
ယခုရက်ပိုင်း UK အစိုးရရဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေကြောင့်
ချဲလ်ဆီးအသင်းဟာ ငွေကြေးသုံးစွဲမှု အပိုင်းမှာ တော်တော်ကို ကြပ်တည်းနေပါတယ်။
အခက်အခဲပေါင်းများစွာနဲ့ ချဲလ်ဆီးဟာ အသင်းလည်ပတ်ဖို့ ကြိုးစားနေရတာကြောင့်
အောင်မြင်မှုဆိုတာလည်း အဝေးကြီးရောက်ပြီး နောင်နှစ်များမှာ
တန်းဆင်ရမယ့် အနေအထား တောင် ရာက်သွားနိုင်ပါတယ်။
ချဲလ်ဆီးကို တတ်နိုင်တဲ့ ဘက်က ကူမယ့် သူတွေ ရှိပါတယ်။
ဆော်ဒီမီဒီယာ လုပ်ငန်းစုက ချဲလ်ဆီးအသင်းကို ကွင်းသစ်တည်ဆောက်ရေးအပါအဝင်
ရူဒီဂါနဲ့ အသင်းခေါင်းဆောင်ဆီဇာတို့လို ကစားသမားတွေကိုပါ
စာချုပ်သစ်အစီအစဉ်များဖြင့်ကမ်းလှမ်းလိုက်ပြီ လို့ ”Goal”က ဖော်ပြပါတယ်။
ဆော်ဒီမီဒီယာလုပ်ငန်းစုက ချဲလ်ဆီးအမျိုးသားအသင်းကို
ကမ္ဘာ့ထိပ်တန်း ဆုဖလားများအတွက် ဆက်လက် ယှဉ်ပြိုင်နိုင်ရေး
တစ်ဖက်တစ်လှမ်းက ကူတာပါ။
ချဲလ်ဆီးအသင်းရဲ့ ကော့ဟမ်းလေ့ကျင့်ရေးကွင်း၊ လူငယ်အသင်းနဲ့
အမျိုးသမီးအသင်းအတွက်ပါ ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှု တွေ ဆက်လက်ပေးမယ်လို့
“Goal” ကပြောပါတယ်။အဲဒီလုပ်ငန်းစုဟာဆော်ဒီစော်ဘွားတွေ၊
ဘီလျံနာတွေရဲ့ကျောထောက်နောက်ခံကြောင့် တစ်နှစ်ကို (1)Billion အထိ
လည်ပတ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
ဒီလုပ်ငန်းစုရဲ့ အဓိကခေါင်းဆောင်ဖြစ်တဲ့ Mohamed Alkhereiji က
သူ့အဖေ AbdulelahAlKhereiji တည်ထောင်ခဲ့တဲ့
မိခင်ကုမ္ပဏီ Engineer Holding Group ရဲ့ CEO ဖြစ်ပါတယ်။
သူတို့တွေဟာ UKမှာနေထိုင်ပြီး အားလုံးဟာ ချဲလ်ဆီးအသင်းရဲ့
အမာခံပရိတ်သတ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဆော်ဒီမီဒီယာလုပ်ငန်းစုဟာ သီးသန့်လုပ်ငန်းတစ်ခုဖြစ်သလို
အစိုးရ၊ နိုင်ငံရေးတို့နဲ့လည်း တိုက်ရိုက်ထိတွေ့ပတ်သက်တာမျိုး မရှိဘူးလို့ သိရပါတယ်။
ဒါကြောင့် ပရီးမီယားလိဂ်အနေနဲ့ ဆော်ဒီမီဒီယာရဲ့ ချဲလ်ဆီးအသင်းကို
တစ်ဖက်တစ်လှမ်းက ကူညီမှုကို တားဆီးဖို့ အခွင့်အရေးနည်းပါးနေပါတယ်။
zawgyi
ခ်ဲလ္ဆီးရဲ႕အပူမီးေတြၿငိမ္းသတ္ႏိုင္ေအာင္ ႀကိဳးစားေနတဲ့ ေဆာ္ဒီသူေဌးနဲ႔ အဖြဲ႕
ယခုရက္ပိုင္း UK အစိုးရရဲ႕ ျပင္းထန္တဲ့ အေရးယူမႈေတြေၾကာင့္
ခ်ဲလ္ဆီးအသင္းဟာ ေငြေၾကးသုံးစြဲမႈ အပိုင္းမွာ ေတာ္ေတာ္ကို ၾကပ္တည္းေနပါတယ္။
အခက္အခဲေပါင္းမ်ားစြာနဲ႔ ခ်ဲလ္ဆီးဟာ အသင္းလည္ပတ္ဖို႔ ႀကိဳးစားေနရတာေၾကာင့္
ေအာင္ျမင္မႈဆိုတာလည္း အေဝးႀကီးေရာက္ၿပီး ေနာင္ႏွစ္မ်ားမွာ
တန္းဆင္ရမယ့္ အေနအထား ေတာင္ ရာက္သြားႏိုင္ပါတယ္။
ခ်ဲလ္ဆီးကို တတ္ႏိုင္တဲ့ ဘက္က ကူမယ့္ သူေတြ ရွိပါတယ္။
ေဆာ္ဒီမီဒီယာ လုပ္ငန္းစုက ခ်ဲလ္ဆီးအသင္းကို ကြင္းသစ္တည္ေဆာက္ေရးအပါအဝင္
႐ူဒီဂါနဲ႔ အသင္းေခါင္းေဆာင္ဆီဇာတို႔လို ကစားသမားေတြကိုပါ
စာခ်ဳပ္သစ္အစီအစဥ္မ်ားျဖင့္ကမ္းလွမ္းလိုက္ၿပီ လို႔ ”Goal”က ေဖာ္ျပပါတယ္။
ေဆာ္ဒီမီဒီယာလုပ္ငန္းစုက ခ်ဲလ္ဆီးအမ်ိဳးသားအသင္းကို
ကမာၻ႔ထိပ္တန္း ဆုဖလားမ်ားအတြက္ ဆက္လက္ ယွဥ္ၿပိဳင္ႏိုင္ေရး
တစ္ဖက္တစ္လွမ္းက ကူတာပါ။
ခ်ဲလ္ဆီးအသင္းရဲ႕ ေကာ့ဟမ္းေလ့က်င့္ေရးကြင္း၊ လူငယ္အသင္းနဲ႔
အမ်ိဳးသမီးအသင္းအတြက္ပါ ႀကီးမားတဲ့ရင္းႏွီးျမဳပ္ႏွံမႈ ေတြ ဆက္လက္ေပးမယ္လို႔
“Goal” ကေျပာပါတယ္။အဲဒီလုပ္ငန္းစုဟာေဆာ္ဒီေစာ္ဘြားေတြ၊
ဘီလ်ံနာေတြရဲ႕ေက်ာေထာက္ေနာက္ခံေၾကာင့္ တစ္ႏွစ္ကို (1)Billion အထိ
လည္ပတ္ႏိုင္စြမ္းရွိတယ္လို႔ သိရပါတယ္။
ဒီလုပ္ငန္းစုရဲ႕ အဓိကေခါင္းေဆာင္ျဖစ္တဲ့ Mohamed Alkhereiji က
သူ႔အေဖ AbdulelahAlKhereiji တည္ေထာင္ခဲ့တဲ့
မိခင္ကုမၸဏီEngineer Holding Group ရဲ႕ CEO ျဖစ္ပါတယ္။
သူတို႔ေတြဟာ UKမွာေနထိုင္ၿပီး အားလုံးဟာ ခ်ဲလ္ဆီးအသင္းရဲ႕
အမာခံပရိတ္သတ္ေတြ ျဖစ္ၾကတယ္လို႔ ဆိုပါတယ္။
ေဆာ္ဒီမီဒီယာလုပ္ငန္းစုဟာ သီးသန႔္လုပ္ငန္းတစ္ခုျဖစ္သလို
အစိုးရ၊ ႏိုင္ငံေရးတို႔နဲ႔လည္း တိုက္႐ိုက္ထိေတြ႕ပတ္သက္တာမ်ိဳး မရွိဘူးလို႔ သိရပါတယ္။
ဒါေၾကာင့္ ပရီးမီယားလိဂ္အေနနဲ႔ ေဆာ္ဒီမီဒီယာရဲ႕ ခ်ဲလ္ဆီးအသင္းကို
တစ္ဖက္တစ္လွမ္းက ကူညီမႈကို တားဆီးဖို႔ အခြင့္အေရးနည္းပါးေနပါတယ္။