
ဘာစီလိုနာအသင်းကတော့ မကြာခင်အချိန်အတွင်းမှာ ခေတ်သစ်





ရော်နယ်ဒင်ဟိုကို ကြိုဆိုတော့မယ်လို့ sportbible ကဖော်ပြလာပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုရဲ့သားဖြစ်သူဟာ





နူးကမ့်မှာခြေစွမ်းအစမ်းသပ်ခံပြီး ပရော်ဖက်ရှင်နယ်စာချုပ်
ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်တယ်။ ရော်နယ်ဒင်ဟိုဟာ ၂၀၀၃ မှာ
ဘာစီလိုနာကိုရောက်လာခဲ့ပြီးနောက် ရီးရဲလ်ရဲ့လွှမ်းမိုးမှုကို





မြေလှန်ပြခဲ့သလို လာလီဂါဆုဖလား ၂ကြိမ်နဲ့ ချန်ပီယံလိဂ်
ဆုဖလားကို အရယူပြခဲ့တာပါ။ နူးကမ့်မှာရှိခဲ့စဉ်ကာလအတွင်း





သူ့ရဲ့မှော်ဆန်လွန်းတဲ့ကစားဟန်ကြောင့် တစ်ခါတရံမှာ
ရီးရဲလ်ပရိသတ်တွေတောင် မတ်တပ်ရပ်လက်ခုတ်တီးပြီး
သြဘာပေးခဲ့ရတာတွေရှိပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့





ဘလွန်းဒီအော်ရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်
ရပ်တည်ခဲ့တာပါ။ ဘာစီလိုနာနဲ့စာချုပ်ချုပ်စဉ်ကတည်းက





ပါတီပွဲနဲ့ပက်သတ်တဲ့အပိုဒ်တစ်ပိုဒ်တောင် ထူးထူးခြားခြား
ထည့်သွင်းခဲ့သလို ပါတီပွဲကြိုက်တဲ့ ရော်နယ်ဒင်ဟိုရဲ့
စွမ်းအားတွေကတော့ အများထင်သလိုအချိန်အကြာကြီး





မတည်မြဲခဲ့ပါဘူး။ မက်ဆီလိုလူငယ်လေးအပေါ်ဆိုးရွားတဲ့
လွှမ်းမိုးမှုဖြစ်စေနိုင်တာကြောင့် ဘာစီလိုနာဟာ ၂၀၀၈ မှာ





ရော်နယ်ဒင်ဟိုကို ရောင်းချခဲ့ပါတယ်။ အခုအချိန်မှာတော့
ဘရာဇီးဂန္တဝင်ရဲ့သားဖြစ်သူက ဘာစီလိုနာလူငယ်ကစားသမား
ဖြစ်လာဖို့ရှိနေပြီး အထင်ကရဖခင်ရဲ့အရည်အချင်း





တစ်ဝက်လောက်တော့ရှိလိမ့်မယ်လို့ အသင်းတာဝန်ရှိသူတွေ
မျှော်လင့်နေပါလိမ့်မယ်။ ဂျာနယ်လစ်အက်ဒရီယန်ဆန်းချက်ဇ်ရဲ့





အဆိုအရတော့ ဆယ်ကျော်သက်လေးဖြစ်တဲ့ ဂျာအိုမန်ဒက်စ်
ဒီအက်ဆစ်မိုရီရာ ဟာနူးကမ့်မှာခြေစွမ်းအစမ်းသပ်ခံနေပြီး
စပိန်မြေကိုရောက်လုနီးနီးဖြစ်နေပြီလို့သိရပါတယ်။





ဂျာအိုမန်ဒက်စ်ဟာ မကြာသေးခင်က ဘရာဇီးကလပ်
ခရူဇီယိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းထားသူဖြစ်တယ်။





Juvenil A အသင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်ထားတဲ့
ဂျာအိုမန်ဒက်စ်ခြေစွမ်းဘယ်လောက်အထိတိုးတက်နေပြီလဲ
ဆိုတာကို ဘာစီလိုနာဥက္ကဌလာပေါ်တာက စိတ်အား





ထက်သန်စွာစောင့်ကြည့်နေပါတယ်။ ဘယ်ခြေသန်
တိုက်စစ်မှူးလေး ကို နည်းပြတွေက လာမာစီယာ





အကယ်ဒမီအတွက် လက်မှတ်ထိုးသင့်၊ မထိုးသင့်ဆုံးဖြတ်ချက်ချသွားဖို့ရှိနေတာပါ။
zawgyi
ဂႏၲဝင္ဖခင္ရဲ႕ေျခရာနင္းဖို႔အတြက္ ေရာ္နယ္ဒင္ဟိုသားေလး ဘာစီလိုနာမွာ ေျခစြမ္းအစမ္းသပ္ခံေနၿပီ





ဘာစီလိုနာအသင္းကေတာ့ မၾကာခင္အခ်ိန္အတြင္းမွာ ေခတ္သစ္
ေရာ္နယ္ဒင္ဟိုကို ႀကိဳဆိုေတာ့မယ္လို႔ sportbible ကေဖာ္ျပလာပါတယ္။





ဘရာဇီးတိုက္စစ္မႉးေဟာင္း ေရာ္နယ္ဒင္ဟိုရဲ႕သားျဖစ္သူဟာ
ႏူးကမ့္မွာေျခစြမ္းအစမ္းသပ္ခံၿပီး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္
ခ်ဳပ္ဆိုဖို႔ နီးစပ္ေနၿပီျဖစ္တယ္။ ေရာ္နယ္ဒင္ဟိုဟာ ၂၀၀၃ မွာ





ဘာစီလိုနာကိုေရာက္လာခဲ့ၿပီးေနာက္ ရီးရဲလ္ရဲ႕လႊမ္းမိုးမႈကို
ေျမလွန္ျပခဲ့သလို လာလီဂါဆုဖလား ၂ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္





ဆုဖလားကို အရယူျပခဲ့တာပါ။ ႏူးကမ့္မွာရွိခဲ့စဥ္ကာလအတြင္း
သူ႔ရဲ႕ေမွာ္ဆန္လြန္းတဲ့ကစားဟန္ေၾကာင့္ တစ္ခါတရံမွာ
ရီးရဲလ္ပရိသတ္ေတြေတာင္ မတ္တပ္ရပ္လက္ခုတ္တီးၿပီး





ၾသဘာေပးခဲ့ရတာေတြရွိပါတယ္။ ၂၀၀၅ ခုႏွစ္မွာေတာ့
ဘလြန္းဒီေအာ္ရရွိခဲ့ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားအျဖစ္





ရပ္တည္ခဲ့တာပါ။ ဘာစီလိုနာနဲ႔စာခ်ဳပ္ခ်ဳပ္စဥ္ကတည္းက
ပါတီပြဲနဲ႔ပက္သတ္တဲ့အပိုဒ္တစ္ပိုဒ္ေတာင္ ထူးထူးျခားျခား
ထည့္သြင္းခဲ့သလို ပါတီပြဲႀကိဳက္တဲ့ ေရာ္နယ္ဒင္ဟိုရဲ႕





စြမ္းအားေတြကေတာ့ အမ်ားထင္သလိုအခ်ိန္အၾကာႀကီး
မတည္ၿမဲခဲ့ပါဘူး။ မက္ဆီလိုလူငယ္ေလးအေပၚဆိုး႐ြားတဲ့





လႊမ္းမိုးမႈျဖစ္ေစႏိုင္တာေၾကာင့္ ဘာစီလိုနာဟာ ၂၀၀၈ မွာ
ေရာ္နယ္ဒင္ဟိုကို ေရာင္းခ်ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့
ဘရာဇီးဂႏၲဝင္ရဲ႕သားျဖစ္သူက ဘာစီလိုနာလူငယ္ကစားသမား





ျဖစ္လာဖို႔ရွိေနၿပီး အထင္ကရဖခင္ရဲ႕အရည္အခ်င္း
တစ္ဝက္ေလာက္ေတာ့ရွိလိမ့္မယ္လို႔ အသင္းတာဝန္ရွိသူေတြ





ေမွ်ာ္လင့္ေနပါလိမ့္မယ္။ ဂ်ာနယ္လစ္အက္ဒရီယန္ဆန္းခ်က္ဇ္ရဲ႕
အဆိုအရေတာ့ ဆယ္ေက်ာ္သက္ေလးျဖစ္တဲ့ ဂ်ာအိုမန္ဒက္စ္
ဒီအက္ဆစ္မိုရီရာ ဟာႏူးကမ့္မွာေျခစြမ္းအစမ္းသပ္ခံေနၿပီး





စပိန္ေျမကိုေရာက္လုနီးနီးျဖစ္ေနၿပီလို႔သိရပါတယ္။
ဂ်ာအိုမန္ဒက္စ္ဟာ မၾကာေသးခင္က ဘရာဇီးကလပ္





ခ႐ူဇီယိုအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းထားသူျဖစ္တယ္။
Juvenil A အသင္းနဲ႔ေလ့က်င့္မႈေတြျပဳလုပ္ထားတဲ့
ဂ်ာအိုမန္ဒက္စ္ေျခစြမ္းဘယ္ေလာက္အထိတိုးတက္ေနၿပီလဲ





ဆိုတာကို ဘာစီလိုနာဥကၠဌလာေပၚတာက စိတ္အား
ထက္သန္စြာေစာင့္ၾကည့္ေနပါတယ္။ ဘယ္ေျခသန္





တိုက္စစ္မႉးေလး ကို နည္းျပေတြက လာမာစီယာ
အကယ္ဒမီအတြက္ လက္မွတ္ထိုးသင့္၊ မထိုးသင့္ဆုံးျဖတ္ခ်က္ခ်သြားဖို႔ရွိေနတာပါ။