
အာဆင်နယ်ပရိသတ်တွေက ဂျာမန်သားတစ်ယောက် အာဆင်နယ် အင်္ကျီ ကို
ပြန်လည်ဝတ်ဆင်ပြီး လူမှုမီဒီယာမှာ တင်ခဲ့ပြီးနောက်
အာဆင်နယ် ဆီ ပြန်လာဖို့ ရေးသားနေကြတာဖြစ်ပါတယ်။
အသက် ၂၆ နှစ်သားဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို
အာဆင်နယ်မှာ စတင်ခဲ့ပေမယ့် အငှားထွက်ကစားတာတွေ များခဲ့ကာ
ဘိုင်ယန်ကိုရောက်မှ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။
အာဆင်နယ်အတွက် ဂနာဘရီဟာ ၁၈ ပွဲသာ
ကစားခွင့်ရရှိခဲ့ပြီး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဂနာဘရီဟာ အာဆင်နယ်အသင်းမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် အထိ
ငါးနှစ်ကြာ ကစားခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရခဲ့သူလည်း ဖြစ်ပါတယ်။
ဂနာဘရီဟာ အာဆင်နယ်က ထွက်ပြီးနောက်
ဝါဒါဘရီမင်မှာ တစ်နှစ်ကြာ ကစားပြီးနောက်မှာ
ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဂနာဘရီဟာ အင်စတာဂရမ်မှာ ရုပ်ပုံတော်တော်များများကို တင်ခဲ့ပြီး
အဲဒီထဲမှာ အာဆင်နယ် ၊ ဂျာမနီ နဲ့ ဘိုင်ယန်မြူးနစ်စတဲ့
အင်္ကျီ တွေကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ် ပရိသတ်တွေက ဂနာဘရီရဲ့ အင်စတာဂရမ်မှာ
အသင်းဟောင်းအာဆင်နယ်ကို ပြန်လာဖို့အတွက် တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။
ဘိုင်ယန်နဲ့ ဂနာဘရီတို့ကြား ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတာဖြစ်ကာ
စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။
ဘိုင်ယန်ဟာ စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ရင် ဂျာမန်သားကို
နွေရာသီမှာ ရောင်းထုတ်ရဖွယ်ရှိနေပါတယ်။ တကယ်လို့ ဂနာဘရီအနေနဲ့
ဘိုင်ယန်ကနေထွက်ခွာဖြစ်ခဲ့ရင် အာဆင်နယ်ကို ပြန်ပြောင်းနိုင်ဖွယ်ရှိနေပါတယ်။
” ကျွန်တော်က အမြဲဂန်းနားတစ်ဦးဖြစ်နေမှာပါပဲ။ အာဆင်နယ်က ထွက်ခွာခဲ့ရတာ
တကယ့်ကို ခက်ခဲခဲ့ပေမယ့် ကျွန်တော့်အတွက် အဆုံးမှာအလုပ်ဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။
အာဆင်နယ်ဆိုတာ ထိပ်တန်းအသင်းကြီးတစ်သင်းပါ။ “လို့ ဂနာဘရီ ကပြောထားပါတယ်။
zawgyi
ဂနာဘရီရဲ႕ အင္စတာဂရမ္မွာ အသင္းေဟာင္းအာဆင္နယ္ကို ျပန္လာဖို႔အတြက္ ပရိသတ္ေတြ တိုက္တြန္းခဲ့ၾက
အာဆင္နယ္ပရိသတ္ေတြက ဂ်ာမန္သားတစ္ေယာက္ အာဆင္နယ္ အက်ႌ ကို
ျပန္လည္ဝတ္ဆင္ၿပီး လူမႈမီဒီယာမွာ တင္ခဲ့ၿပီးေနာက္
အာဆင္နယ္ ဆီ ျပန္လာဖို႔ ေရးသားေနၾကတာျဖစ္ပါတယ္။
အသက္ ၂၆ ႏွစ္သားဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို
အာဆင္နယ္မွာ စတင္ခဲ့ေပမယ့္ အငွားထြက္ကစားတာေတြ မ်ားခဲ့ကာ
ဘိုင္ယန္ကိုေရာက္မွ ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့ပါတယ္။
အာဆင္နယ္အတြက္ ဂနာဘရီဟာ ၁၈ ပြဲသာ
ကစားခြင့္ရရွိခဲ့ၿပီး ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။
ဂနာဘရီဟာ အာဆင္နယ္အသင္းမွာ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္ အထိ
ငါးႏွစ္ၾကာ ကစားခဲ့ေပမယ့္ ပုံမွန္ပြဲထြက္ခြင့္မရခဲ့သူလည္း ျဖစ္ပါတယ္။
ဂနာဘရီဟာ အာဆင္နယ္က ထြက္ၿပီးေနာက္
ဝါဒါဘရီမင္မွာ တစ္ႏွစ္ၾကာ ကစားၿပီးေနာက္မွာ
ဘိုင္ယန္ျမဴးနစ္အသင္းကို ေရာက္ရွိခဲ့သူလည္း ျဖစ္ပါတယ္။
ဂနာဘရီဟာ အင္စတာဂရမ္မွာ ႐ုပ္ပုံေတာ္ေတာ္မ်ားမ်ားကို တင္ခဲ့ၿပီး
အဲဒီထဲမွာ အာဆင္နယ္ ၊ ဂ်ာမနီ နဲ႔ ဘိုင္ယန္ျမဴးနစ္စတဲ့
အက်ႌ ေတြကို ဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ ပရိသတ္ေတြက ဂနာဘရီရဲ႕ အင္စတာဂရမ္မွာ
အသင္းေဟာင္းအာဆင္နယ္ကို ျပန္လာဖို႔အတြက္ တိုက္တြန္းခဲ့ၾကတာျဖစ္ပါတယ္။
ဘိုင္ယန္နဲ႔ ဂနာဘရီတို႔ၾကား ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေနတာျဖစ္ကာ
စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈမရေသးတာျဖစ္ပါတယ္။
ဘိုင္ယန္ဟာ စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ခဲ့ရင္ ဂ်ာမန္သားကို
ေႏြရာသီမွာ ေရာင္းထုတ္ရဖြယ္ရွိေနပါတယ္။ တကယ္လို႔ ဂနာဘရီအေနနဲ႔
ဘိုင္ယန္ကေနထြက္ခြာျဖစ္ခဲ့ရင္ အာဆင္နယ္ကို ျပန္ေျပာင္းႏိုင္ဖြယ္ရွိေနပါတယ္။
” ကြၽန္ေတာ္က အၿမဲဂန္းနားတစ္ဦးျဖစ္ေနမွာပါပဲ။ အာဆင္နယ္က ထြက္ခြာခဲ့ရတာ
တကယ့္ကို ခက္ခဲခဲ့ေပမယ့္ ကြၽန္ေတာ့္အတြက္ အဆုံးမွာအလုပ္ျဖစ္ခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။
အာဆင္နယ္ဆိုတာ ထိပ္တန္းအသင္းႀကီးတစ္သင္းပါ။ “လို႔ ဂနာဘရီ ကေျပာထားပါတယ္။