ချဲလ်ဆီးအသင်း ပြဿနာတွေနဲ့ရင်ဆိုင်နေရပေမယ့် ယူနိုက်တက်ထက် စတမ်းဖို့ဒ်ဘရစ်ချ်ကိုပဲ ပြောင်းရွှေ့ချင်နေဆဲ ဒက်ကလန်ရိုက်စ်

ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ လက်ရှိအချိန်မှာ

ချဲလ်ဆီးအသင်း ပြဿနာတွေနဲ့ရင်ဆိုင်နေရပေမယ့် ယူနိုက်တက်ထက်
စတမ်းဖို့ဒ်ဘရစ်ချ်ကိုပဲ ပြောင်းရွှေ့ဖို့ ပိုမိုစိတ်အားထက်သန်နေဆဲဖြစ်ကြောင်း
သတင်းတွေက ရေးသားဖော်ပြနေပါတယ်။
ဝက်စ်ဟမ်းဟာ အသက် ၂၃နှစ်အရွယ်ရှိ ဒက်ကလန်ရိုက်စ်အတွက်
ဗြိတိန်စံချိန်သစ်ဖြစ်တဲ့ ပေါင်သန်း ၁၅၀ အထိ

ပြောင်းရွှေ့ကြေး သတ်မှတ်ထားပါတယ်။
အင်္ဂလန်လက်ရွေးစင် ဒက်ကလန်ရိုက်စ်ဟာ အသင်းနဲ့
စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၂နှစ်ကျန်နေသေးသလို အသင်းဘက်က
နောက် တစ်နှစ်သက်တမ်းတိုးခွင့်ရထားပြီး ကစားသမားဖြစ်သူက
ဝက်စ်ဟမ်းကနေ ထွက်ခွာချင်တဲ့အကြောင်း

လူသိရှင်ကြား ထုတ်ပြောတာမျိုးတော့မရှိသေးပါဘူး။
ဒါပေမဲ့ ဝက်စ်ဟမ်းဟာ ဒက်ကလန်ရိုက်စ်ကို
စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားမှု အဆင်မပြေဖြစ်နေပြီး
ဒီအတွက်ကြောင့် ယခုရာသီအကုန်မှာ ပြောင်းရွှေ့ကြေး
မြင့်မားစွာရရှိရေးအတွက် ရောင်းချမှရတော့မှာကို လက်ခံသွားပါတယ်။

စာချုပ်သစ်ချုပ်ဆိုရေးအတွက် ဆွေးနွေးမှုတွေက
တရားဝင်ပျက်ပြယ်တာမျိုးမရှိသေးပေမယ့် နည်းပြဒေးဗစ်မွိုက်စ်ကတော့
ကစားသမားဖြစ်သူဘက်က အသင်းကြီးတစ်သင်းကို
ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိနေတယ်လို့ ယူဆနေပါတယ်။
ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့

ယူနိုက်တက်တို့က ထိပ်ဆုံးကနေ ဦးဆောင်နေပေမယ့်
Evening Standard သတင်းဌာနရဲ့ဖော်ပြချက်အရ
ကစားသမားဖြစ်သူက ချဲလ်ဆီးကိုပဲပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့
စာချုပ်သက်တမ်းပြည့်တော့မယ့် ပေါ့ဂ်ဘာရဲ့နေရာမှာ

အစားထိုးနိုင်ရေးအတွက် ဒက်ကလန်ရိုက်စ်ကို
ခေါ်ယူချင်နေတာဖြစ်ပါတယ်။

Zawgyi

ခ်ဲလ္ဆီးအသင္း ျပႆနာေတြနဲ႔ရင္ဆုိင္ေနရေပမယ့္ ယူႏိုက္တက္ထက္ စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကိုပဲ ေျပာင္းေရႊ႕ခ်င္ေနဆဲ ဒက္ကလန္ရိုက္စ္
၀က္စ္ဟမ္းအသင္းကြင္းလယ္လူ ဒက္ကလန္ရိုက္စ္ဟာ လက္ရွိအခ်ိန္မွာ
ခ်ဲလ္ဆီးအသင္း ျပႆနာေတြနဲ႔ရင္ဆုိင္ေနရေပမယ့္ ယူႏုိက္တက္ထက္
စတမ္းဖို႔ဒ္ဘရစ္ခ်္ကိုပဲ ေျပာင္းေရႊ႕ဖုိ႔ ပိုမိုစိတ္အားထက္သန္ေနဆဲျဖစ္ေၾကာင္း
သတင္းေတြက ေရးသားေဖာ္ျပေနပါတယ္။

၀က္စ္ဟမ္းဟာ အသက္ ၂၃ႏွစ္အရြယ္ရွိ ဒက္ကလန္ရိုက္စ္အတြက္
ၿဗိတိန္စံခ်ိန္သစ္ျဖစ္တဲ့ ေပါင္သန္း ၁၅၀ အထိ
ေျပာင္းေရႊ႕ေၾကး သတ္မွတ္ထားပါတယ္။
အဂၤလန္လက္ေရြးစင္ ဒက္ကလန္ရိုက္စ္ဟာ အသင္းနဲ႔
စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၂ႏွစ္က်န္ေနေသးသလုိ အသင္းဘက္က

ေနာက္ တစ္ႏွစ္သက္တမ္းတုိးခြင့္ရထားၿပီး ကစားသမားျဖစ္သူက
၀က္စ္ဟမ္းကေန ထြက္ခြာခ်င္တဲ့အေၾကာင္း
လူသိရွင္ၾကား ထုတ္ေျပာတာမ်ိဳးေတာ့မရွိေသးပါဘူး။
ဒါေပမဲ့ ၀က္စ္ဟမ္းဟာ ဒက္ကလန္ရိုက္စ္ကို
စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖုိ႔ ႀကိဳးစားမႈ အဆင္မေျပျဖစ္ေနၿပီး

ဒီအတြက္ေၾကာင့္ ယခုရာသီအကုန္မွာ ေျပာင္းေရႊ႕ေၾကး
ျမင့္မားစြာရရွိေရးအတြက္ ေရာင္းခ်မွရေတာ့မွာကို လက္ခံသြားပါတယ္။
စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရးအတြက္ ေဆြးေႏြးမႈေတြက
တရား၀င္ပ်က္ျပယ္တာမ်ိဳးမရွိေသးေပမယ့္ နည္းျပေဒးဗစ္မြိဳက္စ္ကေတာ့
ကစားသမားျဖစ္သူဘက္က အသင္းႀကီးတစ္သင္းကို

ေျပာင္းေရႊ႕ခ်င္တဲ့ ဆႏၵရွိေနတယ္လုိ႔ ယူဆေနပါတယ္။
ဒက္ကလန္ရိုက္စ္ကို ေခၚယူဖုိ႔ ခ်ဲလ္ဆီးနဲ႔
ယူႏုိက္တက္တို႔က ထိပ္ဆုံးကေန ဦးေဆာင္ေနေပမယ့္
Evening Standard သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ကစားသမားျဖစ္သူက ခ်ဲလ္ဆီးကိုပဲေျပာင္းေရႊ႕ခ်င္ေနတယ္လုိ႔ သိရပါတယ္။

ယူႏုိက္တက္ဟာ လာမယ့္ေႏြရာသီမွာ အသင္းနဲ႔
စာခ်ဳပ္သက္တမ္းျပည့္ေတာ့မယ့္ ေပါ့ဂ္ဘာရဲ႕ေနရာမွာ
အစားထိုးႏိုင္ေရးအတြက္ ဒက္ကလန္ရိုက္စ္ကို
ေခၚယူခ်င္ေနတာျဖစ္ပါတယ္။