ဂတ်ပိုအတွက် ပီအက်စ်ဗွီ သတ်မှတ်ပေးလိုက်တဲ့ ဈေးက တစ်ကယ့်ကို ဗိုက်နာဈေး… ဇန်နဝါရီမှာ ရောင်းချမှာဆိုတော့ ယူနိုက်တက်ဘာလုပ်မလဲ…?

ယူနိုက်တက်ကစားသမားဟောင်း နစ္စတယ်ရွိုင်းနည်းပြနေတဲ့ ပီအက်စ်ဗွီ အသင်းဟာ

ဘဏ္ဍာရေးအခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် သူတို့ရဲ့ အဓိက,ကစားသမား ဂတ်ပိုကို လာမယ့်

ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချပြီး ငွေရှာဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူနိုက်တက်တို့ဟာ အန်တိုနီနဲ့ အတူ

အသက်(၂၃)နှစ်အရွယ် နယ်သာလန်လက်ရွေးစင်

တောင်ပံတိုက်စစ်ကစားသမား ဂတ်ပိုကို ခေါ်ယူဖို့ပြင်ဆင်ခဲ့ကြပေမယ့်

နှေးကွေးတဲ့ စီမံမှုတွေနဲ့ အသားကျနေတဲ့ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ

အန်တိုနီကိုသာ ခေါ်ယူနိုင်ခဲ့ပြီး ဂတ်ပိုကိုလက်လွှတ်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ အတော်နီးစပ်ခဲ့သလို ကစားသမား

ကိုယ်တိုင်ကလည်း အသင်းပြောင်းလိုပေမယ့် ယူနိုက်တက်တို့ အေဂျက်စ်

တောင်ပံတိုက်စစ်ကစားသမား အန်တိုနီနဲ့ သဘောတူညီမှုရခဲ့တာကြောင့်

ဂတ်ပိုရဲ့ အပြောင်းအရွှေ့ကို လက်လျှော့ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ ဂတ်ပိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး

အခု ဒတ်ချ်နာမည်ကျော်သတင်းစာ De Telegraaf က ပီအက်စ်ဗွီ အသင်းအနေနဲ့

သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)တန်ကြေး

သတ်မှတ်ထားလိုက်ပြီဖြစ်ကြောင်းနဲ့ လာမယ့်ဇန်နဝါရီကျရင် ရောင်းချသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီရာသီမှာ ပီအက်စ်ဗွီ အသင်းအတွက် ဂတ်ပိုဟာ ခြေစွမ်းပြကစားနေသလို ပြိုင်ပွဲစုံ

(၂၁)ပွဲကစား၊ (၁၃)ဂိုးသွင်းယူထားပါတယ်။

zawgyi

ဂတ္ပိုအတြက္ ပီအက္စ္ဗြီ သတ္မွတ္ေပးလိုက္တဲ့ ေဈးက တစ္ကယ့္ကို ဗိုက္နာေဈး…

ဇန္နဝါရီမွာ ေရာင္းခ်မွာဆိုေတာ့ ယူႏိုက္တက္ဘာလုပ္မလဲ…?

ယူႏိုက္တက္ကစားသမားေဟာင္း နစၥတယ္႐ြိဳင္းနည္းျပေနတဲ့ ပီအက္စ္ဗြီ အသင္းဟာ

ဘ႑ာေရးအခက္အခဲနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ သူတို႔ရဲ႕ အဓိက,ကစားသမား ဂတ္ပိုကို လာမယ့္

ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ေရာင္းခ်ၿပီး ေငြရွာဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ယူႏိုက္တက္တို႔ဟာ အန္တိုနီနဲ႔ အတူ

အသက္(၂၃)ႏွစ္အ႐ြယ္ နယ္သာလန္လက္ေ႐ြးစင္

ေတာင္ပံတိုက္စစ္ကစားသမား ဂတ္ပိုကို ေခၚယူဖို႔ျပင္ဆင္ခဲ့ၾကေပမယ့္

ေႏွးေကြးတဲ့ စီမံမႈေတြနဲ႔ အသားက်ေနတဲ့ ယူႏိုက္တက္ ဘုတ္အဖြဲ႕ဟာ

အန္တိုနီကိုသာ ေခၚယူႏိုင္ခဲ့ၿပီး ဂတ္ပိုကိုလက္လႊတ္ခဲ့ရပါတယ္။

ယူႏိုက္တက္အသင္းဟာ ဂတ္ပိုကို ေခၚယူႏိုင္ဖို႔ အေတာ္နီးစပ္ခဲ့သလို ကစားသမား

ကိုယ္တိုင္ကလည္း အသင္းေျပာင္းလိုေပမယ့္ ယူႏိုက္တက္တို႔ ေအဂ်က္စ္

ေတာင္ပံတိုက္စစ္ကစားသမား အန္တိုနီနဲ႔ သေဘာတူညီမႈရခဲ့တာေၾကာင့္

ဂတ္ပိုရဲ႕ အေျပာင္းအေ႐ႊ႕ကို လက္ေလွ်ာ့ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ယူႏိုက္တက္အသင္းဟာ ဂတ္ပိုကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး

အခု ဒတ္ခ်္နာမည္ေက်ာ္သတင္းစာ De Telegraaf က ပီအက္စ္ဗြီ အသင္းအေနနဲ႔

သူတို႔ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း(၃၀)တန္ေၾကး

သတ္မွတ္ထားလိုက္ၿပီျဖစ္ေၾကာင္းနဲ႔ လာမယ့္ဇန္နဝါရီက်ရင္ ေရာင္းခ်သြားမွာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီရာသီမွာ ပီအက္စ္ဗြီ အသင္းအတြက္ ဂတ္ပိုဟာ ေျခစြမ္းျပကစားေနသလို ၿပိဳင္ပြဲစုံ

(၂၁)ပြဲကစား၊ (၁၃)ဂိုးသြင္းယူထားပါတယ္။