ဂတ်ပိုအပြောင်းအရွှေ့ကိစ္စမှာ မန်ယူထက် လီဗာပူးက ပါတနာကောင်းဖြစ်နိုင်တယ်လို့ ပီအက်ဗွီအမှုဆောင်မာဆယ်ဘရန်းစ် ဖွင့်ဟ

ယူနိုက်တက်ပစ်မှတ်ကစား သမားဂတ်ပိုကိုတော့ လီဗာပူးကစားသမားအဖြစ်မြင်တွေ့ရဖို့အတော်လေးနီးစပ်လာခဲ့ပါပြီ။ ကလော့ပ်အသင်းအတွက်ကစားပေးရတာဟာ ဂုဏ်ယူစရာဖြစ်တယ်လို့

ကစားသမားကိုယ်တိုင်က ဖွင့်ဟခဲ့သလို ပီအက်စ်ဗွီအသင်းဥက္ကဌမာဆယ်ဘရန်းစ်ကလည်း အပြောင်းအရွှေ့မှာအာရုံစိုက်လုပ်ဆောင်တတ်တဲ့ လီဗာပူးအသင်းကိုချီးကျူးမှုတွေပြုလုပ်လာပြီဖြစ်တယ်။

ဒီရာသီ ပြိုင်ပွဲစုံ ၂၃ပွဲမှာ သွင်းဂိုး ၃၀အထိ ပါဝင်ပတ်သတ်ထားတဲ့ ဂတ်ပိုခေါ်ယူမှုမှာ လီဗာပူးအသင်းကအလွန်အားစိုက်လုပ်ဆောင်လာခဲ့သလို သရဲနီတွေကိုအနိုင်ရဖို့အလွန်နီးစပ်လာခဲ့ပြီလို့ဆိုနိုင်တယ်။

နယ်သာလန်အခြေစိုက်ရုပ်သံ NOS နဲ့တွေ့ဆုံမှုမှာ ဂတ်ပိုက “ဒီရာသီအပြီးမှာ နောက်တစ်ဆင့်တက်လှမ်းဖြစ်မယ်ထင်ပါတယ်။ ရာသီအစမှာ ကျွန်တော့်ဘက်က ဒီလိုခံစားမှုရလာတာဖြစ်ပေမဲ့

ရာသီကုန်မှာနောက်တစ်ဆင့်တက်ဖို့ပိုပြီးအဆင့်သင့်ဖြစ်နေမှာပါ။ ရီးရဲလ်၊ ဘာစီလိုနာ၊ မန်ယူ၊ မန်စီးတီးနဲ့ လီဗာပူးတို့အတွက်ကစားခွင့်ရရင်တော့ ဂုဏ်ယူစရာဖြစ်ပေမဲ့ ဘယ်အသင်းမျိုးက

ကျွန်တော့်အတွက် အဆင်အပြေဆုံးဖြစ်မယ်ဆိုတာကြည့်ရမှာပါ” လို့ ဖွင့်ဟထားပါတယ်။ ပီအက်စ်ဗွီအသင်းဥက္ကဌမာဆယ်ဘရန်းစ် ကတော့ လီဗာပူးအသင်းဆီကိုဦးတည်တာဟာ

အကောင်းဆုံးဖြစ်မယ်လို့ဆိုခဲ့ပါတယ်။ “လီဗာပူးက အမြဲတမ်းအာရုံစိုက်တတ်တဲ့အသင်းပါ။ တစ်ခါတရံမှာ နိုဝင်ဘာလအတွင်းကစားသမားသစ်တွေရရှိတတ်ပါတယ်။ နွေရာသီမှာ

ဂတ်ပိုကိစ္စအတွက် သူတို့နဲ့ဆိုရင်ပါတနာ ကောင်းဖြစ်နိုင်မလား။ ဟုတ်ပါတယ်။ မှန်တယ်” လို့ နယ်သာလန်ရုပ်သံ espn nl နဲ့တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့

ဂတ်ပိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်နဲ့အတူအကောင်းဆုံးခြေစွမ်းပြပြီး သူ့ကိုခေါ်ယူချင်နေတဲ့ အသင်းကြီးတွေကိုပိုပြီးဆွဲဆောင်နိုင်ဖို့လိုအပ်နေပါတယ်။

(Zawgyi)

ဂတ္ပိုအေျပာင္းအေ႐ႊ႕ကိစၥမွာ မန္ယူထက္ လီဗာပူးက ပါတနာေကာင္းျဖစ္ႏိုင္တယ္လို႔ ပီအက္ဗြီအမႈေဆာင္မာဆယ္ဘရန္းစ္ ဖြင့္ဟ

ယူႏိုက္တက္ပစ္မွတ္ကစား သမားဂတ္ပိုကိုေတာ့ လီဗာပူးကစားသမားအျဖစ္ျမင္ေတြ႕ရဖို႔အေတာ္ေလးနီးစပ္လာခဲ့ပါၿပီ။ ကေလာ့ပ္အသင္းအတြက္ကစားေပးရတာဟာ ဂုဏ္ယူစရာျဖစ္တယ္လို႔

ကစားသမားကိုယ္တိုင္က ဖြင့္ဟခဲ့သလို ပီအက္စ္ဗြီအသင္းဥကၠဌမာဆယ္ဘရန္းစ္ကလည္း အေျပာင္းအေ႐ႊ႕မွာအာ႐ုံစိုက္လုပ္ေဆာင္တတ္တဲ့ လီဗာပူးအသင္းကိုခ်ီးက်ဴးမႈေတြျပဳလုပ္လာၿပီျဖစ္တယ္။

ဒီရာသီ ၿပိဳင္ပြဲစုံ ၂၃ပြဲမွာ သြင္းဂိုး ၃၀အထိ ပါဝင္ပတ္သတ္ထားတဲ့ ဂတ္ပိုေခၚယူမႈမွာ လီဗာပူးအသင္းကအလြန္အားစိုက္လုပ္ေဆာင္လာခဲ့သလို သရဲနီေတြကိုအႏိုင္ရဖို႔အလြန္နီးစပ္လာခဲ့ၿပီလို႔ဆိုႏိုင္တယ္။

နယ္သာလန္အေျခစိုက္႐ုပ္သံ NOS နဲ႔ေတြ႕ဆုံမႈမွာ ဂတ္ပိုက “ဒီရာသီအၿပီးမွာ ေနာက္တစ္ဆင့္တက္လွမ္းျဖစ္မယ္ထင္ပါတယ္။ ရာသီအစမွာ ကြၽန္ေတာ့္ဘက္က ဒီလိုခံစားမႈရလာတာျဖစ္ေပမဲ့

ရာသီကုန္မွာေနာက္တစ္ဆင့္တက္ဖို႔ပိုၿပီးအဆင့္သင့္ျဖစ္ေနမွာပါ။ ရီးရဲလ္၊ ဘာစီလိုနာ၊ မန္ယူ၊ မန္စီးတီးနဲ႔ လီဗာပူးတို႔အတြက္ကစားခြင့္ရရင္ေတာ့ ဂုဏ္ယူစရာျဖစ္ေပမဲ့ ဘယ္အသင္းမ်ိဳးက

ကြၽန္ေတာ့္အတြက္ အဆင္အေျပဆုံးျဖစ္မယ္ဆိုတာၾကည့္ရမွာပါ” လို႔ ဖြင့္ဟထားပါတယ္။ ပီအက္စ္ဗြီအသင္းဥကၠဌမာဆယ္ဘရန္းစ္ ကေတာ့ လီဗာပူးအသင္းဆီကိုဦးတည္တာဟာ

အေကာင္းဆုံးျဖစ္မယ္လို႔ဆိုခဲ့ပါတယ္။ “လီဗာပူးက အၿမဲတမ္းအာ႐ုံစိုက္တတ္တဲ့အသင္းပါ။ တစ္ခါတရံမွာ ႏိုဝင္ဘာလအတြင္းကစားသမားသစ္ေတြရရွိတတ္ပါတယ္။

ေႏြရာသီမွာ ဂတ္ပိုကိစၥအတြက္ သူတို႔နဲ႔ဆိုရင္ပါတနာ ေကာင္းျဖစ္ႏိုင္မလား။ ဟုတ္ပါတယ္။ မွန္တယ္” လို႔ နယ္သာလန္႐ုပ္သံ espn nl နဲ႔ေတြ႕ဆုံမႈမွာ ေျပာဆိုခဲ့ပါတယ္။

လက္ရွိမွာေတာ့ ဂတ္ပိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ နယ္သာလန္နဲ႔အတူအေကာင္းဆုံးေျခစြမ္းျပၿပီး သူ႔ကိုေခၚယူခ်င္ေနတဲ့ အသင္းႀကီးေတြကိုပိုၿပီးဆြဲေဆာင္ႏိုင္ဖို႔လိုအပ္ေနပါတယ္။