ခြေထောက်ကျိုးပြီး ကာလရှည်နားရတော့မယ့် ဝိုင်နယ်ဒန်အတွက် စမောလင်းရဲ့ဂုဏ်ပြုဂိုး

ကိုယ်ချင်းစာတရားနဲ့ စာနာထောက်ထားမှုဟာ နေရာတိုင်းမှာ အရေးပါသလို ဘောလုံးအားကစားရပ်ဝန်းမှာလည်း အင်မတန်မှကို အရေးပါလွန်းပါတယ်။ ဒီအချက်ကို မျက်ဝါးထင်ထင် မြင်တွေ့အောင် မီးမောင်းထိုးပြလိုက်သူကတော့

ရိုးမားနောက်ခံလူ ခရစ်စမောလင်းပဲ ဖြစ်ပါတယ်။ တနင်္လာညက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပြိုင်ဘက် ခရီမိုနီစီ အသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက် စမောလင်းဟာ သူရဲ့ သွင်းဂိုး ကို အသင်းဖော် ဂျော်ဂျီနီယို ဝိုင်နယ်ဒန်အတွက်

ဂုဏ်ပြုဖော်ပြပေးခဲ့ပါတယ်။ ပီအက်စ်ဂျီကနေ ရိုးမားအသင်းဆီကို ဒီလအစောပိုင်းမှာ အငှားနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ဝိုင်နယ်ဒန်ဟာ ခရီမိုနီစီနဲ့ပွဲစဉ်အတွက် ပြင်ဆင်မှုပြုလုပ်တဲ့ တနင်္ဂနွေနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ လေ့ကျင့်ခန်းဆင်းရင်းနဲ့

ခြေထောက် ကျိုးသွားခဲ့လို့ပါ။ ဒါကြောင့် ခရီမိုနီစီဘက်ကို ဂိုးသွင်းအပြီးမှာတော့ ကျောနံပါတ် ၂၅ ရေးထိုးထားတဲ့ ဝိုင်နယ်ဒန်ရဲ့ ဂျာစီကို စမောလင်းက ကိုင်ဆောင် ပြီး အောင်ပွဲခံခဲ့ပါတယ်။ နောက်ပြီး ဝိုင်နယ်ဒန် ခြေထောက်ကျိုးခဲ့တာဟာ

အသက် ၁၉ နှစ်အရွယ် ကစားသမား ဖိလစ်အာဖီနာဂျီယန်မှာ တာဝန်ရှိတယ် လို့ပြောဆိုနေတဲ့ ကောလာဟလတွေကိုလည်း ဂရုမစိုက်ဖို့နဲ့ ရိုးမားတစ်သင်းလုံး စည်းလုံးညီညွတ်ကြဖို့အတွက် နည်းပြ မော်ရင်ညိုက တိုက်တွန်းခဲ့ပါ တယ်။

‘’တစ်ခါတလေကျတော့ ဘောလုံးဆိုတာ ေ-ာက်ရေးမပါတာတွေ ဖြစ်တတ်ပါတယ်။ ဝိုင်နယ်ဒန်က ကျွန်တော်တို့ကစားသမားဖြစ်လာတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ သူရဲ့ ဘောလုံးအရည်အသွေးကို ကျွန်တော်တို့ သိပြီးသားပဲလေ။

ဝမ်းနည်းစရာက သူဟာ မတော်တဆမှုတစ်ခုကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့လို့ ဘောလုံးကစားတဲ့နေရာကနေပြီး အချိန်အကြာကြီး ခွဲခွာ သွားရတော့မှာပါ။ ဘောလုံးမှာတင် ေ-ာက်ရေးမပါတာတွေ ဖြစ်နေတာတော့

မဟုတ်ပါဘူး။ ဒီဖြစ်စဉ်အတွက် ဖိလစ်မှာ တာဝန်ရှိတယ်ဆိုပြီး ကောလာဟလတွေ ပြောနေတဲ့ကောင်တွေကလည်း ေ-ာက်ရေး မပါပါဘူး’’ လို့ မော်ရင်ညိုက ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ကိုယ္ခ်င္းစာတရားနဲ႔ စာနာေထာက္ထားမႈဟာ ေနရာတိုင္းမွာ အေရးပါသလို ေဘာလုံးအားကစားရပ္ဝန္းမွာလည္း အင္မတန္မွကို အေရးပါလြန္းပါတယ္။ ဒီအခ်က္ကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ေအာင္ မီးေမာင္းထိုးျပလိုက္သူကေတာ့ ႐ိုးမားေနာက္ခံလူ

ခရစ္စေမာလင္းပဲ ျဖစ္ပါတယ္။ တနလၤာညက ကစားခဲ့တဲ့ စီးရီးေအပြဲစဥ္မွာ ၿပိဳင္ဘက္ ခရီမိုနီစီ အသင္းဘက္ကို ဂိုးသြင္းယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ စေမာလင္းဟာ သူရဲ႕ သြင္းဂိုး ကို အသင္းေဖာ္ ေဂ်ာ္ဂ်ီနီယို ဝိုင္နယ္ဒန္အတြက္ ဂုဏ္ျပဳေဖာ္ျပေပးခဲ့ပါတယ္။

ပီအက္စ္ဂ်ီကေန ႐ိုးမားအသင္းဆီကို ဒီလအေစာပိုင္းမွာ အငွားနဲ႔ ေျပာင္းေ႐ႊ႕ လာခဲ့တဲ့ ဝိုင္နယ္ဒန္ဟာ ခရီမိုနီစီနဲ႔ပြဲစဥ္အတြက္ ျပင္ဆင္မႈျပဳလုပ္တဲ့ တနဂၤေႏြေန႔ ေလ့က်င့္ေရးအစီအစဥ္မွာ ေလ့က်င့္ခန္းဆင္းရင္းနဲ႔ ေျခေထာက္ က်ိဳးသြားခဲ့လို႔ပါ။

ဒါေၾကာင့္ ခရီမိုနီစီဘက္ကို ဂိုးသြင္းအၿပီးမွာေတာ့ ေက်ာနံပါတ္ ၂၅ ေရးထိုးထားတဲ့ ဝိုင္နယ္ဒန္ရဲ႕ ဂ်ာစီကို စေမာလင္းက ကိုင္ေဆာင္ ၿပီး ေအာင္ပြဲခံခဲ့ပါတယ္။ ေနာက္ၿပီး ဝိုင္နယ္ဒန္ ေျခေထာက္က်ိဳးခဲ့တာဟာ အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမား ဖိလစ္အာဖီနာဂ်ီယန္မွာ

တာဝန္ရွိတယ္ လို႔ေျပာဆိုေနတဲ့ ေကာလာဟလေတြကိုလည္း ဂ႐ုမစိုက္ဖို႔နဲ႔ ႐ိုးမားတစ္သင္းလုံး စည္းလုံးညီၫြတ္ၾကဖို႔အတြက္ နည္းျပ ေမာ္ရင္ညိဳက တိုက္တြန္းခဲ့ပါ တယ္။ ‘’တစ္ခါတေလက်ေတာ့ ေဘာလုံးဆိုတာ ေ-ာက္ေရးမပါတာေတြ ျဖစ္တတ္ပါတယ္။

ဝိုင္နယ္ဒန္က ကြၽန္ေတာ္တို႔ကစားသမားျဖစ္လာတာ ႏွစ္ပတ္ေလာက္ပဲ ရွိပါေသးတယ္။ သူရဲ႕ ေဘာလုံးအရည္အေသြးကို ကြၽန္ေတာ္တို႔ သိၿပီးသားပဲေလ။ ဝမ္းနည္းစရာက သူဟာ

မေတာ္တဆမႈတစ္ခုေၾကာင့္ ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရသြားခဲ့လို႔ ေဘာလုံးကစားတဲ့ေနရာကေနၿပီး အခ်ိန္အၾကာႀကီး ခြဲခြာ သြားရေတာ့မွာပါ။  ေဘာလုံးမွာတင္ ေ-ာက္ေရးမပါတာေတြ ျဖစ္ေနတာေတာ့ မဟုတ္ပါဘူး။

ဒီျဖစ္စဥ္အတြက္ ဖိလစ္မွာ တာဝန္ရွိတယ္ဆိုၿပီး ေကာလာဟလေတြ ေျပာေနတဲ့ေကာင္ေတြကလည္း ေ-ာက္ေရး မပါပါဘူး’’ လို႔ ေမာ္ရင္ညိဳက ေျပာဆိုသြားခဲ့ပါတယ္။