ဂန္ထဝင်ကြီးတွေရဲ့မှတ်တမ်းကို ချိုးဖျက်လိုက်တဲ့ အေဘရာဟမ်ကို ပေါ်တင်ကြီး ဒဲ့စိန်ခေါ်လိုက်တဲ့ မော်ရင်ညို

ရိုးမားတိုက်စစ်မှူး အေဘရာဟမ်ဟာ လာဇီယိုကို

ဂိုးပြတ်အနိုင်ရခဲ့တဲ့ ရောမဒါဘီပွဲမှာ ၂ဂိုးသွင်းယူကာ
ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နည်းပြမော်ရင်ညိုကတော့
ဒီထက်ပိုကောင်းအောင်ကစားနိုင်ဦးမလားဆိုပြီး
သူ့ရဲ့ကစားသမားကို စိန်ခေါ်လိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင် အေဘရာဟမ်ဟာ ချဲလ်ဆီးကနေ

ရိုးမားကို ရောက်လာပြီးချိန်ကတည်းက အထူးခြေစွမ်းပြနေပြီး
ယခုအခါ ပြိုင်ပွဲစုံ ၂၃ဂိုးအထိ သွင်းယူထားနိုင်ပြီးဖြစ်ရာ
ဂန္ထဝင်တိုက်စစ်မှူးတွေဖြစ်တဲ့ ဘာတစ္စတူတာနဲ့
မွန်တဲလားတို့ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ကာ
ရိုးမားကစားသမားဘ၀ ပထမဆုံးရာသီမှာ ဂိုးအများဆုံး

သွင်းနိုင်သူအဖြစ် ဂန္ထဝင်တိုက်စစ်မှူးတွေကို ၂ဂိုးအသာနဲ့
ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မော်ရင်ညိုကတော့ အေဘရာဟမ်အနေနဲ့
ဒီထက်ပိုကောင်းအောင်ကစားနိုင်သေးတယ်လို့ အခိုင်အမာပြောပါတယ်။
”ကြီးကျယ်တဲ့စွမ်းဆောင်ရည်ပါပဲ။ အားလုံးက စီစဉ်ထားတဲ့အတိုင်း

ကွင်းထဲမှာ ကွက်တိမလွဲ ဖြစ်ပေါ်လာခဲ့လို့ တကယ့်ကိုထူးရှယ်ဖြစ်ခဲ့ပါတယ်။
လာဇီယိုက ဒုတိယပိုင်းမှာ ဂုဏ်သိက္ခာအရ တင်ကစားလာခဲ့ပေမယ့်
ကျွန်တော်တို့အသင်းကပဲ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။
အသင်းသားတွေက နိုင်ပွဲနဲ့ထိုက်တန်တယ်ဆိုတာ လုံးဝသေချာပါတယ်။
ခင်ဗျားတို့က အေဘရာဟမ် အရမ်းကောင်းတယ်လို့ ပြောရင်

ကျွန်တော် သဘောတူမှာမဟုတ်ပါဘူး။ သူ့အနေနဲ့
ဒီထက်တောင် ပိုကောင်းလာနိုင်ပါသေးတယ်။
သူ့ရဲ့အလားအလာတွေကို သိထားလို့လည်း
သူ့ဆီကနေ ကျွန်တော် အများကြီးတောင်းဆိုထားပါတယ်။
သူ့ရဲ့သွင်းဂိုးတွေအကြောင်းတော့ မပြောချင်ပါဘူး။

ဒါပေမဲ့ အေဘရာဟမ်အနေနဲ့ ဒီလိုကြိုးစားအားထုတ်မှုမျိုး
အပတ်တိုင်း မဖြစ်မနေပြသရပါမယ်”လို့ မော်ရင်ညိုက ပြောပါတယ်။
ရိုးမားဟာ အဆင့် ၆ နေရာ ရောက်လာပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ရ
နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄ နေရာက
ဂျူဗင်တပ်စ်နဲ့ ၈ မှတ်အထိ ကွာဟနေပါတယ်။

Zawgyi

ဂႏၳ၀င္ႀကီးေတြရဲ႕မွတ္တမ္းကို ခ်ိဳးဖ်က္လုိက္တဲ့ ေအဘရာဟမ္ကို ေပၚတင္ႀကီး ဒဲ့စိန္ေခၚလုိက္တဲ့ ေမာ္ရင္ညိဳ
ရိုးမားတုိက္စစ္မွဴး ေအဘရာဟမ္ဟာ လာဇီယိုကို

ဂိုးျပတ္အႏုိင္ရခဲ့တဲ့ ေရာမဒါဘီပြဲမွာ ၂ဂိုးသြင္းယူကာ
ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ နည္းျပေမာ္ရင္ညိဳကေတာ့
ဒီထက္ပိုေကာင္းေအာင္ကစားႏုိင္ဦးမလားဆုိၿပီး
သူ႕ရဲ႕ကစားသမားကို စိန္ေခၚလုိက္ပါတယ္။
အဂၤလန္လက္ေရြးစင္ ေအဘရာဟမ္ဟာ ခ်ဲလ္ဆီးကေန

ရိုးမားကို ေရာက္လာၿပီးခ်ိန္ကတည္းက အထူးေျခစြမ္းျပေနၿပီး
ယခုအခါ ၿပိဳင္ပြဲစုံ ၂၃ဂိုးအထိ သြင္းယူထားႏိုင္ၿပီးျဖစ္ရာ
ဂႏၳ၀င္တုိက္စစ္မွဴးေတြျဖစ္တဲ့ ဘာတစၥတူတာနဲ႔
မြန္တဲလားတုိ႔ရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ကာ
ရိုးမားကစားသမားဘ၀ ပထမဆုံးရာသီမွာ ဂိုးအမ်ားဆုံး

သြင္းႏိုင္သူအျဖစ္ ဂႏၳ၀င္တုိက္စစ္မွဴးေတြကို ၂ဂိုးအသာနဲ႔
ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ ေမာ္ရင္ညိဳကေတာ့ ေအဘရာဟမ္အေနနဲ႔
ဒီထက္ပိုေကာင္းေအာင္ကစားႏိုင္ေသးတယ္လုိ႔ အခုိင္အမာေျပာပါတယ္။
”ႀကီးက်ယ္တဲ့စြမ္းေဆာင္ရည္ပါပဲ။ အားလုံးက စီစဥ္ထားတဲ့အတုိင္း

ကြင္းထဲမွာ ကြက္တိမလြဲ ျဖစ္ေပၚလာခဲ့လုိ႔ တကယ့္ကိုထူးရွယ္ျဖစ္ခဲ့ပါတယ္။
လာဇီယိုက ဒုတိယပိုင္းမွာ ဂုဏ္သိကၡာအရ တင္ကစားလာခဲ့ေပမယ့္
ကၽြန္ေတာ္တုိ႔အသင္းကပဲ ပြဲကို ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ပါတယ္။
အသင္းသားေတြက ႏိုင္ပြဲနဲ႔ထုိက္တန္တယ္ဆုိတာ လုံး၀ေသခ်ာပါတယ္။
ခင္ဗ်ားတုိ႔က ေအဘရာဟမ္ အရမ္းေကာင္းတယ္လုိ႔ ေျပာရင္

ကၽြန္ေတာ္ သေဘာတူမွာမဟုတ္ပါဘူး။ သူ႕အေနနဲ႔
ဒီထက္ေတာင္ ပိုေကာင္းလာႏုိင္ပါေသးတယ္။
သူ႕ရဲ႕အလားအလာေတြကို သိထားလုိ႔လည္း
သူ႕ဆီကေန ကၽြန္ေတာ္ အမ်ားႀကီးေတာင္းဆုိထားပါတယ္။
သူ႕ရဲ႕သြင္းဂိုးေတြအေၾကာင္းေတာ့ မေျပာခ်င္ပါဘူး။

ဒါေပမဲ့ ေအဘရာဟမ္အေနနဲ႔ ဒီလုိႀကိဳးစားအားထုတ္မႈမ်ိဳး
အပတ္တုိင္း မျဖစ္မေနျပသရပါမယ္”လုိ႔ ေမာ္ရင္ညိဳက ေျပာပါတယ္။
ရိုးမားဟာ အဆင့္ ၆ ေနရာ ေရာက္လာေပမယ့္ ခ်န္ပီယံလိဂ္၀င္ခြင့္ရ
ေနာက္ဆုံးေနရာျဖစ္တဲ့ အဆင့္ ၄ ေနရာက
ဂ်ဴဗင္တပ္စ္နဲ႔ ၈ မွတ္အထိ ကြာဟေနပါတယ္။