ချဲလ်ဆီးအသင်း ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်သစ်တွင်ကစားရမှာဖြစ်လို့ ပွဲကြပ်ကာလများနှင့်ရင်ဆိုင်ရတော့မှာဖြစ်

ချဲလ်ဆီးဟာလာမယ့်၂၀၂၂ခုနှစ်အစောပိုင်းမှာယူအေအီးနိုင်ငံမှာ ဖီဖာကလပ်

ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ကစားရပါမယ်။ အစောပိုင်းတုန်းကဖီဖာကလပ်

ကမ္ဘာ့ဖလားပြိုင်ပွဲကိုယခုနှစ်ကုန်ပိုင်းမှာဂျပန်တွင်ကျင်းပရန်စီစဉ်ထားပေမယ့်လည်း

ကိုဗစ်ကြောင့်ဂျပန်ကနောက်ဆုတ်သွားခဲ့ပါတယ်။ ယခုအခါဖီဖာကဖီဖာကလပ်

ကမ္ဘာ့ဖလားပြိုင်ပွဲကိုပုံမှန်အတိုင်း  ဒီဇင်ဘာလမှာကျင်းပမှာမဟုတ်ဘဲ

နှစ်သစ်ကူးကာလမှာယူအေအီးနိုင်ငံမှာ ကျင်းပမယ်လို့ကြေညာလာပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကပေါ်တိုတွင်မန်စီးတီးကိုအနိုင်ရရှိကာချန်ပီယံလိဂ်ချန်ပီယံ

ဖြစ်ခဲ့တဲ့ချဲလ်ဆီးဟာဥရောပကိုယ်စားပြုအဖြစ်ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ

ာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီးအီဂျစ်ထိပ်သီးအယ်လ်အလီက

အာဖရိကချန်ပီယံအဖြစ်လည်းကောင်း၊နယူးဇီလန်ကလပ်အောက်ကလန်စီးတီးကလည်း

သမုဒ္ဒရာပိုင်းဇုန်ကိုယ်စားပြုအဖြစ်လည်းကောင်းယှဉ်ပြိုင်ပါမယ်။

တောင်အမေရိကကိုယ်စားပြုအဖြစ်ဖလာမင်ဂိုနှင့်ပါးမီးရပ်စ်တို့ရဲ့နိုဝင်ဘာလ

၂၇ရက်နေ့ကိုပါလီဘာတာဒို့စ်ဗိုလ်လုပွဲမှအနိုင်ရတဲ့အသင်းက ယှဉ်ပြိုင်ခွင့်ရရှိပါမယ်။

ဒါ့အပြင်အောက်တိုဘာလ၂၈ရက်နေ့ ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ်

ယှဉ်ပြိုင်မယ့်ကလပ်အမေရိကနှင့်မွန်တာရေးတို့ပွဲစဉ်မှအနိုင်ရတဲ့အသင်းက

ကွန်ကာကပ်ဖ်ကိုယ်စားပြုယှဉ်ပြိုင်ပါမယ်။ ချဲလ်ဆီးအသင်းဟာဖီဖာကလပ်

ကမ္ဘာ့ဖလားပြိုင်ပွဲကိုနှစ်သစ်တွင်ကစားရမှာဖြစ်လို့များပြားလှတဲ့ပွဲကြပ်ကာလများနှင့်

ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒါ့အပြင်ဆီနီဂေါဂိုးသမားမင်ဒီမှာအာဖရိကဖလား

ပြိုင်ပွဲယှဉ်ပြိုင်ရမှာဖြစ်လို့ ချဲလ်ဆီးနှင့်အတူပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။

ဆီနီဂေါဟာဇန်နဝါရီလ၁၀ရက်နေ့မှာဇမ်ဘာဘွေနှင့်အာဖရိကဖလားအုပ်စုအဖွင့်ပွဲကစားရပါမယ်။

zawgyi

ခ်ဲလ္ဆီးအသင္း ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို ႏွစ္သစ္တြင္ကစားရမွာျဖစ္လို႔ ပြဲၾကပ္ကာလမ်ားႏွင့္ရင္ဆိုင္ရေတာ့မွာျဖစ္

ခ်ဲလ္ဆီးဟာလာမယ့္၂၀၂၂ခုႏွစ္အေစာပိုင္းမွာယူေအအီးႏိုင္ငံမွာ ဖီဖာကလပ္

ကမာၻ႔ဖလားၿပိဳင္ပြဲယွဥ္ၿပိဳင္ကစားရပါမယ္။ အေစာပိုင္းတုန္းကဖီဖာကလပ္

ကမာၻ႔ဖလားၿပိဳင္ပြဲကိုယခုႏွစ္ကုန္ပိုင္းမွာဂ်ပန္တြင္က်င္းပရန္စီစဥ္ထားေပမယ့္လည္း

ကိုဗစ္ေၾကာင့္ဂ်ပန္ကေနာက္ဆုတ္သြားခဲ့ပါတယ္။ ယခုအခါဖီဖာကဖီဖာကလပ္

ကမာၻ႔ဖလားၿပိဳင္ပြဲကိုပုံမွန္အတိုင္း  ဒီဇင္ဘာလမွာက်င္းပမွာမဟုတ္ဘဲ

ႏွစ္သစ္ကူးကာလမွာယူေအအီးႏိုင္ငံမွာ က်င္းပမယ္လို႔ေၾကညာလာပါတယ္။

ၿပီးခဲ့တဲ့ေမလတုန္းကေပၚတိုတြင္မန္စီးတီးကိုအႏိုင္ရရွိကာခ်န္ပီယံလိဂ္ခ်န္ပီယံ

ျဖစ္ခဲ့တဲ့ခ်ဲလ္ဆီးဟာဥေရာပကိုယ္စားျပဳအျဖစ္ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွ

ာဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီးအီဂ်စ္ထိပ္သီးအယ္လ္အလီက

အာဖရိကခ်န္ပီယံအျဖစ္လည္းေကာင္း၊နယူးဇီလန္ကလပ္ေအာက္ကလန္စီးတီးကလည္း

သမုဒၵရာပိုင္းဇုန္ကိုယ္စားျပဳအျဖစ္လည္းေကာင္းယွဥ္ၿပိဳင္ပါမယ္။

ေတာင္အေမရိကကိုယ္စားျပဳအျဖစ္ဖလာမင္ဂိုႏွင့္ပါးမီးရပ္စ္တို႔ရဲ႕ႏိုဝင္ဘာလ

၂၇ရက္ေန႔ကိုပါလီဘာတာဒို႔စ္ဗိုလ္လုပြဲမွအႏိုင္ရတဲ့အသင္းက ယွဥ္ၿပိဳင္ခြင့္ရရွိပါမယ္။

ဒါ့အျပင္ေအာက္တိုဘာလ၂၈ရက္ေန႔ ကြန္ကာကပ္ဖ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္

ယွဥ္ၿပိဳင္မယ့္ကလပ္အေမရိကႏွင့္မြန္တာေရးတို႔ပြဲစဥ္မွအႏိုင္ရတဲ့အသင္းက

ကြန္ကာကပ္ဖ္ကိုယ္စားျပဳယွဥ္ၿပိဳင္ပါမယ္။ ခ်ဲလ္ဆီးအသင္းဟာဖီဖာကလပ္

ကမာၻ႔ဖလားၿပိဳင္ပြဲကိုႏွစ္သစ္တြင္ကစားရမွာျဖစ္လို႔မ်ားျပားလွတဲ့ပြဲၾကပ္ကာလမ်ားႏွင့္

ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္ဆီနီေဂါဂိုးသမားမင္ဒီမွာအာဖရိကဖလား

ၿပိဳင္ပြဲယွဥ္ၿပိဳင္ရမွာျဖစ္လို႔ ခ်ဲလ္ဆီးႏွင့္အတူပါဝင္ယွဥ္ၿပိဳင္ႏိုင္မွာမဟုတ္ပါဘူး။

ဆီနီေဂါဟာဇန္နဝါရီလ၁၀ရက္ေန႔မွာဇမ္ဘာေဘြႏွင့္အာဖရိကဖလားအုပ္စုအဖြင့္ပြဲကစားရပါမယ္။