
နယ်သာလန်အသင်းသာ ဆီမီးတက်ခွင့်ရသွားခဲ့တယ်ဆိုပါစို့ဗျာ။
ဒါဆိုရင် နယ်သာလန်ကစားသမားတွေရဲ့တန်ကြေးက အဆမတန်တိုးသွားမယ်။
ဗန်ဂေါကြီးရဲ့ လေလှိုင်းအောင်မှာ အာဂျင်တီးနားတွေ ငြိမ်ဝပ်နေကြရလိမ့်မယ်။
မက်ဆီတို့ ဒီမာရီယာတို့တွေဆိုရင်တော့ အလူးအလဲခံနေရတော့မှာ
ဒါပေမဲ့ အဲ့သည့်ဖြစ်ရပ်တွေဟာ အာဂျင်တီးနားသား မာတီနက်ဇ်(၂)ယောက်ကြောင့် ပျက်ပြယ်သွားခဲ့ပါပြီ။
နယ်သာလန်လည်း အာဂျင်တီးနားတွေကို ပင်နယ်တီမှာ ရှုံးနိမ့်ပြီး ကွာတားအဆင့်မှာတင် နှုတ်ဆက်သွားခဲ့ပါတယ်။
သည်အချိန်မှာ နယ်သာလန်အသင်းရဲ့ တိုက်စစ်မှူး ဂတ်ပိုနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေမယ့်အသင်းတွေကတော့ရှိလို့လာနေပြီဆိုပြီး
ဆိုရှယ်မီဒီယာပေါ်မှာရေးသားမှုတွေလုပ်လာနေကြပါတယ်။
အထူးသဖြင့် ဂတ်ပိုကိုခေါ်ချင်တယ်ဆိုပြီး မီဒီယာတွေဖွနေကြတဲ့ နည်းပြတန်ဟတ်ရဲ့ ယူနိုက်တက်အသင်းကိုပါပဲ။
ပီအက်စ်ဗွီ အသင်းက ဂတ်ပိုကို လာမယ့်နွေရာသီမှာ အသင်းကနေရောင်းထုတ်ဖို့စီစဉ်နေတာဖြစ်သလို
ပြီးခဲ့တဲ့ နွေရာသီကတည်းက ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကိစ္စတွေကိုချိတ်ဆက်ခဲ့ဖူးပါတယ်။
နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ပီအက်စ်ဗွီ နဲ့ နယ်သာလန်ကြယ်ပွင့် ဂတ်ပိုနဲ့ပတ်သက်ပြီး
ယူနိုက်တက်အနေဖြင့် ပြောင်းရွေ့ကြေးဘယ်လောက်ပေးချေရမလဲ ဆိုတာပြောပြလာပါတယ်။
ဖာဘရီဇီယို ရိုမာနိုက ”ပီအက်စ်ဗွီ အသင်းရဲ့ မူလအစီအစဉ်က ဂတ်ပိုကို နွေရာသီကျမှ ရောင်းချသွားဖို့ ဖြစ်ပြီး ဇန်နဝါရီမှာ ရောင်းချသွားဖို့ မဟုတ်ပါဘူး။
ဒါပေမယ့် အခုကျတော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲပြီးသွားရင် ယူရို သန်း ၅၀ ( ပေါင် ၄၃ သန်း ) ထက်များတဲ့ ကမ်းလှမ်းမှုသာ
ရှိလာမယ်ဆိုရင် ဂတ်ပိုအနေနဲ့ ဇန်နဝါရီမှာ ထွက်ဖို့ အခွင့်အရေး ရှိပါတယ်။
ကျွန်တော်ကတော့ ဇန်နဝါရီမှာတင် ပြောင်းရွှေ့မှုဖြစ်လာနိုင်မယ်လို့ ယူဆမိတယ်။
ဒီတော့ လာမယ့် ရက်အနည်းငယ်အတွင်း ဈေးကွက်ကို စောင့်ကြည့်နေလိုက်ရအောင်ပါ ” လို့ ပြောသွားခဲ့ပါတယ်။
အသက်(၂၃)နှစ်အရွယ်ရှိ တိုက်စစ်ကစားသမားလေး ဂတ်ပိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း
ပီအက်စ်ဗွီ အသင်းအတွက် အတော်လေးကို ခြေစွမ်းပြနေတာကြောင့် သူ့ကို နယ်သာလန်နည်းပြ လူးဝစ်ဗန်ဟားလ်က
၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ ရွေးချယ်ခဲ့ပြီး ကမ္ဘာ့ဖလားပွဲစဉ်တိုင်းမှာပါ ပွဲထွက်ကစားသမားအဖြစ် နေရာပေးခဲ့ရာ
ဂတ်ပိုကလည်း အုပ်စုပွဲ (၃)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့အထိ တောက်ပနိုင်ခဲ့ပါတယ်။
ဂတ်ပိုကို ခေါ်ယူဖို့ယူနိုက်တက်အသင်း တစ်သင်းတည်းရေပန်းစားနေတာမဟုတ်ဘဲ အာဆင်နယ်အသင်းကလည်း
နယ်သာလန်ကြယ်ပွင့်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဂတ်ပိုကိုယ်တိုင်ကတော့
ယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုကိုရမှ စဉ်းစားတော့မယ်လို့အင်တာဗျူးမှာ ဖွင့်ဟထားပါတယ်။
zawgyi
ဂတ္ပို၊ ယူႏိုက္တက္ အေျပာင္းအေ႐ႊ႕စေတာ့မယ္… နယ္သာလန္ ဆီမီးမတက္ခဲ့တာကေတာ့ ပီအက္စ္ဗြီ ေဈးတိုးတင္ဖို႔ အခြင့္အေရးဆုံးရႈံးသြားခဲ့တယ္လို႔ဆိုရမွာပါ။
နယ္သာလန္အသင္းသာ ဆီမီးတက္ခြင့္ရသြားခဲ့တယ္ဆိုပါစို႔ဗ်ာ။ ဒါဆိုရင္ နယ္သာလန္ကစားသမားေတြရဲ႕တန္ေၾကးက အဆမတန္တိုးသြားမယ္။
ဗန္ေဂါႀကီးရဲ႕ ေလလႈိင္းေအာင္မွာ အာဂ်င္တီးနားေတြ ၿငိမ္ဝပ္ေနၾကရလိမ့္မယ္။
မက္ဆီတို႔ ဒီမာရီယာတို႔ေတြဆိုရင္ေတာ့ အလူးအလဲခံေနရေတာ့မွာ
ဒါေပမဲ့ အဲ့သည့္ျဖစ္ရပ္ေတြဟာ အာဂ်င္တီးနားသား မာတီနက္ဇ္(၂)ေယာက္ေၾကာင့္ ပ်က္ျပယ္သြားခဲ့ပါၿပီ။
နယ္သာလန္လည္း အာဂ်င္တီးနားေတြကို ပင္နယ္တီမွာ ရႈံးနိမ့္ၿပီး ကြာတားအဆင့္မွာတင္ ႏႈတ္ဆက္သြားခဲ့ပါတယ္။
သည္အခ်ိန္မွာ နယ္သာလန္အသင္းရဲ႕ တိုက္စစ္မႉး ဂတ္ပိုနဲ႔ ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနမယ့္အသင္းေတြကေတာ့ရွိလို႔လာေနၿပီဆိုၿပီး
ဆိုရွယ္မီဒီယာေပၚမွာေရးသားမႈေတြလုပ္လာေနၾကပါတယ္။
အထူးသျဖင့္ ဂတ္ပိုကိုေခၚခ်င္တယ္ဆိုၿပီး မီဒီယာေတြဖြေနၾကတဲ့ နည္းျပတန္ဟတ္ရဲ႕ ယူႏိုက္တက္အသင္းကိုပါပဲ။
ပီအက္စ္ဗြီ အသင္းက ဂတ္ပိုကို လာမယ့္ေႏြရာသီမွာ အသင္းကေနေရာင္းထုတ္ဖို႔စီစဥ္ေနတာျဖစ္သလို
ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက ယူႏိုက္တက္နဲ႔ အေျပာင္းအေ႐ႊ႕ကိစၥေတြကိုခ်ိတ္ဆက္ခဲ့ဖူးပါတယ္။
နာမည္ေက်ာ္ ေဘာလုံးသတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ပီအက္စ္ဗြီ နဲ႔ နယ္သာလန္ၾကယ္ပြင့္ ဂတ္ပိုနဲ႔ပတ္သက္ၿပီး
ယူႏိုက္တက္အေနျဖင့္ ေျပာင္းေ႐ြ႕ေၾကးဘယ္ေလာက္ေပးေခ်ရမလဲ ဆိုတာေျပာျပလာပါတယ္။
ဖာဘရီဇီယို ႐ိုမာႏိုက ”ပီအက္စ္ဗြီ အသင္းရဲ႕ မူလအစီအစဥ္က ဂတ္ပိုကို ေႏြရာသီက်မွ ေရာင္းခ်သြားဖို႔ ျဖစ္ၿပီး ဇန္နဝါရီမွာ ေရာင္းခ်သြားဖို႔ မဟုတ္ပါဘူး။
ဒါေပမယ့္ အခုက်ေတာ့ ဒီကမာၻ႔ဖလားၿပိဳင္ပြဲၿပီးသြားရင္ ယူ႐ို သန္း ၅၀ ( ေပါင္ ၄၃ သန္း ) ထက္မ်ားတဲ့ ကမ္းလွမ္းမႈသာ
ရွိလာမယ္ဆိုရင္ ဂတ္ပိုအေနနဲ႔ ဇန္နဝါရီမွာ ထြက္ဖို႔ အခြင့္အေရး ရွိပါတယ္။
ကြၽန္ေတာ္ကေတာ့ ဇန္နဝါရီမွာတင္ ေျပာင္းေ႐ႊ႕မႈျဖစ္လာႏိုင္မယ္လို႔ ယူဆမိတယ္။
ဒီေတာ့ လာမယ့္ ရက္အနည္းငယ္အတြင္း ေဈးကြက္ကို ေစာင့္ၾကည့္ေနလိုက္ရေအာင္ပါ ” လို႔ ေျပာသြားခဲ့ပါတယ္။
အသက္(၂၃)ႏွစ္အ႐ြယ္ရွိ တိုက္စစ္ကစားသမားေလး ဂတ္ပိုဟာ ဒီႏွစ္ေဘာလုံးရာသီအတြင္း
ပီအက္စ္ဗြီ အသင္းအတြက္ အေတာ္ေလးကို ေျခစြမ္းျပေနတာေၾကာင့္ သူ႔ကို နယ္သာလန္နည္းျပ လူးဝစ္ဗန္ဟားလ္က
၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္မယ့္ လူစာရင္းမွာ ေ႐ြးခ်ယ္ခဲ့ၿပီး ကမာၻ႔ဖလားပြဲစဥ္တိုင္းမွာပါ ပြဲထြက္ကစားသမားအျဖစ္ ေနရာေပးခဲ့ရာ
ဂတ္ပိုကလည္း အုပ္စုပြဲ (၃)ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့အထိ ေတာက္ပႏိုင္ခဲ့ပါတယ္။
ဂတ္ပိုကို ေခၚယူဖို႔ယူႏိုက္တက္အသင္း တစ္သင္းတည္းေရပန္းစားေနတာမဟုတ္ဘဲ အာဆင္နယ္အသင္းကလည္း
နယ္သာလန္ၾကယ္ပြင့္ကို ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။ ဂတ္ပိုကိုယ္တိုင္ကေတာ့
ယူႏိုက္တက္အသင္းရဲ႕ကမ္းလွမ္းမႈကိုရမွ စဥ္းစားေတာ့မယ္လို႔အင္တာဗ်ဴးမွာ ဖြင့္ဟထားပါတယ္။