ခြေထောက်ဒဏ်ရာမသက်သာတဲ့ ဆီနီဂေါတိုက်စစ်မှူးမာနေး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ပြီ

ဆီနီဂေါတိုက်စစ်မှူးမာနေးဟာ ခြေထောက်ဒဏ်ရာသက်သာခြင်းမရှိတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်သွားပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ မာနေးဟာ ဘိုင်ယန်မြူးနစ် ၆-၁ ဝါဒါဘရီမင်ပွဲစဉ်ကို

ပါဝင်ကစားရင်းဒဏ်ရာကြုံခဲ့ပေမဲ့ ဆီနီဂေါနည်းပြဆစ်ဆီဟာ သူ့ရဲ့အပြီးသတ်လူစာရင်းထဲကို ထည့်သွင်းလာခဲ့တာဖြစ်တယ်။ အစောပိုင်းအခြေအနေမှာ ဘိုင်ယန်နည်းပြနာဂယ်စ်မန်းက

“သူ့ရဲ့ဒူးခေါင်းအောက်ပိုင်းအရိုးကိုသွားထိမိတာပါ။ ဒါမျိုးဆိုတာက အမြဲတမ်းအဆင်မပြေပါဘူး။ ဓာတ်မှန်ရိုက်ဖို့လိုတယ်။ တစ်ခုခုမမှားဖို့ ကိုပဲမျှော်လင့်ပါတယ်။ ပွဲပြီးတော့သူနဲ့မတွေ့ခဲ့ရဘူး၊

ဒဏ်ရာမပြင်းထန်ဖို့ပဲမျှော်လင့်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ မသိရသေးဘူး။ နောက်နေ့ရောက်မှ အခြေအနေတစ်ခုကိုစောင့်ကြည့်ရမယ်” လို့ ပြောဆိုခဲ့ပါတယ်။ လက်ထောက်နည်းပြ

တော့ပ်မိုလာကတော့ “မာနေးရဲ့ခြေထောက်ကို ထိခိုက်မိတာဖြစ်ပြီး အာရုံကြောအနည်းငယ် နာကျင်နေပါတယ်။ သိပ်ပြီးလေးလေးနက်ကနက် မဟုတ်ရင်တော့ ကမ္ဘာ့ဖလားအတွက် ပြဿနာမရှိနိုင်ပါဘူး” လို့

ဘရီမင်နဲ့ပွဲအပြီးမှာဆိုခဲ့ပါတယ်။ ဖီဖာအတွင်းရေးမှူးဖြစ်တဲ့ ဆာမိုရာကတော့ သူမနိုင်ငံအတွက် မာနေးပါဝင်ကစားနိုင်ဖို့အရေးကိုတတ်နိုင် သလောက်ကြိုးစားသွားမှာဖြစ်တယ်လို့

ပြီးခဲ့တဲ့အပတ်အတွင်းကပြောဆိုထားခဲ့ပါတယ်။ သူမက “ကျွန်မတို့လိုအပ်ရင် ပယောဂဆရာတွေ သုံးရတော့မယ်။ ထိရောက်မှုရှိနိုင်သလားဆိုတာ အသေအချာမသိပေမဲ့

ဘာပဲဖြစ်ဖြစ်ဒါတွေကိုသုံရတော့မှာပါ။ ကျွန်မတို့အံ့အားသင့်ဖွယ်ရာတွေကိုမျှော်လင့်နေပါတယ်။ သူရှိနေရမယ်” လို့ ဆိုထားပါတယ်။ အခြားတစ်ဖက်မှာတော့

ကစားသမားအပြောင်းအရွှေ့မှာ ဆရာတစ်ဆူဖြစ်တဲ့ဂျာနယ်လစ်ရိုမာနိုက “မာနေး ကမ္ဘာ့ဖလားနဲ့လွဲချော်ပြီလို့ ဆီနီဂေါအသင်းအတည်ပြုသွားပါပြီ။

ဒဏ်ရာမသက်သာတဲ့အတွက် အသင်းလူစာရင်းထဲပါဝင်နိုင်မှာမဟုတ်တော့ပါဘူး” လို့အသိပေးလိုက်ပြီဖြစ်တယ်။

(Zawgyi)

ေျခေထာက္ဒဏ္ရာမသက္သာတဲ့ ဆီနီေဂါတိုက္စစ္မႉးမာေနး ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔လြဲေခ်ာ္ၿပီ

ဆီနီေဂါတိုက္စစ္မႉးမာေနးဟာ ေျခေထာက္ဒဏ္ရာသက္သာျခင္းမရွိတာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔လြဲေခ်ာ္သြားၿပီလို႔ သတင္းထြက္ေပၚလာပါတယ္။

မာေနးဟာ ဘိုင္ယန္ျမဴးနစ္ ၆-၁ ဝါဒါဘရီမင္ပြဲစဥ္ကိုပါဝင္ကစားရင္းဒဏ္ရာႀကဳံခဲ့ေပမဲ့ ဆီနီေဂါနည္းျပဆစ္ဆီဟာ သူ႔ရဲ႕အၿပီးသတ္လူစာရင္းထဲကိုထည့္သြင္းလာခဲ့တာျဖစ္တယ္။

အေစာပိုင္းအေျခအေနမွာ ဘိုင္ယန္နည္းျပနာဂယ္စ္မန္းက “သူ႔ရဲ႕ဒူးေခါင္းေအာက္ပိုင္းအ႐ိုးကိုသြားထိမိတာပါ။ ဒါမ်ိဳးဆိုတာက အၿမဲတမ္းအဆင္မေျပပါဘူး။ ဓာတ္မွန္႐ိုက္ဖို႔လိုတယ္။

တစ္ခုခုမမွားဖို႔ကိုပဲေမွ်ာ္လင့္ပါတယ္။ ပြဲၿပီးေတာ့သူနဲ႔မေတြ႕ခဲ့ရဘူး၊ ဒဏ္ရာမျပင္းထန္ဖို႔ပဲေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့မသိရေသးဘူး။

ေနာက္ေန႔ေရာက္မွအေျခအေနတစ္ခုကိုေစာင့္ၾကည့္ရမယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ လက္ေထာက္နည္းျပ ေတာ့ပ္မိုလာကေတာ့ “မာေနးရဲ႕ေျခေထာက္ကိုထိခိုက္မိတာျဖစ္ၿပီး

အာ႐ုံေၾကာအနည္းငယ္နာက်င္ေနပါတယ္။ သိပ္ၿပီးေလးေလးနက္ကနက္မဟုတ္ရင္ေတာ့ ကမာၻ႔ဖလားအတြက္ ျပႆနာမရွိႏိုင္ပါဘူး” လို႔ ဘရီမင္နဲ႔ပြဲအၿပီးမွာဆိုခဲ့ပါတယ္။

ဖီဖာအတြင္းေရးမႉးျဖစ္တဲ့ ဆာမိုရာကေတာ့ သူမႏိုင္ငံအတြက္ မာေနးပါဝင္ကစားႏိုင္ဖို႔အေရးကိုတတ္ႏိုင္သေလာက္ႀကိဳးစားသြားမွာျဖစ္တယ္လို႔ ၿပီးခဲ့တဲ့အပတ္အတြင္းကေျပာဆိုထားခဲ့ပါတယ္။

သူမက “ကြၽန္မတို႔လိုအပ္ရင္ ပေယာဂဆရာေတြသုံးရေတာ့မယ္။ ထိေရာက္မႈရွိႏိုင္သလားဆိုတာ အေသအခ်ာမသိေပမဲ့ ဘာပဲျဖစ္ျဖစ္ဒါေတြကိုသုံရေတာ့မွာပါ။

ကြၽန္မတို႔အံ့အားသင့္ဖြယ္ရာေတြကိုေမွ်ာ္လင့္ေနပါတယ္။ သူရွိေနရမယ္” လို႔ ဆိုထားပါတယ္။ အျခားတစ္ဖက္မွာေတာ့ ကစားသမားအေျပာင္းအေ႐ႊ႕မွာ

ဆရာတစ္ဆူျဖစ္တဲ့ဂ်ာနယ္လစ္႐ိုမာႏိုက “မာေနး ကမာၻ႔ဖလားနဲ႔လြဲေခ်ာ္ၿပီလို႔ ဆီနီေဂါအသင္းအတည္ျပဳသြားပါၿပီ။ ဒဏ္ရာမသက္သာတဲ့အတြက္

အသင္းလူစာရင္းထဲပါဝင္ႏိုင္မွာမဟုတ္ေတာ့ပါဘူး” လို႔အသိေပးလိုက္ၿပီျဖစ္တယ္။