ခြင်္သေ့ပြာကို အမြီးကုပ်သွားအောင် ဂိုးပြတ်တီးခဲ့တဲ့ ဗျူဟာအခင်း အကျင်းကို ထုတ်ပြောတဲ့ ဒီဇာဘီ

ချဲလ်ဆီးကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားတွေအပေါ် ဖိအားပေးကစားဖို့ ပြင်ဆင်ခဲ့ပုံတွေကို နည်းပြ ဒီဇာဘီက ထုတ်ပြောလိုက်ပါတယ်။

ချဲလ်ဆီးကို ရောက်လာပြီးတဲ့နောက် မက်လောက်စရာ စွမ်းဆောင်ရည်တွေနဲ့အတူ အမြင့်ပျံနေခဲ့တဲ့ မှော်ဆရာလေးပေါ်တာရဲ့ ခြင်္သေ့ပြာဟာ ဘရိုက်တန်နဲ့အတွေ့မှာ

အမြီးကုပ်သွားခဲ့ရတာ အားလုံး အသိပါပဲ။ တစ်သင်း လုံးလိုလို ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ဖြစ်ခဲ့ပြီး အမှားတွေထပ်ခါ တလဲလဲ လုပ်ရင်းနဲ့ ကိုယ့်ဂိုးကိုယ်

နှစ်ခါတောင် ပြန်သွင်းခဲ့တဲ့အထိ ချဲလ်ဆီးတို့ ရုပ်ပေါက်သွားခဲ့တယ်။ ဒါကြောင့် ကိုယ့်ပိုင်နက် တောနက်ထဲရောက်လာတဲ့ ခြင်္သေ့ပြာကို ကျုံးသွင်းဖို့ ဘယ်လိုမျိုး

ပြင်ဆင်ခဲ့ရတယ်ဆိုတာကို ဒီဇာဘရီက ပွဲအပြီးမှာ အခုလိုမျိုး ရှင်းပြခဲ့ပါ တယ်။ ‘’မီတိုမာကို ချာလိုဘက်အပေါ် တစ်ယောက်ချင်း ဖိအားပေးဖို့နဲ့ ကူကူရယ်လာအပေါ် ဆိုလီမာ့ချ်ကို

ဖိအားပေးဖို့ ကျွန်တော်တို့ ပြင်ဆင်ခဲ့တာပါ။ ဒါပေမဲ့ ထရော့ဆက်က တော်တော်ကောင်းခဲ့တာဗျ။ လယ်လာနာလည်း အတူတူပဲ။ ကစားသမားတွေအကုန်လုံး တော်တော်မိုက်တယ်။

အသင်းနဲ့အတူ ကြိုးစားခဲ့ကြတဲ့ ကစားသမားတွေ၊ လူတွေ၊ ကလပ်အသင်းနဲ့ သက်ဆိုင်သူ အားလုံးအတွက် ကျွန်တော် ပျော်ရတာပေါ့။ နောက်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ပရိသတ်တွေပေါ့။

သူတို့ဟာ ကွင်းထဲက အကောင်းဆုံးသော ၁၂ ယောက် မြောက်ကစားသမားပဲ။ သူတို့က ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့ကြတာဗျ’’ လို့ ဘရိုက်တန်နည်းပြ ဒီဇာဘီက

ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

နောက်ပြီး ချဲလ်ဆီးလို အသင်းမျိုးကို ၄-၁ ဂိုးရလဒ်နဲ့ အနိုင်ရတာဟာ မဟာအောင်ပွဲဖြစ်ပြီး အားလုံးပဲ ကျေနပ်ကြလိမ့်မယ်လို့ ထင်တဲ့အကြောင်းလည်း

အီတလီလူမျိုး နည်းပြက တစ်ဆက်တည်း ပြောသွားခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြ ပေါ်တာဟာ အသင်းဟောင်း ဘရိုက်တန်ကို ပထမဆုံးပြန်ပြီး ရင် ဆိုင်ရတဲ့ ပွဲစဉ်မှာပဲ

သူ့ရဲ့ ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

(Zawgyi)

ျခေသၤ့ျပာကို အၿမီးကုပ္သြားေအာင္ ဂိုးျပတ္တီးခဲ့တဲ့ ဗ်ဴဟာအခင္း အက်င္းကို ထုတ္ေျပာတဲ့ ဒီဇာဘီ

ခ်ဲလ္ဆီးကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ၿပိဳင္ဘက္ကစားသမားေတြအေပၚ ဖိအားေပးကစားဖို႔ ျပင္ဆင္ခဲ့ပုံေတြကို နည္းျပ ဒီဇာဘီက ထုတ္ေျပာလိုက္ ပါတယ္။ ခ်ဲလ္ဆီးကို ေရာက္လာၿပီးတဲ့ေနာက္

မက္ေလာက္စရာ စြမ္းေဆာင္ ရည္ေတြနဲ႔အတူ အျမင့္ပ်ံေနခဲ့တဲ့ ေမွာ္ဆရာေလး ေပၚတာရဲ႕ ျခေသၤ့ျပာဟာ ဘ႐ိုက္တန္နဲ႔အေတြ႕မွာ အၿမီးကုပ္သြားခဲ့ရတာ အားလုံး အသိပါပဲ။

တစ္သင္း လုံးလိုလို ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိေအာင္ျဖစ္ခဲ့ၿပီး အမွားေတြထပ္ခါ တလဲလဲ လုပ္ရင္းနဲ႔ ကိုယ့္ဂိုးကိုယ္ ႏွစ္ခါေတာင္ ျပန္သြင္းခဲ့တဲ့အထိ ခ်ဲလ္ဆီး တို႔ ႐ုပ္ေပါက္သြားခဲ့တယ္။

ဒါေၾကာင့္ ကိုယ့္ပိုင္နက္ ေတာနက္ထဲ ေရာက္လာတဲ့ ျခေသၤ့ျပာကို က်ဳံးသြင္းဖို႔ ဘယ္လိုမ်ိဳး ျပင္ဆင္ခဲ့ရတယ္ဆိုတာကို ဒီဇာဘရီက ပြဲအၿပီးမွာ အခုလိုမ်ိဳး ရွင္းျပခဲ့ပါ တယ္။ ‘’မီတိုမာကို

ခ်ာလိုဘက္အေပၚ တစ္ေယာက္ခ်င္း ဖိအားေပးဖို႔နဲ႔ ကူကူ ရယ္လာအေပၚ ဆိုလီမာ့ခ်္ကို ဖိအားေပးဖို႔ ကြၽန္ေတာ္တို႔ ျပင္ဆင္ခဲ့တာပါ။ ဒါေပမဲ့ ထေရာ့ဆက္က ေတာ္ေတာ္ေကာင္းခဲ့တာဗ်။

လယ္လာနာလည္း အ တူတူပဲ။ ကစားသမားေတြအကုန္လုံး ေတာ္ေတာ္မိုက္တယ္။ အသင္းနဲ႔အတူ ႀကိဳးစားခဲ့ၾကတဲ့ ကစားသမားေတြ၊ လူေတြ၊ ကလပ္အသင္းနဲ႔ သက္ဆိုင္သူ အားလုံးအတြက္

ကြၽန္ေတာ္ ေပ်ာ္ရတာေပါ့။ ေနာက္ၿပီး အရမ္းခ်စ္ဖို႔ေကာင္း တဲ့ ပရိသတ္ေတြေပါ့။ သူတို႔ဟာ ကြင္းထဲက အေကာင္းဆုံးေသာ ၁၂ ေယာက္ ေျမာက္ ကစားသမားပဲ။ သူတို႔က

ကြၽန္ေတာ္တို႔ကို အမ်ားႀကီး ကူညီေပးခဲ့ ၾကတာဗ်’’ လို႔ ဘ႐ိုက္တန္နည္းျပ ဒီဇာဘီက ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါ တယ္။ ေနာက္ၿပီး ခ်ဲလ္ဆီးလို အသင္းမ်ိဳးကို ၄-၁ ဂိုးရလဒ္နဲ႔ အႏိုင္ရတာဟာ

မဟာေအာင္ပြဲျဖစ္ၿပီး အားလုံးပဲ ေက်နပ္ၾကလိမ့္မယ္လို႔ ထင္တဲ့အေၾကာင္း လည္း အီတလီလူမ်ိဳး နည္းျပက တစ္ဆက္တည္း ေျပာသြားခဲ့ပါတယ္။ ခ်ဲလ္ ဆီးနည္းျပ ေပၚတာဟာ

အသင္းေဟာင္း ဘ႐ိုက္တန္ကို ပထမဆုံးျပန္ၿပီး ရင္ ဆိုင္ရတဲ့ ပြဲစဥ္မွာပဲ သူ႔ရဲ႕ ခ်ဲလ္ဆီးနည္းျပဘ၀ ပထမဆုံး ရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့ရ တာလည္း ျဖစ္ပါတယ္။