ဂန္ထဝင်တိုက်စစ်မှူး ရွန်နီနောက်ပိုင်း သွင်းဂိုး(၁၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် ရပ်ရှ်ဖို့ဒ် မှတ်တမ်းဝင်

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ ဂန္ထဝင်တိုက်စစ်မှူးရွန်နီနောက်ပိုင်း

အသင်းအတွက် ဂိုး(၁၀၀)ပြည့်သွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ဝက်စ်ဟမ်းအသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲ၊

ပထမပိုင်း (၃၈)မိနစ်မှာ အဲရစ်ဆင် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး

ဒါက သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ သွင်းဂိုး(၁၀၀)မြောက်လည်းဖြစ်ခဲ့ပါတယ်။

ရှရစ်ဖ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲတုန်းက ခေါင်းတိုက်ဂိုးသွင်းခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ

အခု ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ထူးထူးခြားခြားဆိုသလို (၂)ပွဲဆက် ခေါင်းတိုက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်အတွက် ပွဲပေါင်း(၃၁၈)ပွဲကစားပြီးချိန်မှာ သွင်းဂိုး(၁၀၀)ပြည့်ခဲ့ပြီး

ပရီးမီးယားလိဂ် (၆၃)ဂိုး၊ FA ဖလား(၇)ဂိုး၊ လိဂ်ဖလားပြိုင်ပွဲမှာ (၈)ဂိုး၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ (၂၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

နည်းပြဟောင်း ဗန်ဟားလ်ရဲ့ မြေတောင်မြှောက်ပေးမှုနဲ့အတူ အသက်(၁၈)နှစ်အရွယ်၊

၂၀၁၆ ခုနှစ်တုန်းက မစ်ဂျေးလန်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်မှာ

ရပ်ရှ်ဖို့ဒ် ယူနိုက်တက်အသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီး သူ့ရဲ့ ပွဲဦးထွက်မှာပဲ (၂)ဂိုးသွင်းယူခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက ရပ်ရှ်ဖို့ဒ်တစ်ယောက် ယူနိုက်တက်တိုက်စစ်မှာ အဓိက,ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး

၂၀၁၉-၂၀ ရာသီမှာ ကစားသမားဘ၀ အကောင်းဆုံးသွင်းဂိုးမှတ်တမ်းဖြစ်တဲ့ တစ်ရာသီအတွင်း (၂၂)ဂိုးသွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒဏ်ရာခွဲစိတ်မှု၊ နည်းပြအပြောင်းအလဲတွေကြောင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးပြီး

စုစုပေါင်း (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ နည်းပြအဲရစ်တန်ဟက်လက်အောက်မှာ

ရပ်ရှ်ဖို့ဒ် ပုံစံကောင်းပြသနေသလို အခုဆိုရင် ရွန်နီနောက်ပိုင်း သွင်းဂိုး(၁၀၀)ပြည့်မှတ်တမ်းပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

ယူနိုက်တက်အသင်းအတွက် ၂၀၀၄ ကနေ ၂၀၁၈ ခုနှစ်အထိကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင်

ဆုဖလားအောင်မြင်မှုတွေရယူခဲ့သူ ရွန်နီဟာ ၂၀၀၉ ခုနှစ်တုန်းက ဝီဂန်နဲ့ကစားခဲ့တဲ့ပွဲမှာ သွင်းဂိုး(၁၀၀)ပြည့်ခဲ့တဲ့အပြင်

ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် (၂၅၃)ဂိုးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အခုဆိုရင် ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ (၇)ဂိုးသွင်းယူထားပြီး ယူနိုက်တက်အသင်းသမိုင်းမှာ သွင်းဂိုး(၁၀၀)ပြည့်ခဲ့တဲ့ (၂၂)ဦးမြောက်ကစားသမားဖြစ်လာပါတယ်။

zawgyi

ဂႏၴဝင္တိုက္စစ္မႉး ႐ြန္နီေနာက္ပိုင္း သြင္းဂိုး(၁၀၀)ျပည့္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ ရပ္ရွ္ဖို႔ဒ္ မွတ္တမ္းဝင္

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီေနာက္ပိုင္း

အသင္းအတြက္ ဂိုး(၁၀၀)ျပည့္သြင္းႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရပ္ရွ္ဖို႔ဒ္ဟာ ဝက္စ္ဟမ္းအသင္းကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲ၊

ပထမပိုင္း (၃၈)မိနစ္မွာ အဲရစ္ဆင္ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေခါင္းတိုက္သြင္းယူခဲ့ၿပီး

ဒါက သူ႔ရဲ႕ ယူႏိုက္တက္ကစားသမားဘ၀ သြင္းဂိုး(၁၀၀)ေျမာက္လည္းျဖစ္ခဲ့ပါတယ္။

ရွရစ္ဖ္အသင္းကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲတုန္းက ေခါင္းတိုက္ဂိုးသြင္းခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ

အခု ဝက္စ္ဟမ္းနဲ႔ပြဲမွာလည္း ထူးထူးျခားျခားဆိုသလို (၂)ပြဲဆက္ ေခါင္းတိုက္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ယူႏိုက္တက္အတြက္ ပြဲေပါင္း(၃၁၈)ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး(၁၀၀)ျပည့္ခဲ့ၿပီး

ပရီးမီးယားလိဂ္ (၆၃)ဂိုး၊ FA ဖလား(၇)ဂိုး၊ လိဂ္ဖလားၿပိဳင္ပြဲမွာ (၈)ဂိုး၊ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြမွာ (၂၂)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

နည္းျပေဟာင္း ဗန္ဟားလ္ရဲ႕ ေျမေတာင္ေျမႇာက္ေပးမႈနဲ႔အတူ အသက္(၁၈)ႏွစ္အ႐ြယ္၊

၂၀၁၆ ခုႏွစ္တုန္းက မစ္ေဂ်းလန္းနဲ႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္မွာ

ရပ္ရွ္ဖို႔ဒ္ ယူႏိုက္တက္အသင္းႀကီးအတြက္ ပြဲဦးထြက္ခြင့္ရခဲ့ၿပီး သူ႔ရဲ႕ ပြဲဦးထြက္မွာပဲ (၂)ဂိုးသြင္းယူခဲ့ပါတယ္။

အဲဒီအခ်ိန္ကတည္းက ရပ္ရွ္ဖို႔ဒ္တစ္ေယာက္ ယူႏိုက္တက္တိုက္စစ္မွာ အဓိက,ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရခဲ့ၿပီး

၂၀၁၉-၂၀ ရာသီမွာ ကစားသမားဘ၀ အေကာင္းဆုံးသြင္းဂိုးမွတ္တမ္းျဖစ္တဲ့ တစ္ရာသီအတြင္း (၂၂)ဂိုးသြင္းယူခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာခြဲစိတ္မႈ၊ နည္းျပအေျပာင္းအလဲေတြေၾကာင့္ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးၿပီး

စုစုေပါင္း (၅)ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ နည္းျပအဲရစ္တန္ဟက္လက္ေအာက္မွာ

ရပ္ရွ္ဖို႔ဒ္ ပုံစံေကာင္းျပသေနသလို အခုဆိုရင္ ႐ြန္နီေနာက္ပိုင္း သြင္းဂိုး(၁၀၀)ျပည့္မွတ္တမ္းပိုင္ဆိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။

ယူႏိုက္တက္အသင္းအတြက္ ၂၀၀၄ ကေန ၂၀၁၈ ခုႏွစ္အထိကစားခဲ့ၿပီး ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္အပါအဝင္

ဆုဖလားေအာင္ျမင္မႈေတြရယူခဲ့သူ ႐ြန္နီဟာ ၂၀၀၉ ခုႏွစ္တုန္းက ဝီဂန္နဲ႔ကစားခဲ့တဲ့ပြဲမွာ သြင္းဂိုး(၁၀၀)ျပည့္ခဲ့တဲ့အျပင္

ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ (၂၅၃)ဂိုးနဲ႔ ဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။

အခုဆိုရင္ ရပ္ရွ္ဖို႔ဒ္ဟာ ဒီရာသီမွာ (၇)ဂိုးသြင္းယူထားၿပီး ယူႏိုက္တက္အသင္းသမိုင္းမွာ သြင္းဂိုး(၁၀၀)ျပည့္ခဲ့တဲ့ (၂၂)ဦးေျမာက္ကစားသမားျဖစ္လာပါတယ္။