့သလို

သူကလည္း တိုက္စစ္ကစားသမား ၃ေယာက္ထဲက

တစ္ေနရာကိုယူဖို႔လာခဲ့တာပါ” လို႔ အဂၤလန္ဂိုးသမားက

မာတင္နယ္လီ၊ ဆာကာ၊ အန္တီတီရက္ရွ္နဲ႔ ဂ်ီဆပ္စ္တို႔ကို သတိေပးလိုက္ပါတယ္။