
မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့လီဗာပူးတို့ရဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ
ပွဲမစခင် နှစ်ဖက်အသင်းပရိသတ်တွေရာ၊ ကစားသမားတွေဟာ ရုရှားရဲ့
ကျူးကျော်စစ်ဆင်နွှဲခံနေရတဲ့ ယူကရိန်းဘက်က အခိုင်အမာရပ်တည်ကြောင်း
ပြသခဲ့ကြပါတယ်။
ပွဲမတိုင်ခင်မှာ ဝင်ဘာလေကွင်းအတွင်းက ဖန်သားပြင်ပေါ်မှာ ယူကရိန်းအလံကို
ဖော်ပြခဲ့ပြီး “ဘောလုံးလောကကလည်း အတူတကွရပ်တည်နေပါတယ်” လို့
ရေးသားထားတဲ့ မက်ဆေ့ချ်ကို ပြသကာ ၁ မိနစ်ကြာ လက်ခုပ်တီးဩဘာပေးခဲ့ကြပါတယ်။
ဒီလိုဩဘာပေးနေချိန်မှာပဲ လီဗာပူးပရိသတ်တွေဟာ သူတို့အသင်းရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့
“You’ll Never Walk Alone” ကို အူလှိုက်သည်းလှိုက်သီဆိုဟစ်ကြွေးကာ
အားပေးထောက်ခံခဲ့ကြပါတယ်။
ချဲလ်ဆီးပရိသတ်တွေကလည်း ယူကရိန်းနဲ့ အတူရှိနေကြောင်း သူတို့အားပေးတဲ့
အသင်းနာမည်နဲ့ ဆိုင်းဘုတ်ငယ်တွေ ကိုင်ဆောင်အားပေးခဲ့ပါတယ်။
လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်၊ ချဲလ်ဆီး အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာတို့ဟာ
ကွင်းထဲဝင်လာချိန်မှာလည်း ယူကရိန်းအလံအရောင်ပါဝင်တဲ့ ပန်းစည်းတွေကို ကိုင်ဆောင်လာခဲ့ကြပြီး
ယူကရိန်းအရေးအတွက် ရပ်တည်ပေးခဲ့ပါတယ်။ လီဗာပူး ကွင်းလယ်လူ သီယာဂိုကလည်း
ပွဲကစားနေချိန် ကွင်းဘေးမှာ မျက်ရည်တွေနဲ့ ငိုကြွေးနေခဲ့ပြီး သူ့ကို လီဗာပူးအသင်းဖော်
ဂိုးသမား အယ်လစ်ဆန်က နှစ်သိမ့်ပေးနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
Zawgyi
ခ်ဲလ္ဆီး-လီဗာပူးပြဲက လူသားေတြရဲ့ လိုအင္ဆႏၵနဲ့ ေတာင့္တမႈတစ္ခု
မေန႔ညက ကစားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔လီဗာပူးတို႔ရဲ႕ ကာရာေဘာင္ဖလား ဗိုလ္လုပြဲမွာ
ပြဲမစခင္ ႏွစ္ဖက္အသင္းပရိသတ္ေတြရာ၊ ကစားသမားေတြဟာ ႐ုရွားရဲ႕
က်ဴးေက်ာ္စစ္ဆင္ႏႊဲခံေနရတဲ့ ယူကရိန္းဘက္က အခိုင္အမာရပ္တည္ေၾကာင္း
ျပသခဲ့ၾကပါတယ္။
ပြဲမတိုင္ခင္မွာ ဝင္ဘာေလကြင္းအတြင္းက ဖန္သားျပင္ေပၚမွာ ယူကရိန္းအလံကို
ေဖာ္ျပခဲ့ၿပီး “ေဘာလုံးေလာကကလည္း အတူတကြရပ္တည္ေနပါတယ္” လို႔
ေရးသားထားတဲ့ မက္ေဆ့ခ်္ကို ျပသကာ ၁ မိနစ္ၾကာ လက္ခုပ္တီးဩဘာေပးခဲ့ၾကပါတယ္။
ဒီလိုဩဘာေပးေနခ်ိန္မွာပဲ လီဗာပူးပရိသတ္ေတြဟာ သူတို႔အသင္းရဲ႕ နာမည္ေက်ာ္သီခ်င္းျဖစ္တဲ့
“You’ll Never Walk Alone” ကို အူလႈိက္သည္းလႈိက္သီဆိုဟစ္ေႂကြးကာ
အားေပးေထာက္ခံခဲ့ၾကပါတယ္။
ခ်ဲလ္ဆီးပရိသတ္ေတြကလည္း ယူကရိန္းနဲ႔ အတူရွိေနေၾကာင္း သူတို႔အားေပးတဲ့
အသင္းနာမည္နဲ႔ ဆိုင္းဘုတ္ငယ္ေတြ ကိုင္ေဆာင္အားေပးခဲ့ပါတယ္။
လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္၊ ခ်ဲလ္ဆီး အသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာတို႔ဟာ
ကြင္းထဲဝင္လာခ်ိန္မွာလည္း ယူကရိန္းအလံအေရာင္ပါဝင္တဲ့ ပန္းစည္းေတြကို ကိုင္ေဆာင္လာခဲ့ၾကၿပီး
ယူကရိန္းအေရးအတြက္ ရပ္တည္ေပးခဲ့ပါတယ္။ လီဗာပူး ကြင္းလယ္လူ သီယာဂိုကလည္း
ပြဲကစားေနခ်ိန္ ကြင္းေဘးမွာ မ်က္ရည္ေတြနဲ႔ ငိုေႂကြးေနခဲ့ၿပီး သူ႔ကို လီဗာပူးအသင္းေဖာ္
ဂိုးသမား အယ္လစ္ဆန္က ႏွစ္သိမ့္ေပးေနခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။