





ကာတာကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းအတွက်ပုံစံကောင်းပြနေပြီး
၄ပွဲမှာ ၃ဂိုးသွင်းထားတဲ့ ဂတ်ပိုနဲ့ ယူနိုက်တက်တို့အပြောင်းအရွှေ့





သတင်းတွေက ပုံမှန်အတိုင်းထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နွေဈေးကွက်မှာ
ကစားသမားဟာ နည်းပြတန်ဟတ်နဲ့တစ်ကြိမ်မကဆက်သွယ်မှုတွေရှိခဲ့ပေမဲ့
အပြောင်းအရွှေ့ကိစ္စဖြစ်မလာခဲ့ဘူးလို့ဂတ်ပိုက ဖွင့်ဟခဲ့ပြီးသားပါ။





သရဲနီတွေနဲ့ဖြစ်မလာတဲ့နောက် လိဒ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ကို
ပြောင်းရွှေ့မလားဆိုတဲ့ထွက်ပေါက်ကိုတော့ နယ်သာလန်သားကငြင်းဆန်ပြီး





ပီအက်စ်ဗွီမှာဆက်နေခဲ့တာဖြစ်တယ်။ အဲ့ဒီအချိန်မှာအဓိကပြဿနာက
တန်ဟတ်အနေနဲ့ ဂတ်ပိုကိုပွဲထွက်ခွင့်အာမခံချက်မပေးနိုင်တာဖြစ်ဖို့
များတယ်လို့ မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုထွက်ခွာခဲ့သလို





ကာတာကမ္ဘာ့ဖလားအတွင်းမှာ ဂတ်ပိုကနယ်သာလန်ရဲ့အရေးပါတဲ့
အစိတ်အိပိုင်းအဖြစ်ရပ်တည်လာနိုင်ပြီဖြစ်လို့ တန်ဟတ်ဘက်က





တော်ကောက်ဖို့သင့်တော်တဲ့အနေအထားတစ်ရပ်ရောက်လာပါပြီ။
ဒီအချိန်မှာ သရဲနီနောက်ခံလူတစ်ယောက်အဖြစ်ရှိနေပြီး
လက်ရှိနယ်သာလန်အသင်းမှာ ဂတ်ပိုရဲ့အသင်းဖော်အဖြစ်ရှိနေတဲ့





မာလာစီယာက “သူက အမြင့်ဆုံးအဆင့်မှာ ကစားဖို့လုံလောက်တဲ့
ခြေစွမ်းရှိပါတယ်။ ဒီအတွက်သံသယဖြစ်စရာမရှိပါဘူး” လို့





ထောက်ခံပေးခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နွေဈေးကွက်မှာ
ယူနိုက်တက်နဲ့ချိတ်ဆက်ပြီးအရှက်စရာပျက်ပြယ်ခဲ့တယ်လို့ဆိုထားတဲ့
ဂတ်ပိုက “အရှင်းဆုံးပြောရရင် ဒီအကြောင်းမတွေးသေးပါဘူး။





ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အာရုံစိုက်နေပါတယ်။ နယ်သာလန်အတွက်
ကူညီပေးချင်တယ်။ ချန်ပီယံဖြစ်ပြီးရင်တော့ အခြားအကြောင်းတွေ





စဉ်းစားလို့ရတာပေါ့။ အခုလိုအချိန်မှာ ဘယ်ကစားသမားဆိုအပြောင်းအရွှေ့
ကိစ္စပြောမှာမဟုတ်ပါဘူး” လို့ ဆိုထားပါတယ်။ ဂတ်ပိုဟာ ယူနိုက်တက်နဲ့
ကိစ္စကိုဖုံးကွယ်ထားတာမရှိပေမဲ့ ဒီအပြောင်းအရွှေ့က နည်းပြတန်ဟတ်





အပေါ်မူတည်နေပါတယ်။ လိမ္မော်ရောင်အသင်းဖော် မာလာစီယာကတော့
ဒီရာသီကလပ်အသင်းအတွက် ၁၄ ပွဲမှာ ဂိုးပါဝင်ပတ်သတ်မှု ၂၁ ကြိမ်





လုပ်ထားနိုင်တဲ့ လိမ္မော်ရောင်အသင်းဖော်ကို သရဲနီတွေအတွက်
ထောက်ခံပေးနေပေမဲ့ သူကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်မှာ
ရုန်းကန်နေရသူဖြစ်နေပါတယ်။ ဂတ်ပိုနဲ့ ယူနိုက်တက်နည်းပြ





တန်ဟတ်တို့က အဆက်အသွယ်တွေရှိနေကြတာဖြစ်လို့
နည်းပြဘက်ကမီးစိမ်းပြရင် နယ်သာလန်ကြယ်ပွင့်က





အိုးလ်ထရက်ဖို့ဒ်ကိုပြောင်းရွှေ့ဖို့အလွယ်လေးဆုံးဖြတ်နိုင်ပါတယ်။
zawgyi





ဂတ္ပိုဟာ အျမင့္ဆုံးအဆင့္မွာကစားႏိုင္တဲ့ကစားသမားျဖစ္တယ္လို႔ သရဲနီေနာက္ခံလူ မာလာစီယာ ေထာက္ခံေပး
ကာတာကမာၻ႔ဖလားမွာ နယ္သာလန္အသင္းအတြက္ပုံစံေကာင္းျပေနၿပီး





၄ပြဲမွာ ၃ဂိုးသြင္းထားတဲ့ ဂတ္ပိုနဲ႔ ယူႏိုက္တက္တို႔အေျပာင္းအေ႐ႊ႕
သတင္းေတြက ပုံမွန္အတိုင္းထြက္ေပၚေနပါတယ္။ ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ
ကစားသမားဟာ နည္းျပတန္ဟတ္နဲ႔တစ္ႀကိမ္မကဆက္သြယ္မႈေတြရွိခဲ့ေပမဲ့





အေျပာင္းအေ႐ႊ႕ကိစၥျဖစ္မလာခဲ့ဘူးလို႔ဂတ္ပိုက ဖြင့္ဟခဲ့ၿပီးသားပါ။
သရဲနီေတြနဲ႔ျဖစ္မလာတဲ့ေနာက္ လိဒ္ယူႏိုက္တက္နဲ႔ ေဆာက္သမ္တန္တို႔ကို





ေျပာင္းေ႐ႊ႕မလားဆိုတဲ့ထြက္ေပါက္ကိုေတာ့ နယ္သာလန္သားကျငင္းဆန္ၿပီး
ပီအက္စ္ဗြီမွာဆက္ေနခဲ့တာျဖစ္တယ္။ အဲ့ဒီအခ်ိန္မွာအဓိကျပႆနာက
တန္ဟတ္အေနနဲ႔ ဂတ္ပိုကိုပြဲထြက္ခြင့္အာမခံခ်က္မေပးႏိုင္တာျဖစ္ဖို႔





မ်ားတယ္လို႔ မီဒီယာေတြကေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ ေရာ္နယ္ဒိုထြက္ခြာခဲ့သလို
ကာတာကမာၻ႔ဖလားအတြင္းမွာ ဂတ္ပိုကနယ္သာလန္ရဲ႕အေရးပါတဲ့





အစိတ္အိပိုင္းအျဖစ္ရပ္တည္လာႏိုင္ၿပီျဖစ္လို႔ တန္ဟတ္ဘက္က
ေတာ္ေကာက္ဖို႔သင့္ေတာ္တဲ့အေနအထားတစ္ရပ္ေရာက္လာပါၿပီ။
ဒီအခ်ိန္မွာ သရဲနီေနာက္ခံလူတစ္ေယာက္အျဖစ္ရွိေနၿပီး





လက္ရွိနယ္သာလန္အသင္းမွာ ဂတ္ပိုရဲ႕အသင္းေဖာ္အျဖစ္ရွိေနတဲ့
မာလာစီယာက “သူက အျမင့္ဆုံးအဆင့္မွာ ကစားဖို႔လုံေလာက္တဲ့





ေျခစြမ္းရွိပါတယ္။ ဒီအတြက္သံသယျဖစ္စရာမရွိပါဘူး” လို႔
ေထာက္ခံေပးခဲ့ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ
ယူႏိုက္တက္နဲ႔ခ်ိတ္ဆက္ၿပီးအရွက္စရာပ်က္ျပယ္ခဲ့တယ္လို႔ဆိုထားတဲ့





ဂတ္ပိုက “အရွင္းဆုံးေျပာရရင္ ဒီအေၾကာင္းမေတြးေသးပါဘူး။
ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အာ႐ုံစိုက္ေနပါတယ္။ နယ္သာလန္အတြက္





ကူညီေပးခ်င္တယ္။ ခ်န္ပီယံျဖစ္ၿပီးရင္ေတာ့ အျခားအေၾကာင္းေတြ
စဥ္းစားလို႔ရတာေပါ့။ အခုလိုအခ်ိန္မွာ ဘယ္ကစားသမားဆိုအေျပာင္းအေ႐ႊ႕
ကိစၥေျပာမွာမဟုတ္ပါဘူး” လို႔ ဆိုထားပါတယ္။ ဂတ္ပိုဟာ ယူႏိုက္တက္နဲ႔





ကိစၥကိုဖုံးကြယ္ထားတာမရွိေပမဲ့ ဒီအေျပာင္းအေ႐ႊ႕က နည္းျပတန္ဟတ္
အေပၚမူတည္ေနပါတယ္။ လိေမၼာ္ေရာင္အသင္းေဖာ္ မာလာစီယာကေတာ့





ဒီရာသီကလပ္အသင္းအတြက္ ၁၄ ပြဲမွာ ဂိုးပါဝင္ပတ္သတ္မႈ ၂၁ ႀကိမ္
လုပ္ထားႏိုင္တဲ့ လိေမၼာ္ေရာင္အသင္းေဖာ္ကို သရဲနီေတြအတြက္
ေထာက္ခံေပးေနေပမဲ့ သူကိုယ္တိုင္ကလည္း အိုးလ္ထရက္ဖို႔ဒ္မွာ





႐ုန္းကန္ေနရသူျဖစ္ေနပါတယ္။ ဂတ္ပိုနဲ႔ ယူႏိုက္တက္နည္းျပ
တန္ဟတ္တို႔က အဆက္အသြယ္ေတြရွိေနၾကတာျဖစ္လို႔





နည္းျပဘက္ကမီးစိမ္းျပရင္ နယ္သာလန္ၾကယ္ပြင့္က
အိုးလ္ထရက္ဖို႔ဒ္ကိုေျပာင္းေ႐ႊ႕ဖို႔အလြယ္ေလးဆုံးျဖတ္ႏိုင္ပါတယ္။