ခွန်ဒီကို မှတ်ပုံတင်ဖို့အတွက် ပေါင် ၁၇ သန်းရှာရဦးမယ့် ဘာစီလိုနာ

ဘာစီလိုနာအနေနဲ့ ကစားသမားသစ် ခွန်ဒီကို မှတ်ပုံတင်ဖို့အတွက် ပေါင် ၁၇ သန်း လိုအပ်နေတယ်လို့သိရပါ တယ်။ ခွန်ဒီဟာ နွေရာသီမှာခေါ်ယူထားတဲ့ ကစားသမားသစ်တွေထဲမှာ ဘာစီလိုနာ မှတ်ပုံတင်ဖို့ကျန်နေတဲ့ တစ်ဦးတည်းသော ကစားသမားလည်းဖြစ်ပါတယ်။

ဆီဗီလာကနေ ပေါင် ၄၆ သန်းနဲ့ရောက်လာတဲ့ ခွန်ဒီဟာ ဘာစီလိုနာရဲ့ ရာသီအဖွင့်ပွဲနှစ်ပွဲလုံးကိုလွဲချော်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာအနေနဲ့ခွန်ဒီကို မှတ်ပုံတင်ဖို့ မဖြစ်မနေအသင်းက ကစားသမားတချို့ကိုရောင်းထုတ်ဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

တိုက်စစ်မှူး အူဘာမီယန်ကို ချဲလ်ဆီးကခေါ်ယူဖို့ကြိုးစားနေပေမယ့် ဘာစီလိုနာတောင်းတဲ့ ပေါင်း ၂၁သန်းကို ပေးချင်ပုံမရပါဘူး။ လက်ရှိမှာ ချဲလ်ဆီးအနေနဲ့ အက်သလက်တီကို တိုက်စစ်မှူး မိုရာတာကိုခေါ်ယူဖို့စိတ်ပြောင်း သွားတာတွေ့ရပါတယ်။

ဒီပေးရဲ့အပြောင်းအရွှေ့ကလည်း ဂျူဗင်တပ်နဲ့ ဆွေးနွေးမှုအဆင့်မှာသာ တန့်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာကတော့ ကစားသမားသစ်စာရင်းသွင်းတာပိတ်မယ့် စက်တင်ဘာလမကုန်ခင်မှာ ခွန်ဒီကို မှတ်ပုံတင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိမှာ အသင်းမပြောင်းဘူးလို့ဆိုထားတဲ့ တိုက်စစ်မှူး ဘရေ့ဝိတ်ကို မာယော့ကာ စိတ်ဝင်စားနေသလို အမ်တီတီကလည်း စီးရီးအေကလပ် လက်စီကိုပြောင်းဖို့ နီးစပ်သလောက်ရှိနေပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ ခွန်ဒီအတွက်

မျှော်လင့်ချက်ရှိနေတာတော့ အမှန်ပါပဲ။ ဘာစီလိုနာနည်းပြဇာဗီးကလည်း ဆိုစီဒက်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ခွန်ဒီကိစ္စအတွက် အနှောက်အယှက်ဖြစ်စရာမလိုဘူးလို့ ဆိုသွားခဲ့တာပါ။

ကစားသမားတိုင်းဟာ သူတို့အနာဂတ်ကိုကြည့်ရမှာဖြစ်ပြီး ကစားသမားတွေ အသင်းကမထွက်ခွာချင်တဲ့ကိစ္စဟာ သူ့အတွက်အနှောက်အယှက် မဟုတ်ဘူးလို့လည်း ပြောခဲ့ပါ တယ်။ ဒါပေမယ့် ခွန်ဒီကို မှတ်ပုံတင်နိုင်ဖို့အတွက်တော့ အသင်းအနေနဲ့ ကစားသမားရောင်းထုတ်ဖို့လိုအပ်နေတာ တော့အမှန်ပဲလို့ ဝန်ခံသွားခဲ့ပါတယ်။

(zawgyi)

ဘာစီလိုနာအေနနဲ႔ ကစားသမားသစ္ ခြန္ဒီကို မွတ္ပုံတင္ဖို႔အတြက္ ေပါင္ ၁၇ သန္း လိုအပ္ေနတယ္လို႔သိရပါ တယ္။ ခြန္ဒီဟာ ေႏြရာသီမွာေခၚယူထားတဲ့ ကစားသမားသစ္ေတြထဲမွာ ဘာစီလိုနာ မွတ္ပုံတင္ဖို႔က်န္ေနတဲ့ တစ္ဦးတည္းေသာ

ကစားသမားလည္းျဖစ္ပါတယ္။ ဆီဗီလာကေန ေပါင္ ၄၆ သန္းနဲ႔ေရာက္လာတဲ့ ခြန္ဒီဟာ ဘာစီလိုနာရဲ႕ ရာသီအဖြင့္ပြဲႏွစ္ပြဲလုံးကိုလြဲေခ်ာ္ထားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ဘာစီလိုနာအေနနဲ႔ခြန္ဒီကို မွတ္ပုံတင္ဖို႔ မျဖစ္မေနအသင္းက ကစားသမားတခ်ိဳ႕ကိုေရာင္းထုတ္ဖို႔

လိုအပ္ေနတာလည္းျဖစ္ပါတယ္။ တိုက္စစ္မႉး အူဘာမီယန္ကို ခ်ဲလ္ဆီးကေခၚယူဖို႔ႀကိဳးစားေနေပမယ့္ ဘာစီလိုနာေတာင္းတဲ့ ေပါင္း ၂၁သန္းကို ေပးခ်င္ပုံမရပါဘူး။ လက္ရွိမွာ ခ်ဲလ္ဆီးအေနနဲ႔ အက္သလက္တီကို တိုက္စစ္မႉး မိုရာတာကိုေခၚယူဖို႔စိတ္ေျပာင္း

သြားတာေတြ႕ရပါတယ္။ ဒီေပးရဲ႕အေျပာင္းအေ႐ႊ႕ကလည္း ဂ်ဴဗင္တပ္နဲ႔ ေဆြးေႏြးမႈအဆင့္မွာသာ တန႔္ေနတာ ျဖစ္ပါတယ္။ ဘာစီလိုနာကေတာ့ ကစားသမားသစ္စာရင္းသြင္းတာပိတ္မယ့္ စက္တင္ဘာလမကုန္ခင္မွာ ခြန္ဒီကို မွတ္ပုံတင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

လက္ရွိမွာ အသင္းမေျပာင္းဘူးလို႔ဆိုထားတဲ့ တိုက္စစ္မႉး ဘေရ႕ဝိတ္ကို မာေယာ့ကာ စိတ္ဝင္စားေနသလို အမ္တီတီကလည္း စီးရီးေအကလပ္ လက္စီကိုေျပာင္းဖို႔ နီးစပ္သေလာက္ရွိေနပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာအေနနဲ႔ ခြန္ဒီအတြက္ ေမွ်ာ္လင့္ခ်က္ရွိေနတာေတာ့

အမွန္ပါပဲ။ ဘာစီလိုနာနည္းျပဇာဗီးကလည္း ဆိုစီဒက္နဲ႔ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ခြန္ဒီကိစၥအတြက္ အေႏွာက္အယွက္ျဖစ္စရာမလိုဘူးလို႔ ဆိုသြားခဲ့တာပါ။ ကစားသမားတိုင္းဟာ သူတို႔အနာဂတ္ကိုၾကည့္ရမွာျဖစ္ၿပီး ကစားသမားေတြ

အသင္းကမထြက္ခြာခ်င္တဲ့ကိစၥဟာ သူ႔အတြက္အေႏွာက္အယွက္ မဟုတ္ဘူးလို႔လည္း ေျပာခဲ့ပါ တယ္။ ဒါေပမယ့္ ခြန္ဒီကို မွတ္ပုံတင္ႏိုင္ဖို႔အတြက္ေတာ့ အသင္းအေနနဲ႔ ကစားသမားေရာင္းထုတ္ဖို႔လိုအပ္ေနတာ ေတာ့အမွန္ပဲလို႔ ဝန္ခံသြားခဲ့ပါတယ္။