ခွင့်ပိုပေးဖို့ တောင်းဆိုခဲ့တဲ့ ကာဗာနီအပေါ် ယူနိုက်တက်ပရိသတ်တွေ ဒေါသထွက် ပေါက်ကွဲနေ

ယူနိုက်တက်ပရိသတ်တွေဟာ ဥရုဂွေးနဲ့အတူ
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပါဝင်ကစားပြီးနောက်
ခွင့်ရက်ပိုပေးဖို့ တောင်းဆိုခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး
ကာဗာနီရဲ့လုပ်ရပ်အပေါ်
ဒေါသထွက် ပေါက်ကွဲနေကြပါတယ်။
ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်က
သတင်းစာရှင်းလင်းပွဲမှာ ကာဗာနီအနေနဲ့
အားလပ်ရက်အဖြစ် ရက်အနည်းငယ်
ပိုပေးဖို့ တောင်းဆိုခဲ့တယ်လို့ အတည်ပြုပါတယ်။


ဒီလိုတောင်းဆိုခဲ့တာကြောင့် ကာဗာနီအနေနဲ့
ယနေ့ညကစားရမယ့် မစ်ဒယ်ဘရော့နဲ့
အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲမှာ
ပါဝင်နိုင်တော့မှာမဟုတ်ဘဲ ပရီသတ်တွေကလည်း
လူမှုမီဒီယာမှာ အသီးသီးပေါက်ကွဲခဲ့ကြပါတယ်။
”အသင်းကို ကာဗာနီ
မလေးမစားလုပ်နေတာ များပြီ။ ဒါပေမဲ့
ပရိသတ်တွေကတော့ သူ့ရဲ့ဒူးထောက်
အောင်ပွဲခံမှုနဲ့ စိတ်ခံစားချက်အပြည့်ရှိလို့
သူ့ကို ချစ်ကြပါတယ်”


”တစ်ပတ်ပေါင်သိန်းချီရနေတဲ့
ကစားသမားရဲ့ နောက်ထပ်
အချိန်ဆွဲနည်းပါပဲ။ ရယ်စရာကောင်းတဲ့ကလပ်ပဲ”
”ကာဗာနီရယ် ငါ့ကိုသာ
လာပြီး တစ်ခုခုလုပ်သွားပါတော့ကွာ။
ယူလိုက်ရတဲ့ အားလပ်ရက်ဆိုတာလည်း
ပြီးကိုမပြီးနိုင်တော့ဘူး”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
”ကာဗာနီက ဒီတစ်ပတ်ပိတ်ရက်ကျမှ
ပြန်လာမှာပါ။ သူက အိမ်မှာ ၂ရက်လောက်
ပိုနေလို့ရမလားဆိုပြီး ကျွန်တော့်ဆီ
ဆက်သွယ်တောင်းဆိုလာပါတယ်”လို့
ရန်းနစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။