ချဲလ်ဆီးသမားတွေကို မျက်ရည်ဝဲစေခဲ့သူ

စတမ်းဖို့ဒ်ဘရစ်ချ်က ချဲလ်ဆီးနဲ့အက်ဖ်အေဖလားပွဲစဉ်မှာ ပလိုင်းမောက်

ဂိုးသမားလေးမိုက်ကယ်ကူးပါးရဲ့လက်စွမ်းဟာ အဲဒီပွဲကြည့်သူပရိသတ်တွေ

အတွက် တအံ့တသြဖြစ်စေခဲ့ပါတယ်။
၂၂ နှစ်အရွယ် အဲဒီအင်္ဂလန်သားလေးကြောင့် လက်ရှိချန်ပီယံလိဂ်ချန်ပီယံအသင်းဟာ

အောက်တန်းအသင်းငယ်လေးကို ခက်ခက်ခဲခဲအနိုင်ယူခဲ့ရတာပါ။

လက်ရှိပရီးမီးယားလိဂ်အဆင့် ၃ အသင်းနဲ့ အင်္ဂလန်တတိယတန်းဖြစ်တဲ့

လိဂ်-၁ က အသင်းတို့ကြားမှာ ကွာဟာချက်ကလည်း ကြီးမားလှပါတယ်။

ဒါကြောင့်မို့လည်း ပွဲမတိုင်ခင်မှာ ဘွတ်ကီတွေက ချဲလ်ဆီးဂိုးပြတ်နိုင်မယ့်

ဖွင့်လှစ်မှုမျိုးထားရှိခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းကစားတော့ ချဲလ်ဆီးဟာ

ပလိုင်းမောက်ကို မထင်မှတ်ဘဲ ဦးဆောင်ဂိုးပေးခဲ့ရသလို ပထမပိုင်းအတွင်း

ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ကူးပါးရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့်

သာမန်ပွဲချိန်မိနစ် ၉၀ အတွင်း အနိုင်မယူနိုင်ခဲ့ပါဘူး။

အချိန်ပိုမိနစ် ၃၀ ရောက်မှ အလွန်ဆိုရဲ့အနိုင်ဂိုးကိုခွင့်ပြုလိုက်ရတာပါ။

အချိန်ပိုပြီးခါနီးမှာ ပလိုင်းမောက်ရတဲ့ပင်နယ်တီကို ချဲလ်ဆီးဂိုးသမားကီပါ

ကာကွယ်လိုက်နိုင်ခဲ့ပေမယ့် အဲဒီပွဲမှာ ကူပါးရဲ့တည်ငြိမ်တဲ့လက်စွမ်းကသာ

ပရိသတ်တွေရင်ထဲစွဲကျန်ရစ်စေခဲ့ပါတယ်။ မိုက်ကယ်ကူးပါးဟာ သာမန်ပွဲချိန်အတွင်းမှာ

လူကာကူ၊ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ရဲ့တိုက်စစ်ကို တောင့်တောင့်ခံနိုင်ခဲ့ပြီး

ဂိုးကာကွယ်မှုချည်း ၁၀ ကြိမ်လုပ်ခဲ့တာပါ။ ဒါကြောင့် ဆိုရှယ်မီဒီယာပေါ်က

ပရိသတ်တစ်ယောက်က ချဲလ်ဆီးရဲ့ကမ္ဘာ့စံချိန်တင်ကြေးရှင်ဂိုးသမားကီပါထက်

ကူးပါးကိုသာ အလိုရှိကြောင်း ဆိုခဲ့ပါတယ်။


ပလိုင်းမောက်ပရိသတ်တွေကလည်း ကူးပါးဟာ ကီပါထက်ပိုကောင်းကြောင်း

ချီးကျူခဲ့ကြပါတယ်။ ဘီဘီစီက ဘောလုံးပွဲကြေညာသူတစ်ယောက်ဖြစ်တဲ့

ဂျိုနသန်ပီးယာ့စ်ကလည်း ဒီလိုလက်စွမ်းနဲ့သာဆိုရင် ကူးပါးဟာ ပလိုင်းမောက်မှာ

ကြာကြာဆက်ရှိနေမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ကူးပါးဟာ ပြီးခဲ့တဲ့ရာသီမှာ

ပလိုင်းမောက်ပရိသတ်တွေရွေးချယ်တဲ့ အသင်းရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကို

ရရှိထားတာပါ။

Zawgyi

ခ်ဲလ္ဆီးသမားေတြကို မ်က္ရည္ဝဲေစခဲ့သူ
စတမ္းဖို႔ဒ္ဘရစ္ခ်္က ခ်ဲလ္ဆီးနဲ႔အက္ဖ္ေအဖလားပြဲစဥ္မွာ ပလိုင္းေမာက္

ဂိုးသမားေလးမိုက္ကယ္ကူးပါးရဲ႕လက္စြမ္းဟာ အဲဒီပြဲၾကည့္သူပရိသတ္ေတြ

အတြက္ တအံ့တၾသျဖစ္ေစခဲ့ပါတယ္။
၂၂ ႏွစ္အ႐ြယ္ အဲဒီအဂၤလန္သားေလးေၾကာင့္ လက္ရွိခ်န္ပီယံလိဂ္ခ်န္ပီယံအသင္းဟာ

ေအာက္တန္းအသင္းငယ္ေလးကို ခက္ခက္ခဲခဲအႏိုင္ယူခဲ့ရတာပါ။

 

လက္ရွိပရီးမီးယားလိဂ္အဆင့္ ၃ အသင္းနဲ႔ အဂၤလန္တတိယတန္းျဖစ္တဲ့

လိဂ္-၁ က အသင္းတို႔ၾကားမွာ ကြာဟာခ်က္ကလည္း ႀကီးမားလွပါတယ္။

ဒါေၾကာင့္မို႔လည္း ပြဲမတိုင္ခင္မွာ ဘြတ္ကီေတြက ခ်ဲလ္ဆီးဂိုးျပတ္ႏိုင္မယ့္

ဖြင့္လွစ္မႈမ်ိဳးထားရွိခဲ့တာပါ။ ဒါေပမဲ့ တကယ္တမ္းကစားေတာ့ ခ်ဲလ္ဆီးဟာ

ပလိုင္းေမာက္ကို မထင္မွတ္ဘဲ ဦးေဆာင္ဂိုးေပးခဲ့ရသလို ပထမပိုင္းအတြင္း

ျပန္လည္ေခ်ပႏိုင္ခဲ့ေပမယ့္ ကူးပါးရဲ႕လက္စြမ္းျပကာကြယ္မႈေတြေၾကာင့္

သာမန္ပြဲခ်ိန္မိနစ္ ၉၀ အတြင္း အႏိုင္မယူႏိုင္ခဲ့ပါဘူး။

အခ်ိန္ပိုမိနစ္ ၃၀ ေရာက္မွ အလြန္ဆိုရဲ႕အႏိုင္ဂိုးကိုခြင့္ျပဳလိုက္ရတာပါ။

အခ်ိန္ပိုၿပီးခါနီးမွာ ပလိုင္းေမာက္ရတဲ့ပင္နယ္တီကို ခ်ဲလ္ဆီးဂိုးသမားကီပါ

ကာကြယ္လိုက္ႏိုင္ခဲ့ေပမယ့္ အဲဒီပြဲမွာ ကူပါးရဲ႕တည္ၿငိမ္တဲ့လက္စြမ္းကသာ

ပရိသတ္ေတြရင္ထဲစြဲက်န္ရစ္ေစခဲ့ပါတယ္။ မိုက္ကယ္ကူးပါးဟာ သာမန္ပြဲခ်ိန္အတြင္းမွာ

လူကာကူ၊ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ရဲ႕တိုက္စစ္ကို ေတာင့္ေတာင့္ခံႏိုင္ခဲ့ၿပီး

ဂိုးကာကြယ္မႈခ်ည္း ၁၀ ႀကိမ္လုပ္ခဲ့တာပါ။ ဒါေၾကာင့္ ဆိုရွယ္မီဒီယာေပၚက

ပရိသတ္တစ္ေယာက္က ခ်ဲလ္ဆီးရဲ႕ကမာၻ႔စံခ်ိန္တင္ေၾကးရွင္ဂိုးသမားကီပါထက္

ကူးပါးကိုသာ အလိုရွိေၾကာင္း ဆိုခဲ့ပါတယ္။

ပလိုင္းေမာက္ပရိသတ္ေတြကလည္း ကူးပါးဟာ ကီပါထက္ပိုေကာင္းေၾကာင္း

ခ်ီးက်ဴခဲ့ၾကပါတယ္။ ဘီဘီစီက ေဘာလုံးပြဲေၾကညာသူတစ္ေယာက္ျဖစ္တဲ့

ဂ်ိဳနသန္ပီးယာ့စ္ကလည္း ဒီလိုလက္စြမ္းနဲ႔သာဆိုရင္ ကူးပါးဟာ ပလိုင္းေမာက္မွာ

ၾကာၾကာဆက္ရွိေနမွာမဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။ ကူးပါးဟာ ၿပီးခဲ့တဲ့ရာသီမွာ

ပလိုင္းေမာက္ပရိသတ္ေတြေ႐ြးခ်ယ္တဲ့ အသင္းရဲ႕အေကာင္းဆုံးလူငယ္ကစားသမားဆုကို

ရရွိထားတာပါ။