ခြေထောက်ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေတဲ့ ဘမ်းဖို့ဒ်

လိဒ်ယူနိုက်တက်အသင်းတိုက်စစ်မှူး ပက်ထရစ်ဘမ်းဖို့ဒ်ဟာ

ခြေထောက်ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ
အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ဘမ်းဖို့ဒ်အနေနဲ့ ခြေထောက်ဒဏ်ရာကြောင့်
အနည်းဆုံး ရက်သတ္တပတ် ၆ပတ်ကြာ အနားယူရလိမ့်မယ်လို့
တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ လိဒ်ယူနိုက်တက်က

အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။
ဘမ်းဖို့ဒ်ဟာ ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီးနောက်
ပြန်ကစားခွင့်ရခဲ့တဲ့ ဝုဗ်ကို ၂-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
ပွဲအစ ၂၃ မိနစ်အကြာမှာပဲ အဆိုပါဒဏ်ရာရခဲ့တာဖြစ်ပြီး
အရန်ခုံမှာ ဝမ်းနည်းစွာနဲ့ ငိုကြွေးခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင် ဘမ်းဖို့ဒ်ဟာ ဒီဇင်ဘာအစောပိုင်းက
ဘရန့်ဖို့ဒ်နဲ့ပွဲမှာ နောက်ကျချေပဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
အောင်ပွဲခံရာမှာ တံကောက်ကြောဒဏ်ရာရခဲ့ပြီး
အဲဒီနောက် ထရိန်နင်ပြန်ဆင်းနိုင်တော့လည်း
ထရိန်နင်မှာ ခြေထောက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဘမ်းဖို့ဒ်ဟာ စက်တင်ဘာလကလည်း
ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး
ယခုရာသီပရီးမီးယားလိဂ်မှာ စုစုပေါင်း ၉ပွဲပဲ
ကစားခွင့်ရထားသလို လိဒ်ယူနိုက်တက်ကလည်း
အသင်းရဲ့အဓိကတိုက်စစ်မှူး ဒဏ်ရာမကြာခဏ

ရရှိနေချိန်မှာ အသင်းကပါ ရလဒ်တွေဆိုးရွားနေပါတယ်။
ဘမ်းဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ
၁၇ဂိုးအထိသွင်းယူနိုင်ခဲ့ရာ ဟယ်ရီကိန်း၊ ဆာလာနဲ့
ဘရူနိုဖာနန်ဒက်စ်တို့နောက် စတုတ္ထမြောက်ဂိုးသွင်း
အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီလိုခြေစွမ်းပြနိုင်ခဲ့လို့လည်း ဘမ်းဖို့ဒ်ဟာ စက်တင်ဘာအစောပိုင်းက
အန်ဒိုရာနဲ့ပွဲအတွက် အင်္ဂလန်အသင်းမှာ ပထမဆုံးအကြိမ်
ရွေးချယ်ခံခဲ့ရပြီး အသင်းကလည်း ဝင်ဘလေမှာ
အန်ဒိုရာကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက ဘမ်းဖို့ဒ်ဟာ ဒဏ်ရာတွေနဲ့

လုံးပန်းနေခဲ့ရတာဖြစ်ပြီး အသင်းကလည်း တန်းဆင်းဇုန်နား
ရောက်တဲ့အထိ ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ လိဒ်ဟာ ၂ပွဲဆက်အနိုင်နဲ့အတူ
တန်းဆင်းဇုန်နဲ့ ၇ မှတ်အကွာအထိ တက်လှမ်းနိုင်ခဲ့လို့
ဖိအားတွေတော့ အတန်အသင့်လျော့ပါးခဲ့ရပါတယ်။

Zawgyi

ေျခေထာက္ဒဏ္ရာေၾကာင့္ ရာသီကုန္အထိ အနားယူရဖြယ္ရွိေနတဲ့ ဘမ္းဖို႔ဒ္
လိဒ္ယူႏုိက္တက္အသင္းတုိက္စစ္မွဴး ပက္ထရစ္ဘမ္းဖို႔ဒ္ဟာ

ေျခေထာက္ဒဏ္ရာေၾကာင့္ ယခုရာသီကုန္အထိ
အနားယူရဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အသက္ ၂၈ ႏွစ္အရြယ္ရွိ ဘမ္းဖို႔ဒ္အေနနဲ႔ ေျခေထာက္ဒဏ္ရာေၾကာင့္
အနည္းဆုံး ရက္သတၱပတ္ ၆ပတ္ၾကာ အနားယူရလိမ့္မယ္လုိ႔
တန္းမဆင္းရဖို႔ ရုန္းကန္ေနရတဲ့ လိဒ္ယူႏုိက္တက္က

အတည္ျပဳေၾကညာခဲ့တာျဖစ္ပါတယ္။
ဘမ္းဖို႔ဒ္ဟာ ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီးေနာက္
ျပန္ကစားခြင့္ရခဲ့တဲ့ ၀ုဗ္ကို ၂-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
ပြဲအစ ၂၃ မိနစ္အၾကာမွာပဲ အဆုိပါဒဏ္ရာရခဲ့တာျဖစ္ၿပီး
အရန္ခုံမွာ ၀မ္းနည္းစြာနဲ႔ ငိုေၾကြးခဲ့ပါတယ္။

အဂၤလန္လက္ေရြးစင္ ဘမ္းဖို႔ဒ္ဟာ ဒီဇင္ဘာအေစာပိုင္းက
ဘရန္႔ဖို႔ဒ္နဲ႔ပြဲမွာ ေနာက္က်ေခ်ပဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္
ေအာင္ပြဲခံရာမွာ တံေကာက္ေၾကာဒဏ္ရာရခဲ့ၿပီး
အဲဒီေနာက္ ထရိန္နင္ျပန္ဆင္းနိုင္ေတာ့လည္း
ထရိန္နင္မွာ ေျခေထာက္ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။

ဘမ္းဖုိ႔ဒ္ဟာ စက္တင္ဘာလကလည္း
ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ အနားယူခဲ့ရၿပီး
ယခုရာသီပရီးမီးယားလိဂ္မွာ စုစုေပါင္း ၉ပြဲပဲ
ကစားခြင့္ရထားသလုိ လိဒ္ယူႏုိက္တက္ကလည္း
အသင္းရဲ႕အဓိကတုိက္စစ္မွဴး ဒဏ္ရာမၾကာခဏ

ရရွိေနခ်ိန္မွာ အသင္းကပါ ရလဒ္ေတြဆုိးရြားေနပါတယ္။
ဘမ္းဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ
၁၇ဂိုးအထိသြင္းယူႏိုင္ခဲ့ရာ ဟယ္ရီကိန္း၊ ဆာလာနဲ႔
ဘရူႏုိဖာနန္ဒက္စ္တုိ႔ေနာက္ စတုတၳေျမာက္ဂိုးသြင္း
အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒီလုိေျခစြမ္းျပႏိုင္ခဲ့လုိ႔လည္း ဘမ္းဖို႔ဒ္ဟာ စက္တင္ဘာအေစာပိုင္းက
အန္ဒိုရာနဲ႔ပြဲအတြက္ အဂၤလန္အသင္းမွာ ပထမဆုံးအႀကိမ္
ေရြးခ်ယ္ခံခဲ့ရၿပီး အသင္းကလည္း ၀င္ဘေလမွာ
အန္ဒုိရာကို ၄-၀ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။
အဲဒီအခ်ိန္ကတည္းက ဘမ္းဖုိ႔ဒ္ဟာ ဒဏ္ရာေတြနဲ႔

လုံးပန္းေနခဲ့ရတာျဖစ္ၿပီး အသင္းကလည္း တန္းဆင္းဇုန္နား
ေရာက္တဲ့အထိ ရုန္းကန္ခဲ့ရပါတယ္။
ဒါေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ လိဒ္ဟာ ၂ပြဲဆက္အႏိုင္နဲ႔အတူ
တန္းဆင္းဇုန္နဲ႔ ၇ မွတ္အကြာအထိ တက္လွမ္းႏိုင္ခဲ့လုိ႔
ဖိအားေတြေတာ့ အတန္အသင့္ေလ်ာ့ပါးခဲ့ရပါတယ္။