ချဲလ်ဆီးလက်ထဲရောက်တော့မယ့် အူဘာမီယန်းကို အနုကြမ်းစီးပြီး အရယူမယ့် သရဲနီ

ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူလိုနေတဲ့ ချဲလ်ဆီးကို နောက်ကောက်ချပြီး အိုးလ်ထရက်ဖို့ဒ်အဆီ အရောက်ခေါ်နိုင်ဖို့ မန်ယူအသင်း စိုင်းပြင်းနေပြီလို့ Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘောလုံးအပြောင်း အရွှေ့နဲ့ပတ်သက်ပြီး

ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ ဂျီယန်လူကာ ဒီမာဇီယိုရဲ့ သုံးသပ်ချက်အရ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အူဘာမီယန်းကို ချဲလ်ဆီးလက်ကနေ ဖြတ်ခုတ်ပြီး မန်ယူက အနုကြမ်းစီးတော့မယ်လို့ သိရပါတယ်။ ခြင်္သေ့ပြာတွေဟာ ဂါဘွန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက်

စကားပြောနေပြီး လက်ဦးမှု ရယူထားနိုင်ပေမယ့် အပြောင်းအရွှေ့ကို အပြီးသတ်ဖို့တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လီဝမ်ဒေါစကီးကို ခေါ်ယူထားတဲ့ ဘာစီလိုနာဟာ အူဘာမီယန်းကို အသင်းပြောင်းခွင့် ပေးဖို့ ရှိနေပါတယ်။ အာဆင်နယ်ကနေ ဘာစီလိုနာကို

ရောက်သွားခဲ့တဲ့ အူဘာမီယန်းဟာ ကက်တာလန်ကလပ်အတွက် ၂၄ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းယူနိုင်ခဲ့သူပါ။ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ခြေချဖို့ အလားအလာမျိုးရှိနေတဲ့ အူဘာမီယန်းကို ဘယ်အသင်းက လက်ဦးမှုရယူသွားမလဲ ဆိုတာကလည်း အပြောင်းအရွှေ့ ရာသီပိတ်ချိန်

နီးကပ်လာတာနဲ့ အမျှ အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေတာပါ။ နောက်ပြီး မန်ယူနည်းပြ အဲရစ်တန်ဟက်ကလည်း သူ့အသင်းကို နောက်ထပ် တိုက်စစ်မှူးတစ် ယောက်လောက် အားဖြည့်ချင်နေပါသေးတယ်။ အနာဂတ်မသေမချာဖြစ်နေတဲ့ စီရော်နယ်ဒိုကြောင့်

မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့အပေါ်မှာသာ အားထားနေရတဲ့ တန်ဟက်ဟာ နောက်ထပ် တိုက်စစ်မှူးတစ်ယောက် ထပ်ခေါ်ချင်နေတာပါ။ ဒီနွေရာသီဈေးကွက်မှာတော့ မန်ယူဟာ ကက်စ်မီရို၊ လီဆန်ဒရို မာတီနက်ဇ်၊ အဲရစ်ဆင်နဲ့ မာလာစီယာတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

နောက်ပြီး အေဂျက်ဇ်ကစားသမား အန်တိုနီကို အပူတပြင်း ချဥ်းကပ်နေပေ မယ့် အတိအကျ အဖြေမထွက်သေးပါဘူး။ နောက်ပြီး မန်ယူဟာ ရီးရဲလ် တိုက်စစ်မှူး မားကို့စ် အဆန်စီယိုကိုလည်း ခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့ Daily Mail သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

(zawgyi)

ဘာစီလိုနာတိုက္စစ္မႉး အူဘာမီယန္းကို ေခၚယူလိုေနတဲ့ ခ်ဲလ္ဆီးကို ေနာက္ေကာက္ခ်ၿပီး အိုးလ္ထရက္ဖို႔ဒ္အဆီ အေရာက္ေခၚႏိုင္ဖို႔ မန္ယူအသင္း စိုင္းျပင္းေနၿပီလို႔ Daily Mail သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ေဘာလုံးအေျပာင္း အေ႐ႊ႕နဲ႔ပတ္သက္ၿပီး

ကြၽမ္းက်င္သူ တစ္ေယာက္ျဖစ္တဲ့ ဂ်ီယန္လူကာ ဒီမာဇီယိုရဲ႕ သုံးသပ္ခ်က္အရ အသက္ ၃၃ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ အူဘာမီယန္းကို ခ်ဲလ္ဆီးလက္ကေန ျဖတ္ခုတ္ၿပီး မန္ယူက အႏုၾကမ္းစီးေတာ့မယ္လို႔ သိရပါတယ္။ ျခေသၤ့ျပာေတြဟာ ဂါဘြန္တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္

စကားေျပာေနၿပီး လက္ဦးမႈ ရယူထားႏိုင္ေပမယ့္ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ဖို႔ေတာ့ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ လီဝမ္ေဒါစကီးကို ေခၚယူထားတဲ့ ဘာစီလိုနာဟာ အူဘာမီယန္းကို အသင္းေျပာင္းခြင့္ ေပးဖို႔ ရွိေနပါတယ္။

အာဆင္နယ္ကေန ဘာစီလိုနာကို ေရာက္သြားခဲ့တဲ့ အူဘာမီယန္းဟာ ကက္တာလန္ကလပ္အတြက္ ၂၄ ပြဲ ကစားၿပီး ၁၃ ဂိုး သြင္းယူႏိုင္ခဲ့သူပါ။ ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္ ေျခခ်ဖို႔ အလားအလာမ်ိဳးရွိေနတဲ့ အူဘာမီယန္းကို ဘယ္အသင္းက လက္ဦးမႈရယူသြားမလဲ

ဆိုတာကလည္း အေျပာင္းအေ႐ႊ႕ ရာသီပိတ္ခ်ိန္ နီးကပ္လာတာနဲ႔ အမွ် အေတာ္ေလးကို စိတ္ဝင္စားဖို႔ ေကာင္းေနတာပါ။ ေနာက္ၿပီး မန္ယူနည္းျပ အဲရစ္တန္ဟက္ကလည္း သူ႔အသင္းကို ေနာက္ထပ္ တိုက္စစ္မႉးတစ္ ေယာက္ေလာက္ အားျဖည့္ခ်င္ေနပါေသးတယ္။

အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ စီေရာ္နယ္ဒိုေၾကာင့္ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔အေပၚမွာသာ အားထားေနရတဲ့ တန္ဟက္ဟာ ေနာက္ထပ္ တိုက္စစ္မႉးတစ္ေယာက္ ထပ္ေခၚခ်င္ေနတာပါ။ ဒီေႏြရာသီေဈးကြက္မွာေတာ့ မန္ယူဟာ ကက္စ္မီ႐ို၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ အဲရစ္ဆင္နဲ႔ မာလာစီယာ

တို႔ကို ေခၚယူထားၿပီး ျဖစ္ပါတယ္။ ေနာက္ၿပီး ေအဂ်က္ဇ္ကစားသမား အန္တိုနီကို အပူတျပင္း ခ်ဥ္းကပ္ေနေပ မယ့္ အတိအက် အေျဖမထြက္ေသးပါဘူး။ ေနာက္ၿပီး မန္ယူဟာ ရီးရဲလ္ တိုက္စစ္မႉး မားကို႔စ္ အဆန္စီယိုကိုလည္း ေခၚယူဖို႔ ခ်ဥ္းကပ္ေနတယ္လို႔ Daily Mail သတင္းစာက ေဖာ္ျပသြားခဲ့ပါတယ္။