
ပြီးခဲ့တဲ့အင်္ဂါညက ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ကာရာဘောင်းဖလားပွဲမှာလည်း
ပင်နယ်တီသူရဲကောင်းဖြစ်ခဲ့တာကြောင့် ချဲလ်ဆီးဂိုးသမားကီပါဟာ
စိတ်ဖတ်နိုင်သူတစ်ယောက်အဖြစ် ချီးကျူးခံလိုက်ရပါတယ်။
အဲဒီစပိန်သားဂိုးသမားဟာ ပင်နယ်တီအဆုံးအဖြတ်ရောက်တော့
ဝဲလ်ကော့ရဲ့ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့သလို ဆောက်သမ်တန်ဘက်က
ဝီလ်စမောဘုန်းရဲ့ကန်သွင်းမှုဟာလည်း ဘားတန်းပေါ်ကျော်သွားခဲ့ပါတယ်။
အဲဒီပွဲက ပင်နယ်တီကာကွယ်မှုတွေကြောင့် ကီပါဟာ စုစုပေါင်း ၉ ကြိမ်နဲ့
ချဲလ်ဆီးအသင်းသမိုင်းမှာ ပင်နယ်တီအကာကွယ်နိုင်ဆုံးဂိုးသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ပင်နယ်တီကန်သွင်းခဲ့တဲ့ သူ့ရဲ့အသင်းဖော်ဖြစ်သူဘင်ချီဝဲလ်ကလည်း
”ကီပါဟာ စိတ်ကိုဖတ်နိုင်သူလို့ ကျွန်တော်ထင်ပါတယ်”လို့
ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter မှာ ရေးတင်ခဲ့ပါတယ်။
၂၇ နှစ်အရွယ် ကီပါဟာ ဒီရာသီမှာ ပင်နယ်တီအဆုံးအဖြတ်သူရဲကောင်းဖြစ်တာ
ဒါနဲ့ဆိုရင် ၃ ကြိမ်မြောက်ဖြစ်ပြီး အရင် ၂ ကြိမ်ကတော့ ဥရောပစူပါဖလားမှာ
ချဲလ်ဆီးဗိုလ်စွဲခဲ့တဲ့ ကာရာဘောင်းဖလားရဲ့ပြီးခဲ့တဲ့အဆင့် ဗီလာနဲ့ပွဲမှာ ဖြစ်ပါတယ်။
ကီပါအနေနဲ့ ဒီရာသီမှာ ၄ ပွဲသာကစားထားရသေးပေမယ့်လည်း သူ့ကြောင့်
ပင်နယ်တီအဆုံးအဖြတ်တွေမှာ ချဲလ်ဆီးနိုင်ခဲ့တာ ၃ ကြိမ်ရှိသွားပါပြီ။
ဆောက်သမ်တန်နဲ့ သာမန်ပွဲချိန်မိနစ် ၉၀ အတွင်းမှာလည်း လက်စွမ်းပြ
ကာကွယ်မှု ၂ ကြိမ်ရှိခဲ့တဲ့ ကီပါကို နည်းပြတူချယ်က အခုလိုချီးကျူးခဲ့ပါတယ်။
”ပွဲပြီးခါနီးနဲ့ပင်နယ်တီတွေဟာ အန္တရယ်များတဲ့အခိုက်အတန့်တစ်ခုလို့
အားလုံးက တွေးထားကြမှာဖြစ်ပြီး ကိုယ့်ရဲ့စူးစိုက်မှု ပျက်သွားနိုင်တဲ့အချိန်တွေပါ။
သာမန်ပွဲချိန်အတွင်းမှာလည်း ကီပါရဲ့ကာကွယ်မှုနှစ်ကြိမ်က အရေးပါခဲ့ပါတယ်”လို့
တူချယ်က ဆိုခဲ့တာပါ။ ချဲလ်ဆီအသင်းမှာ ပထမဂိုးသမားမန်ဒီကလည်း
လက်စွမ်းပြနိုင်နေတာဖြစ်ပြီး ကီပါကတော့ ပင်နယ်တီအဆုံးအဖြတ်တွေမှာ
သူရဲကောင်းဖြစ်နေကာ ဖလားပွဲတွေဆို ဝင်ကစားခွင့်ရနေပါတယ်။
zawgyi
ခ်ဲလ္ဆီးရဲ႕ပင္နယ္တီကာကြယ္မႈစံခ်ိန္ရွင္ စိတ္ဖတ္ႏိုင္သူအျဖစ္ ခ်ီးက်ဴးခံရတဲ့ ကီပါ
ၿပီးခဲ့တဲ့အဂၤါညက ကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ကာရာေဘာင္းဖလားပြဲမွာလည္း
ပင္နယ္တီသူရဲေကာင္းျဖစ္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးဂိုးသမားကီပါဟာ
စိတ္ဖတ္ႏိုင္သူတစ္ေယာက္အျဖစ္ ခ်ီးက်ဴးခံလိုက္ရပါတယ္။
အဲဒီစပိန္သားဂိုးသမားဟာ ပင္နယ္တီအဆုံးအျဖတ္ေရာက္ေတာ့
ဝဲလ္ေကာ့ရဲ႕ကန္သြင္းမႈကို ကာကြယ္ႏိုင္ခဲ့သလို ေဆာက္သမ္တန္ဘက္က
ဝီလ္စေမာဘုန္းရဲ႕ကန္သြင္းမႈဟာလည္း ဘားတန္းေပၚေက်ာ္သြားခဲ့ပါတယ္။
အဲဒီပြဲက ပင္နယ္တီကာကြယ္မႈေတြေၾကာင့္ ကီပါဟာ စုစုေပါင္း ၉ ႀကိမ္နဲ႔
ခ်ဲလ္ဆီးအသင္းသမိုင္းမွာ ပင္နယ္တီအကာကြယ္ႏိုင္ဆုံးဂိုးသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
ပင္နယ္တီကန္သြင္းခဲ့တဲ့ သူ႔ရဲ႕အသင္းေဖာ္ျဖစ္သူဘင္ခ်ီဝဲလ္ကလည္း
”ကီပါဟာ စိတ္ကိုဖတ္ႏိုင္သူလို႔ ကြၽန္ေတာ္ထင္ပါတယ္”လို႔
ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter မွာ ေရးတင္ခဲ့ပါတယ္။
၂၇ ႏွစ္အ႐ြယ္ ကီပါဟာ ဒီရာသီမွာ ပင္နယ္တီအဆုံးအျဖတ္သူရဲေကာင္းျဖစ္တာ
ဒါနဲ႔ဆိုရင္ ၃ ႀကိမ္ေျမာက္ျဖစ္ၿပီး အရင္ ၂ ႀကိမ္ကေတာ့ ဥေရာပစူပါဖလားမွာ
ခ်ဲလ္ဆီးဗိုလ္စြဲခဲ့တဲ့ ကာရာေဘာင္းဖလားရဲ႕ၿပီးခဲ့တဲ့အဆင့္ ဗီလာနဲ႔ပြဲမွာ ျဖစ္ပါတယ္။
ကီပါအေနနဲ႔ ဒီရာသီမွာ ၄ ပြဲသာကစားထားရေသးေပမယ့္လည္း သူ႔ေၾကာင့္
ပင္နယ္တီအဆုံးအျဖတ္ေတြမွာ ခ်ဲလ္ဆီးႏိုင္ခဲ့တာ ၃ ႀကိမ္ရွိသြားပါၿပီ။
ေဆာက္သမ္တန္နဲ႔ သာမန္ပြဲခ်ိန္မိနစ္ ၉၀ အတြင္းမွာလည္း လက္စြမ္းျပ
ကာကြယ္မႈ ၂ ႀကိမ္ရွိခဲ့တဲ့ ကီပါကို နည္းျပတူခ်ယ္က အခုလိုခ်ီးက်ဴးခဲ့ပါတယ္။
”ပြဲၿပီးခါနီးနဲ႔ပင္နယ္တီေတြဟာ အႏၲရယ္မ်ားတဲ့အခိုက္အတန႔္တစ္ခုလို႔
အားလုံးက ေတြးထားၾကမွာျဖစ္ၿပီး ကိုယ့္ရဲ႕စူးစိုက္မႈ ပ်က္သြားႏိုင္တဲ့အခ်ိန္ေတြပါ။
သာမန္ပြဲခ်ိန္အတြင္းမွာလည္း ကီပါရဲ႕ကာကြယ္မႈႏွစ္ႀကိမ္က အေရးပါခဲ့ပါတယ္”လို႔
တူခ်ယ္က ဆိုခဲ့တာပါ။ ခ်ဲလ္ဆီအသင္းမွာ ပထမဂိုးသမားမန္ဒီကလည္း
လက္စြမ္းျပႏိုင္ေနတာျဖစ္ၿပီး ကီပါကေတာ့ ပင္နယ္တီအဆုံးအျဖတ္ေတြမွာ
သူရဲေကာင္းျဖစ္ေနကာ ဖလားပြဲေတြဆို ဝင္ကစားခြင့္ရေနပါတယ္။