ဂန်းနားတွေမီးတောက်နေချိန်မှာ ပရိသတ်တွေရဲ့အားပေးမှုကို သဘောမကျသေးဘူးလို့ ဂွါဒီယိုလာ ဖွင့်ဟ

ပြိုင်ပွဲစုံ ၂ပွဲဆက်ရှုံးနိမ့်မှုကိုချေဖျက်နိုင်ခဲ့သလို စပါးကို

နောက်ကလိုက်ပြီး ၄-၂ နဲ့အနိုင်ရခဲ့ပေမဲ့ ပွဲပြီးအင်တာဗျူးမှာတော့

မပျော်ရွှင်ဘူးလို့ ဂွါဒီယိုလာက ဖွင့်ဟလိုက်ပါတယ်။ ပထမပိုင်း

ပွဲချိန်အတွင်းမှာ ညံ့ဖျင်းတဲ့အခြေအနေနှစ်ရပ်ကနေ

ကလူဆက်ဗ်စကီးနဲ့ အီမာဆန်တို့က စပါးအတွက်ဦးဆောင်ဂိုးတွေ

သွင်းယူခဲ့တာဖြစ်တယ်။ ပွဲချိန်တစ်ဝက်မှာ စပါးက ၂ဂိုးပြတ်

ဦးဆောင်ထားတဲ့အတွက် အီတီဟတ်ကွင်းထဲက လူအုပ်ကြီးဟာ

မကျေနပ်တဲ့ပုံစံနဲ့အော်ဟစ်လှောင်ပြောင်သွားခဲ့ကြပါတယ်။

ဒုတိယပိုင်းအစမှာတော့ အဲလ်ဗာရက်ဇ်နဲ့ ဟာလန်းတို့က

ချေပဂိုးတွေအမြန်ပြန်သွင်းခဲ့သလို ဂွါဒီယိုလာရဲ့အသင်းက

ပြင်းထန်တဲ့နှလုံးသားနဲ့ စိတ်ဓာတ်ကိုထုတ်ပြခဲ့တာဖြစ်တယ်။

နောက်ပိုင်းပွဲချိန်တွေမှာတော့ မာရက်ဇ်က တစ်ဦးတည်း

နှစ်ဂိုးသွင်းပြီး မန်စီးတီးက ၄-၂ နဲ့အနိုင်ရခဲ့တာပါ။

ပွဲရလဒ်က ပျော်စရာဖြစ်ပေမဲ့ ဂွါဒီယိုလာကတော့ သတ္တိ၊

စိတ်အားထက်သန်မှု၊ မီးနဲ့ အနိုင်ရလိုစိတ်ကင်းမဲ့နေတယ်လို့

ဆိုခဲ့ပါတယ်။ “သတ္တိ၊ စိတ်အားထက်သန်မှု၊ မီးနဲ့ အနိုင်ရလိုစိတ်က

တစ်မိနစ်လေးတောင်မရှိခဲ့ပါဘူး။ ပရိသတ်တွေလည်း

အတူတူပါပဲ၊ ၄၅ မိနစ်လောက်အထိနှုတ်ဆိတ်နေခဲ့တယ်။

ကျွန်တော်က ပရိသတ်တွေထောက်ခံတာကိုလိုချင်တာ။

ကျွန်တော်တို့အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ဖို့အလှမ်း

ကွာနေပါသေးတယ်” လို့ ပွဲပြီးအင်တာဗျူးမှာ ဂွါဒီယိုလာက

ဆိုခဲ့ပါတယ်။ မကြာသေးခင်ကရုန်းကန်ခဲ့ရတဲ့

အနေအထားတွေကြောင့် သူ့ရဲ့အသင်းကို သူကိုယ်တိုင်

အသိအမှတ်မပြုသေးဘူးလို့ စပိန်သားက ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိအနေအထားမှာတော့ ပရီးမီးယားလိဂ်

ချန်ပီယံဆုအတွက် မီးတောက်နေတဲ့ အာဆင်နယ်လို

ပြိုင်ဘက်ရှိနေတယ်လို့ ဂွါဒီယိုလာက သတိပေးခဲ့ပါတယ်။

zawgyi

ဂန္းနားေတြမီးေတာက္ေနခ်ိန္မွာ ပရိသတ္ေတြရဲ႕အားေပးမႈကို သေဘာမက်ေသးဘူးလို႔ ဂြါဒီယိုလာ ဖြင့္ဟ

ၿပိဳင္ပြဲစုံ ၂ပြဲဆက္ရႈံးနိမ့္မႈကိုေခ်ဖ်က္ႏိုင္ခဲ့သလို စပါးကို

ေနာက္ကလိုက္ၿပီး ၄-၂ နဲ႔အႏိုင္ရခဲ့ေပမဲ့ ပြဲၿပီးအင္တာဗ်ဴးမွာေတာ့

မေပ်ာ္႐ႊင္ဘူးလို႔ ဂြါဒီယိုလာက ဖြင့္ဟလိုက္ပါတယ္။ ပထမပိုင္း

ပြဲခ်ိန္အတြင္းမွာ ညံ့ဖ်င္းတဲ့အေျခအေနႏွစ္ရပ္ကေန

ကလူဆက္ဗ္စကီးနဲ႔ အီမာဆန္တို႔က စပါးအတြက္ဦးေဆာင္ဂိုးေတြ

သြင္းယူခဲ့တာျဖစ္တယ္။ ပြဲခ်ိန္တစ္ဝက္မွာ စပါးက ၂ဂိုးျပတ္

ဦးေဆာင္ထားတဲ့အတြက္ အီတီဟတ္ကြင္းထဲက လူအုပ္ႀကီးဟာ

မေက်နပ္တဲ့ပုံစံနဲ႔ေအာ္ဟစ္ေလွာင္ေျပာင္သြားခဲ့ၾကပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အဲလ္ဗာရက္ဇ္နဲ႔ ဟာလန္းတို႔က

ေခ်ပဂိုးေတြအျမန္ျပန္သြင္းခဲ့သလို ဂြါဒီယိုလာရဲ႕အသင္းက

ျပင္းထန္တဲ့ႏွလုံးသားနဲ႔ စိတ္ဓာတ္ကိုထုတ္ျပခဲ့တာျဖစ္တယ္။

ေနာက္ပိုင္းပြဲခ်ိန္ေတြမွာေတာ့ မာရက္ဇ္က တစ္ဦးတည္း

ႏွစ္ဂိုးသြင္းၿပီး မန္စီးတီးက ၄-၂ နဲ႔အႏိုင္ရခဲ့တာပါ။

ပြဲရလဒ္က ေပ်ာ္စရာျဖစ္ေပမဲ့ ဂြါဒီယိုလာကေတာ့ သတၱိ၊

စိတ္အားထက္သန္မႈ၊ မီးနဲ႔ အႏိုင္ရလိုစိတ္ကင္းမဲ့ေနတယ္လို႔

ဆိုခဲ့ပါတယ္။ “သတၱိ၊ စိတ္အားထက္သန္မႈ၊ မီးနဲ႔ အႏိုင္ရလိုစိတ္က

တစ္မိနစ္ေလးေတာင္မရွိခဲ့ပါဘူး။ ပရိသတ္ေတြလည္း

အတူတူပါပဲ၊ ၄၅ မိနစ္ေလာက္အထိႏႈတ္ဆိတ္ေနခဲ့တယ္။

ကြၽန္ေတာ္က ပရိသတ္ေတြေထာက္ခံတာကိုလိုခ်င္တာ။

ကြၽန္ေတာ္တို႔အျမင့္ဆုံးအဆင့္မွာ ယွဥ္ၿပိဳင္ဖို႔အလွမ္း

ကြာေနပါေသးတယ္” လို႔ ပြဲၿပီးအင္တာဗ်ဴးမွာ ဂြါဒီယိုလာက

ဆိုခဲ့ပါတယ္။ မၾကာေသးခင္က႐ုန္းကန္ခဲ့ရတဲ့

အေနအထားေတြေၾကာင့္ သူ႔ရဲ႕အသင္းကို သူကိုယ္တိုင္

အသိအမွတ္မျပဳေသးဘူးလို႔ စပိန္သားက ေျပာဆိုခဲ့ပါေသးတယ္။

လက္ရွိအေနအထားမွာေတာ့ ပရီးမီးယားလိဂ္

ခ်န္ပီယံဆုအတြက္ မီးေတာက္ေနတဲ့ အာဆင္နယ္လို

ၿပိဳင္ဘက္ရွိေနတယ္လို႔ ဂြါဒီယိုလာက သတိေပးခဲ့ပါတယ္။