ဂန်းနားဂိုးသမားရမ့်စ်ဒေးကို ခြေနဲ့ကန်ခဲ့တဲ့ စပါးပရိသတ်ကို ပွဲကြည့်ခွင့် ၄နှစ် ပိတ်ပင်လိုက်

ပြီးခဲ့တဲ့ လန်ဒန်မြောက်ပိုင်းဒါဘီပွဲစဉ်မှာ အာဆင်နယ်ဂိုးသမား ရမ့်စ်ဒေးကို

ခြေထောက်နဲ့ကန်ခဲ့တဲ့ စပါးပရိသတ်ကိုတော့ ပွဲကြည့်ခွင့် ၄နှစ်

ပိတ်ပင်လိုက်တယ်လို့ The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။

ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့

အသက် ၃၅နှစ်အရွယ် စပါးပရိသတ် ဂျိုးဇက်ဝက်စ်ကို ထိန်းသိမ်းမှုတွေ

ပြုလုပ်ခဲ့တာဖြစ်တယ်။ ရမ့်စ်ဒေးဟာ ပွဲအပြီးမှာ လက်အိတ်နဲ့

ရေပုလင်းယူဖို့အတွက် ဂိုးတိုင်ထောင့်သွားချိန်မှာ စပါးပရိသတ်က

ခြေနဲ့ကန်ခဲ့တာပါ။ အခုအချိန်မှာတော့ ဂျိုးဇက်ဝက်စ်ဆိုသူ

စပါးပရိသတ်ဟာ အင်္ဂလန်ဂိုးသမားကို ခြေထောက်နဲ့ကန်ခဲ့တယ်လို့

ဝန်ခံသွားတာဖြစ်တယ်။ ဂျိုးဇက်ဝက်စ်ဟာ ကြော်ငြာဘုတ်ပေါ်တက်ပြီး

ရမ့်စ်ဒေးကို ခြေထောက်နဲ့လမ်းကန်ခဲ့သလို ကွင်းထဲကိုမီးကျဉ်နဲ့ပါ

ပစ်ခဲ့မိတယ်လို့ ဝန်ခံလိုက်တာပါ။ သူ့နေနဲ့ ဂိုးသမားကိုကန်ခဲ့ပြီးနောက်

စပါးပရိသတ်အုပ်စုထဲကိုတိုးဝင်သွားခဲ့တာဖြစ်တယ်။

နှစ်ဖက်အသင်းသားတွေကတော့ တင်းမာမှုတွေဖြန့်ကျက်ပြီး

အခြေအနေကိုတားဆီးသွားခဲ့ရတာပါ။ ပြီးခဲ့တဲ့သောကြာနေ့မှာတော့

ဂျိုးဇက်ဝက်စ်ဟာ သူ့လုပ်ရပ်အတွက် ဝန်ခံမှုပြုလုပ်ခဲ့သလို

၄နှစ်ပွဲကြည့်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ယင်းပွဲစဉ်မှာ ရမ့်စ်ဒေးက

စပါးရဲ့ဂိုးကန်သွင်းချက် ၇ကြိမ်အထိကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီးနောက်

ပရိသတ်ရဲ့ဒေါသနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။

zawgyi

ဂန္းနားဂိုးသမားရမ့္စ္ေဒးကို ေျခနဲ႔ကန္ခဲ့တဲ့ စပါးပရိသတ္ကို ပြဲၾကည့္ခြင့္ ၄ႏွစ္ ပိတ္ပင္လိုက္

ၿပီးခဲ့တဲ့ လန္ဒန္ေျမာက္ပိုင္းဒါဘီပြဲစဥ္မွာ အာဆင္နယ္ဂိုးသမား ရမ့္စ္ေဒးကို

ေျခေထာက္နဲ႔ကန္ခဲ့တဲ့ စပါးပရိသတ္ကိုေတာ့ ပြဲၾကည့္ခြင့္ ၄ႏွစ္

ပိတ္ပင္လိုက္တယ္လို႔ The Sun သတင္းစာကေဖာ္ျပလိုက္ပါတယ္။

ဒီျဖစ္ရပ္ကို စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့

အသက္ ၃၅ႏွစ္အ႐ြယ္ စပါးပရိသတ္ ဂ်ိဳးဇက္ဝက္စ္ကို ထိန္းသိမ္းမႈေတြ

ျပဳလုပ္ခဲ့တာျဖစ္တယ္။ ရမ့္စ္ေဒးဟာ ပြဲအၿပီးမွာ လက္အိတ္နဲ႔

ေရပုလင္းယူဖို႔အတြက္ ဂိုးတိုင္ေထာင့္သြားခ်ိန္မွာ စပါးပရိသတ္က

ေျခနဲ႔ကန္ခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ ဂ်ိဳးဇက္ဝက္စ္ဆိုသူ

စပါးပရိသတ္ဟာ အဂၤလန္ဂိုးသမားကို ေျခေထာက္နဲ႔ကန္ခဲ့တယ္လို႔

ဝန္ခံသြားတာျဖစ္တယ္။ ဂ်ိဳးဇက္ဝက္စ္ဟာ ေၾကာ္ျငာဘုတ္ေပၚတက္ၿပီး

ရမ့္စ္ေဒးကို ေျခေထာက္နဲ႔လမ္းကန္ခဲ့သလို ကြင္းထဲကိုမီးက်ဥ္နဲ႔ပါ

ပစ္ခဲ့မိတယ္လို႔ ဝန္ခံလိုက္တာပါ။ သူ႔ေနနဲ႔ ဂိုးသမားကိုကန္ခဲ့ၿပီးေနာက္

စပါးပရိသတ္အုပ္စုထဲကိုတိုးဝင္သြားခဲ့တာျဖစ္တယ္။

ႏွစ္ဖက္အသင္းသားေတြကေတာ့ တင္းမာမႈေတြျဖန႔္က်က္ၿပီး

အေျခအေနကိုတားဆီးသြားခဲ့ရတာပါ။ ၿပီးခဲ့တဲ့ေသာၾကာေန႔မွာေတာ့

ဂ်ိဳးဇက္ဝက္စ္ဟာ သူ႔လုပ္ရပ္အတြက္ ဝန္ခံမႈျပဳလုပ္ခဲ့သလို

၄ႏွစ္ပြဲၾကည့္ခြင့္ပိတ္ပင္ခံလိုက္ရပါတယ္။ ယင္းပြဲစဥ္မွာ ရမ့္စ္ေဒးက

စပါးရဲ႕ဂိုးကန္သြင္းခ်က္ ၇ႀကိမ္အထိကို လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ၿပီးေနာက္

ပရိသတ္ရဲ႕ေဒါသနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္တယ္။