ဂန်ဒိုဂန်မှာအောင်မြင်တဲ့နည်းပြတစ်ဦးဖြစ်လာရန်အရည်အချင်းများစွာရှိကြောင်း ဂွါဒီယိုလာ ပြောကြား

ပက်ဂွါဒီယိုလာကအိုင်ကေးဂန်ဒိုဂန်မှာမန်စီးတီးကစားသမားများထဲမှ

မိမိကဲ့သို့ပင်နည်းပြဖြစ်လာနိုင်ခြေရှိသူဖြစ်ကြောင်းပြောကြားသွားပါတယ်။

ဂန်ဒိုဂန်မှာ၂၀၁၆ခုနှစ်တုန်းကပက်ဂွါဒီယိုလာရဲ့မန်စီးတီးအတွက်

ပထမဆုံးခေါ်ယူတဲ့ကစားသမားအဖြစ်

ပေါင်သန်း၂၀ဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

အသက်၃၁နှစ်ရှိဂျာမနီလက်ရွေးစင်ဟာမန်စီးတီးတွင်ကစားစဉ်အတွင်း

ဆုဖလား၈လုံးရရှိထားပြီးဖြစ်ပါတယ်။သူဟာမန်စီးတီးအတွက်

ပွဲ၂၄၀ကစားကာ၄၆ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။

ဂန်ဒိုဂန်ဟာကစားသမားဘဝအနားမယူသေးပေမဲ့လည်း

နည်းပြလိုင်စင်ရရှိရေးစတင်လုပ်ဆောင်နေပြီဖြစ်ကာ

မန်စီးတီးယူ-၁၆အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်များကို

စတင်ဦးဆောင်လုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာက “ဂန်ဒိုဂန်ကဖြစ်လာနိုင်တဲ့သူတစ်ယောက်ပါ။

ကစားသမားဘဝကနေအနားယူပြီးတဲ့နောက်အိမ်မှာပျင်းလာတဲ့

ကစားသမားတွေအများကြီးပါ။အဲဒီလူတွေဟာမန်နေဂျာဖြစ်လာကြပါတယ်။

ဒါပေမဲ့ကျွန်တော်ကတော့အလယ်တန်းကစားသမားတွေက

ပိုပြီးမန်နေဂျာဖြစ်ဖို့အခွင့်အရေးပိုများတယ်လို့ထင်တယ်။

ဘောလုံးနဲ့ပတ်သက်ပြီးတွေးတဲ့သူကပိုဖြစ်နိုင်တယ်။

ကိုယ့်ကိုယ်ကိုပြောတာမဟုတ်ပါဘူး။ပွဲကိုရောအုပ်စုကိုရော

တစ်ခုလုံးကိုရောသိဖို့လိုတယ်”လို့ပြောကြားသွားပါတယ်။

ဂွါဒီယိုလာရဲ့လက်အောက်ကစားခဲ့ဖူးတဲ့ကစားသမားများဟောင်းများထဲမှ

ဇာဗီး၊သီယာရီဟင်နရီနှင့်ကွန်ပနီတို့မှာနည်းပြဖြစ်နေကြပြီဖြစ်ပါတယ်။

ဆက်လက်ပြီးဂွါဒီယိုလာကဂန်ဒိုဂန်မှာအောင်မြင်တဲ့နည်းပြတစ်ဦးဖြစ်လာရန်

အရည်အချင်းများစွာရှိကြောင်းဆိုသွားပါတယ်။

၎င်းက “နည်းစနစ်ပိုင်းပြောကြတဲ့အခါသူကအရမ်းတော်တယ်။

ဒီအပေါ်သူဘယ်လောက်စိတ်ရှိတယ်ဆိုတာပြတာပါ။

သူ့လိုသူမျိုးနဲ့လေ့ကျင့်ခွင့်ရလို့ အကယ်ဒမီကစားသမားတွေဂုဏ်ယူသင့်တယ်။

သူကတကယ့်ကိုတော်တဲ့သူပါ။သူကအရမ်းတော်တဲ့သူမဟုတ်ရင်တောင်

အရမ်းတော်တဲ့ကစားသမားတစ်ဦးပါ”လို့ ပြောကြားသွားပါတယ်။

zawgyi

ဂန္ဒိုဂန္မွာေအာင္ျမင္တဲ့နည္းျပတစ္ဦးျဖစ္လာရန္အရည္အခ်င္းမ်ားစြာရွိေၾကာင္း ဂြါဒီယိုလာ ေျပာၾကား

ပက္ဂြါဒီယိုလာကအိုင္ေကးဂန္ဒိုဂန္မွာမန္စီးတီးကစားသမားမ်ားထဲမွ

မိမိကဲ့သို႔ပင္နည္းျပျဖစ္လာႏိုင္ေျခရွိသူျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ဂန္ဒိုဂန္မွာ၂၀၁၆ခုႏွစ္တုန္းကပက္ဂြါဒီယိုလာရဲ႕မန္စီးတီးအတြက္

ပထမဆုံးေခၚယူတဲ့ကစားသမားအျဖစ္

ေပါင္သန္း၂၀ျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

အသက္၃၁ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ဟာမန္စီးတီးတြင္ကစားစဥ္အတြင္း

ဆုဖလား၈လုံးရရွိထားၿပီးျဖစ္ပါတယ္။သူဟာမန္စီးတီးအတြက္

ပြဲ၂၄၀ကစားကာ၄၆ဂိုးသြင္းယူထားသူလည္းျဖစ္ပါတယ္။

ဂန္ဒိုဂန္ဟာကစားသမားဘဝအနားမယူေသးေပမဲ့လည္း

နည္းျပလိုင္စင္ရရွိေရးစတင္လုပ္ေဆာင္ေနၿပီျဖစ္ကာ

မန္စီးတီးယူ-၁၆အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မ်ားကို

စတင္ဦးေဆာင္လုပ္ေဆာင္ေနၿပီလည္းျဖစ္ပါတယ္။

ဂြါဒီယိုလာက “ဂန္ဒိုဂန္ကျဖစ္လာႏိုင္တဲ့သူတစ္ေယာက္ပါ။

ကစားသမားဘဝကေနအနားယူၿပီးတဲ့ေနာက္အိမ္မွာပ်င္းလာတဲ့

ကစားသမားေတြအမ်ားႀကီးပါ။အဲဒီလူေတြဟာမန္ေနဂ်ာျဖစ္လာၾကပါတယ္။

ဒါေပမဲ့ကြၽန္ေတာ္ကေတာ့အလယ္တန္းကစားသမားေတြက

ပိုၿပီးမန္ေနဂ်ာျဖစ္ဖို႔အခြင့္အေရးပိုမ်ားတယ္လို႔ထင္တယ္။

ေဘာလုံးနဲ႔ပတ္သက္ၿပီးေတြးတဲ့သူကပိုျဖစ္ႏိုင္တယ္။

ကိုယ့္ကိုယ္ကိုေျပာတာမဟုတ္ပါဘူး။ပြဲကိုေရာအုပ္စုကိုေရာ

တစ္ခုလုံးကိုေရာသိဖို႔လိုတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂြါဒီယိုလာရဲ႕လက္ေအာက္ကစားခဲ့ဖူးတဲ့ကစားသမားမ်ားေဟာင္းမ်ားထဲမွ

ဇာဗီး၊သီယာရီဟင္နရီႏွင့္ကြန္ပနီတို႔မွာနည္းျပျဖစ္ေနၾကၿပီျဖစ္ပါတယ္။

ဆက္လက္ၿပီးဂြါဒီယိုလာကဂန္ဒိုဂန္မွာေအာင္ျမင္တဲ့နည္းျပတစ္ဦးျဖစ္လာရန္

အရည္အခ်င္းမ်ားစြာရွိေၾကာင္းဆိုသြားပါတယ္။

၎က “နည္းစနစ္ပိုင္းေျပာၾကတဲ့အခါသူကအရမ္းေတာ္တယ္။

ဒီအေပၚသူဘယ္ေလာက္စိတ္ရွိတယ္ဆိုတာျပတာပါ။

သူ႔လိုသူမ်ိဳးနဲ႔ေလ့က်င့္ခြင့္ရလို႔ အကယ္ဒမီကစားသမားေတြဂုဏ္ယူသင့္တယ္။

သူကတကယ့္ကိုေတာ္တဲ့သူပါ။သူကအရမ္းေတာ္တဲ့သူမဟုတ္ရင္ေတာင္

အရမ္းေတာ္တဲ့ကစားသမားတစ္ဦးပါ”လို႔ ေျပာၾကားသြားပါတယ္။