
လန်ဒန်မြောက်ပိုင်းဒါဘီပွဲစဉ်မှာ စပါးကိုအနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ





ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်အထိဖြတ်ထားပေမဲ့
ချန်ပီယံဖြစ်မှာမဟုတ်ဘူးလို့ ဂယ်ရီနဗီးလ်က ပြောဆိုလိုက်ပါတယ်။





ဒါ့အပြင် ဂန်းနားတွေဟာ သရဲနီတွေနောက်မှာပဲ ရာသီသိမ်း
ပါလိမ့်မယ်လို့ နဗီးလ်က လုပ်ချလိုက်တာဖြစ်တယ်။
ပရီးမီးယားလိဂ် ၁၈ပွဲ ကစားအပြီးမှာ အာတီတာရဲ့အသင်းက





၁၅ပွဲအထိနိုင်ပြီး တစ်ပွဲသာရှုံးထားသလို သင်္ချာနည်းအရ
၈ မှတ် ဆိုတဲ့အနေအထားဟာ ၂ပွဲလောက်အထိအမှားခံလို့





ရနေပါတယ်။ ဒါပေမဲ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးကို
အနိုင်ရခဲ့ပြီး ပြိုင်ပွဲစုံ ၉ပွဲဆက်အနိုင်ရထားတဲ့ ယူနိုက်တက်က
အာဆင်နယ်နဲ့အဝေးဆုံးမရောက်သေးဘူးလို့ နဗီးလ်က





ဆိုလိုက်တာဖြစ်တယ်။ အာဆင်နယ်ချန်ပီယံဖြစ်ခွင့်နဲ့ပက်သတ်လို့
နဗီးလ်က “နိုး၊ ဒါပေမဲ့ လက်စတာကိုလည်းလိဂ်ချန်ပီယံ





မဖြစ်ဘူးလို့ပြောခဲ့ပါတယ်။ သူတို့လိဂ်ပြိုင်ပွဲမှာအနိုင်ရဖို့
မရှိပါဘူး။ မန်စီးတီးအနိုင်ရပြီး ယူနိုက်တက် ဒုတိယနေရာ
ရပ်တည်မယ်လို့ထင်တယ်၊ ဒါက ဂန်းနားပရိသတ်တွေကို





စိတ်အနှောက်အယှက်ဖြစ်စေမှာပါ။ အာဆင်နယ်က
မန်စီးတီးထက်ဆုဖလားပိုလိုချင်နေတယ်။ ဒါဟာ ပရီးမီးယားလိဂ်ကို





လုံးဝစိတ်လှုပ်ရှားစရာဖြစ်မယ်လို့ ထင်တယ်။ ဒီပြိုင်ပွဲ
ကြည့်ခဲ့တာတွေကို ပြန်စဉ်းစားမိတယ်၊ လွန်ခဲ့တဲ့ ၅နှစ်
အတွင်းမှာ လီဗာပူးကလွဲလို့ မန်စီးတီးနိုင်တာတွေပဲမြင်ခဲ့ရတယ်။





အာဆင်နယ်အနိုင်ရတယ်လို့တွေးလိုက်ရင်တော့ ဒါဟာ
ကျွန်တော်တို့လိဂ်ကိုထပ်ပေါင်းထည့်လိုက်သလိုဖြစ်ပြီး





တကယ်ပဲကောင်းမွန်စေမှာပါ။ ယူနိုက်တက်နိုင်တာကို
သဘောကျပေမဲ့ ဒီရာသီတော့မဖြစ်နိုင်သေးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
zawgyi





ဂန္းနားေတြဟာ ယူႏိုက္တက္ေနာက္မွာပဲအဆုံးသတ္ပါလိမ့္မယ္လို႔ ဂယ္ရီနဗီးလ္ ေျပာဆိုလာ
လန္ဒန္ေျမာက္ပိုင္းဒါဘီပြဲစဥ္မွာ စပါးကိုအႏိုင္ရခဲ့တဲ့ အာဆင္နယ္ဟာ





ဒုတိယေနရာက မန္စီးတီးကို ၈ မွတ္အထိျဖတ္ထားေပမဲ့
ခ်န္ပီယံျဖစ္မွာမဟုတ္ဘူးလို႔ ဂယ္ရီနဗီးလ္က ေျပာဆိုလိုက္ပါတယ္။
ဒါ့အျပင္ ဂန္းနားေတြဟာ သရဲနီေတြေနာက္မွာပဲ ရာသီသိမ္း





ပါလိမ့္မယ္လို႔ နဗီးလ္က လုပ္ခ်လိုက္တာျဖစ္တယ္။
ပရီးမီးယားလိဂ္ ၁၈ပြဲ ကစားအၿပီးမွာ အာတီတာရဲ႕အသင္းက





၁၅ပြဲအထိႏိုင္ၿပီး တစ္ပြဲသာရႈံးထားသလို သခ်ၤာနည္းအရ
၈ မွတ္ ဆိုတဲ့အေနအထားဟာ ၂ပြဲေလာက္အထိအမွားခံလို႔
ရေနပါတယ္။ ဒါေပမဲ့ မန္ခ်က္စတာဒါဘီမွာ မန္စီးတီးကို





အႏိုင္ရခဲ့ၿပီး ၿပိဳင္ပြဲစုံ ၉ပြဲဆက္အႏိုင္ရထားတဲ့ ယူႏိုက္တက္က
အာဆင္နယ္နဲ႔အေဝးဆုံးမေရာက္ေသးဘူးလို႔ နဗီးလ္က





ဆိုလိုက္တာျဖစ္တယ္။ အာဆင္နယ္ခ်န္ပီယံျဖစ္ခြင့္နဲ႔ပက္သတ္လို႔
နဗီးလ္က “ႏိုး၊ ဒါေပမဲ့ လက္စတာကိုလည္းလိဂ္ခ်န္ပီယံ
မျဖစ္ဘူးလို႔ေျပာခဲ့ပါတယ္။ သူတို႔လိဂ္ၿပိဳင္ပြဲမွာအႏိုင္ရဖို႔





မရွိပါဘူး။ မန္စီးတီးအႏိုင္ရၿပီး ယူႏိုက္တက္ ဒုတိယေနရာ
ရပ္တည္မယ္လို႔ထင္တယ္၊ ဒါက ဂန္းနားပရိသတ္ေတြကို





စိတ္အေႏွာက္အယွက္ျဖစ္ေစမွာပါ။ အာဆင္နယ္က
မန္စီးတီးထက္ဆုဖလားပိုလိုခ်င္ေနတယ္။ ဒါဟာ ပရီးမီးယားလိဂ္ကို
လုံးဝစိတ္လႈပ္ရွားစရာျဖစ္မယ္လို႔ ထင္တယ္။ ဒီၿပိဳင္ပြဲ





ၾကည့္ခဲ့တာေတြကို ျပန္စဥ္းစားမိတယ္၊ လြန္ခဲ့တဲ့ ၅ႏွစ္
အတြင္းမွာ လီဗာပူးကလြဲလို႔ မန္စီးတီးႏိုင္တာေတြပဲျမင္ခဲ့ရတယ္။





အာဆင္နယ္အႏိုင္ရတယ္လို႔ေတြးလိုက္ရင္ေတာ့ ဒါဟာ
ကြၽန္ေတာ္တို႔လိဂ္ကိုထပ္ေပါင္းထည့္လိုက္သလိုျဖစ္ၿပီး
တကယ္ပဲေကာင္းမြန္ေစမွာပါ။ ယူႏိုက္တက္ႏိုင္တာကို





သေဘာက်ေပမဲ့ ဒီရာသီေတာ့မျဖစ္ႏိုင္ေသးပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။