ချဲလ်ဆီးဟာ ဆွီဒင်ချန်ပီယံမယ်လ်မိုအသင်းဘက်ကို ဂိုးပြတ်သွင်းနိုင်ခဲ့

ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ဂိုးပြတ်နိုင်ပွဲက ထူးခြားချက်တွေချဲလ်ဆီးဟာ

ဆွီဒင်ချန်ပီယံမယ်လ်မိုနဲ့ အိမ်ကွင်းပွဲစဉ်မှာ မျှော်လင့်ထားတဲ့အတိုင်းပဲ

ဧည့်သည်အသင်းဘက်ကို ဂိုးပြတ်သွင်းနိုင်ခဲ့ပါတယ်။

နည်းပြတူချယ်ရဲ့အသင်းအနေနဲ့ ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ

၂ ဂိုးသွင်းယူခဲ့ကာ အုပ်စုအမှတ်ပေးဇယားမှာ ဂျူဗင်တပ်ရဲ့အနောက်

ဒုတိယနေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီပွဲက ထူးခြားချက်တွေကတော့…….

#စတမ်းဖို့ဒ်ဘရစ်ချ်မှာ စိုးမိုးနိုင်ခဲ့ပြန်တဲ့ နောက်ခံလူတွေ

အဖွင့်ဂိုးသွင်းခဲ့တဲ့ နောက်ခံလူခရစ္စတန်ဆန်ဟာ ဒီရာသီမှာ ချဲလ်ဆီးအတွက်

ဂိုးသွင်းယူခဲ့တဲ့ ၁၄ ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒီလန်ဒန်အခြေစိုက်အသင်းအတွက် ၁၃၇ ပွဲကစားပေးထားပေမယ့်လည်း

အဲဒီဒိန်းမတ်သားအတွက် ပထမဆုံးချဲလ်ဆီးသွင်းဂိုးဖြစ်လာခဲ့တာပါ။

ခရစ္စတန်ဆန်ရဲ့အဲဒီဂိုးကို ဖန်တီးပေးခဲ့တာကလည်း နောက်ထပ်

ချဲလ်ဆီးနောက်ခံလူဖြစ်တဲ့ သီယာဂိုဆေးလ်ဗားပါ။ ဒါ့အပြင် ဒုတိယပိုင်းမှာ

ချဲလ်ဆီးရတဲ့ပင်နယ်တီကလည်း တတိယမြောက်ဗဟိုနောက်ခံလူဖြစ်တဲ့ ရူဒီဂါကြောင့် ဖြစ်ပါတယ်။

#ပထမပိုင်းမှာပဲ ဒဏ်ရာကြောင့် ထွက်ခဲ့ရတဲ့ လူကာကူနဲ့တီမိုဝါနာ

မယ်လ်မိုနဲ့ပွဲမှာ လူကာကူကို အနားမပေးခဲ့တာနဲ့ပတ်သက်လို့ တူချယ်ကတော့

နောင်တရနေလောက်ပါပြီ။ အဲဒီဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့ရာသီ

အစကတည်းက စုစုပေါင်း ၄၃ ပွဲကို အနားမရဘဲ ကစားခဲ့ရတာပါ။

၁၉ မိနစ်အရောက်မှာ သူ့ကြောင့် ချဲလ်ဆီးပင်နယ်တီရခဲ့ပေမယ့်

အဲဒီကရတဲ့ဒဏ်ရာကြောင့် လူကာကူဟာ ဆက်မကစားနိုင်ခဲ့ပါဘူး။

ဒါ့အပြင် သူ့ရဲ့တိုက်စစ်ကစားဖော်တီမိုဝါနာဟာလည်း ပထမပိုင်းပြီးခါနီးလေးမှာ

ဒဏ်ရာရသွားလို့ လူစားလဲခဲ့ရပြန်တယ်။

# ချန်ပီယံလိဂ်မှာ ချဲလ်ဆီးပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ ဂိုးမိုးရွာနိုင်မှု

စတမ်းဖို့ဒ်ဘရစ်ချ်မှာ မနေ့ညက မိုးတွေရွာနေခဲ့သလို ချဲလ်ဆီးအနေနဲ့လည်း

ဂိုးမိုးရွာနိုင်ခဲ့ပါတယ်။ ဒါဟာ တူချယ်လက်ထက် ချဲလ်ဆီးရဲပထမဆုံး

ဂိုးပြတ်နိုင်ပွဲလည်း ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့

ရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲသွားခဲ့ပေမယ့် ချဲလ်ဆီးဟာ တူချယ်

ကိုင်တွယ်ပြီးကတည်းက ချန်ပီယံလိဂ်မှာ ၂ ဂိုးထက် ပိုသွင်းနိုင်ခဲ့တာ

တစ်ပွဲမှ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့ဇန်နဝါရီကတည်းကလည်း ချဲလ်ဆီးပွဲတွေရဲ့

၇၅ ရာခိုင်နှုန်းကျော်ဟာ မိနစ် ၉၀ အတွင်း ၂ ဂိုးထက်ပိုသွင်းနိုင်ခြင်း မရှိခဲ့တာပါ။

#ခြေစွမ်းပြခွင့်ကြုံခဲ့ကြတဲ့ လူစားဝင် ဟာဗက်ဇ်နဲ့အိုဒွိုင်းတို့အတွဲ

ဟာဗက်ဇ်က ၂၃ မိနစ်မှာ လူကာကူအစား လူစားဝင်ခဲ့တာဖြစ်ပြီး

အိုဒွိုင်းကတော့ ၄၄ မိနစ်မှာ တီမိုဝါနာအစား လူစားဝင်ခဲ့တာပါ။

ချဲလ်ဆီးရဲ့တတိယဂိုးဟာ အဲဒီတိုက်စစ်ကစားသမားနှစ်ယောက်ရဲ့

ပေါင်းစပ်မှုကနေ ရရှိခဲ့တာပါ။ အခုတော့ လူကာကူနဲ့ဝါနာတို့ဟာ

လာမယ့်နောဝစ်ချ်နဲ့ပွဲကို မပါဝင်နိုင်ဖို့များနေတာကြောင့်

သူတို့နှစ်ယောက်အတွက် အခွင့်အလမ်းကောင်းပါပဲ။

zawgyi

ခ်ဲလ္ဆီးဟာ ဆြီဒင္ခ်န္ပီယံမယ္လ္မိုအသင္းဘက္ကို ဂိုးျပတ္သြင္းႏိုင္ခဲ့

ခ်ဲလ္ဆီးရဲ႕ခ်န္ပီယံလိဂ္ဂိုးျပတ္ႏိုင္ပြဲက ထူးျခားခ်က္ေတြခ်ဲလ္ဆီးဟာ

ဆြီဒင္ခ်န္ပီယံမယ္လ္မိုနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ

ဧည့္သည္အသင္းဘက္ကို ဂိုးျပတ္သြင္းႏိုင္ခဲ့ပါတယ္။

နည္းျပတူခ်ယ္ရဲ႕အသင္းအေနနဲ႔ ပထမပိုင္းမွာ ၂ ဂိုး၊ ဒုတိယပိုင္းမွာ

၂ ဂိုးသြင္းယူခဲ့ကာ အုပ္စုအမွတ္ေပးဇယားမွာ ဂ်ဴဗင္တပ္ရဲ႕အေနာက္

ဒုတိယေနရာက ရပ္တည္ႏိုင္ခဲ့ပါတယ္။ အဲဒီပြဲက ထူးျခားခ်က္ေတြကေတာ့…….

#စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ စိုးမိုးႏိုင္ခဲ့ျပန္တဲ့ ေနာက္ခံလူေတြ

အဖြင့္ဂိုးသြင္းခဲ့တဲ့ ေနာက္ခံလူခရစၥတန္ဆန္ဟာ ဒီရာသီမွာ ခ်ဲလ္ဆီးအတြက္

ဂိုးသြင္းယူခဲ့တဲ့ ၁၄ ေယာက္ေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။

ဒီလန္ဒန္အေျခစိုက္အသင္းအတြက္ ၁၃၇ ပြဲကစားေပးထားေပမယ့္လည္း

အဲဒီဒိန္းမတ္သားအတြက္ ပထမဆုံးခ်ဲလ္ဆီးသြင္းဂိုးျဖစ္လာခဲ့တာပါ။

ခရစၥတန္ဆန္ရဲ႕အဲဒီဂိုးကို ဖန္တီးေပးခဲ့တာကလည္း ေနာက္ထပ္

ခ်ဲလ္ဆီးေနာက္ခံလူျဖစ္တဲ့ သီယာဂိုေဆးလ္ဗားပါ။ ဒါ့အျပင္ ဒုတိယပိုင္းမွာ

ခ်ဲလ္ဆီးရတဲ့ပင္နယ္တီကလည္း တတိယေျမာက္ဗဟိုေနာက္ခံလူျဖစ္တဲ့ ႐ူဒီဂါေၾကာင့္ ျဖစ္ပါတယ္။

#ပထမပိုင္းမွာပဲ ဒဏ္ရာေၾကာင့္ ထြက္ခဲ့ရတဲ့ လူကာကူနဲ႔တီမိုဝါနာ

မယ္လ္မိုနဲ႔ပြဲမွာ လူကာကူကို အနားမေပးခဲ့တာနဲ႔ပတ္သက္လို႔ တူခ်ယ္ကေတာ့

ေနာင္တရေနေလာက္ပါၿပီ။ အဲဒီဘယ္လ္ဂ်ီယံသားဟာ ၿပီးခဲ့တဲ့ရာသီ

အစကတည္းက စုစုေပါင္း ၄၃ ပြဲကို အနားမရဘဲ ကစားခဲ့ရတာပါ။

၁၉ မိနစ္အေရာက္မွာ သူ႔ေၾကာင့္ ခ်ဲလ္ဆီးပင္နယ္တီရခဲ့ေပမယ့္

အဲဒီကရတဲ့ဒဏ္ရာေၾကာင့္ လူကာကူဟာ ဆက္မကစားႏိုင္ခဲ့ပါဘူး။

ဒါ့အျပင္ သူ႔ရဲ႕တိုက္စစ္ကစားေဖာ္တီမိုဝါနာဟာလည္း ပထမပိုင္းၿပီးခါနီးေလးမွာ

ဒဏ္ရာရသြားလို႔ လူစားလဲခဲ့ရျပန္တယ္။

# ခ်န္ပီယံလိဂ္မွာ ခ်ဲလ္ဆီးျပန္လည္ရွာေဖြႏိုင္ခဲ့တဲ့ ဂိုးမိုး႐ြာႏိုင္မႈ

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ မေန႔ညက မိုးေတြ႐ြာေနခဲ့သလို ခ်ဲလ္ဆီးအေနနဲ႔လည္း

ဂိုးမိုး႐ြာႏိုင္ခဲ့ပါတယ္။ ဒါဟာ တူခ်ယ္လက္ထက္ ခ်ဲလ္ဆီးရဲပထမဆုံး

ဂိုးျပတ္ႏိုင္ပြဲလည္း ျဖစ္မွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ၿပီးခဲ့တဲ့

ရာသီခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲသြားခဲ့ေပမယ့္ ခ်ဲလ္ဆီးဟာ တူခ်ယ္

ကိုင္တြယ္ၿပီးကတည္းက ခ်န္ပီယံလိဂ္မွာ ၂ ဂိုးထက္ ပိုသြင္းႏိုင္ခဲ့တာ

တစ္ပြဲမွ မရွိခဲ့ဘူး။ ၿပီးခဲ့တဲ့ဇန္နဝါရီကတည္းကလည္း ခ်ဲလ္ဆီးပြဲေတြရဲ႕

၇၅ ရာခိုင္ႏႈန္းေက်ာ္ဟာ မိနစ္ ၉၀ အတြင္း ၂ ဂိုးထက္ပိုသြင္းႏိုင္ျခင္း မရွိခဲ့တာပါ။

#ေျခစြမ္းျပခြင့္ႀကဳံခဲ့ၾကတဲ့ လူစားဝင္ ဟာဗက္ဇ္နဲ႔အိုဒြိဳင္းတို႔အတြဲ

ဟာဗက္ဇ္က ၂၃ မိနစ္မွာ လူကာကူအစား လူစားဝင္ခဲ့တာျဖစ္ၿပီး

အိုဒြိဳင္းကေတာ့ ၄၄ မိနစ္မွာ တီမိုဝါနာအစား လူစားဝင္ခဲ့တာပါ။

ခ်ဲလ္ဆီးရဲ႕တတိယဂိုးဟာ အဲဒီတိုက္စစ္ကစားသမားႏွစ္ေယာက္ရဲ႕

ေပါင္းစပ္မႈကေန ရရွိခဲ့တာပါ။ အခုေတာ့ လူကာကူနဲ႔ဝါနာတို႔ဟာ

လာမယ့္ေနာဝစ္ခ်္နဲ႔ပြဲကို မပါဝင္ႏိုင္ဖို႔မ်ားေနတာေၾကာင့္

သူတို႔ႏွစ္ေယာက္အတြက္ အခြင့္အလမ္းေကာင္းပါပဲ။