ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ရှုံးထွက်အဆင့်နောက်ဆုံး ၄ ပွဲစလုံးမှာ Man of the Match ရရှိခဲ့တဲ့ ကန်တီ

လိုင်လီကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ

အထူးခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူကန်တီဟာ

အဲဒီပွဲရဲ့ Man of the Match ဆုကို ရရှိခဲ့ပါတယ်။

အဲဒီပြင်သစ်လက်ရွေးစင်ကစားသမားဟာ လိုင်လီနဲ့ပွဲက

ချဲလ်ဆီးကွင်းလယ်မှာ အကောင်းဆုံးပုံစံပြနိုင်ခဲ့ကာ

ပူလီဆစ်သွင်းယူခဲ့တဲ့ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ချဲလ်ဆီးဗိုလ်စွဲခဲ့စဉ်ကလည်း

ကန်တီဟာ အဓိကကျသူဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းကဆို ဆီးမီးဖိုင်နယ်နှစ်ကျော့နဲ့ ဗိုလ်လုပွဲ

တကယ့်အဆုံးအဖြတ် ၃ ပွဲစလုံးမှာ သူဟာ Man of the Match ဆုကို ရရှိခဲ့တာပါ။

ဒါကြောင့် ကန်တီဟာ ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ရှုံးထွက်အဆင့်

နောက်ဆုံး ၄ ပွဲစလုံးမှာ Man of the Match ရရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကလည်း ချန်ပီယံလိဂ်မှာ တကယ့်ကန်တီကို

တွေ့ရတဲ့အတွက် ဝမ်းမြောက်မိကြောင်း ဆိုခဲ့ပါတယ်။

ကန်တီဟာ မကြာသေးခင်ပွဲတွေမှာ အကောင်းဆုံးကစာနိုင်တယ်လို့

သူမခံစားရကြောင်း တူချယ်က ဝန်ခံခဲ့တာပါ။

”ကန်တီနဲ့ပတ်သက်လို့ ကျေနပ်မိပါတယ်။ မကြာသေးခင်ပွဲတွေမှာ

တကယ့်ကန်တီအစစ်မဟုတ်ခဲ့ပါဘူး။

ယုံကြည်မှုရော အရှိန်နှုန်းမှာပါ သူနည်းနည်းရုန်းကန်ခဲ့ရတယ်။

ဒီနေ့မှာတော့ သူတစ်ဆင့်မြှင့်နိုင်ခဲ့တာ ကောင်းပါတယ်။

သူဟာ ကျွန်တော်တို့ရဲ့ gamechanger ဖြစ်ပြီး အသင်းနဲ့သူ့အတွက်

အရမ်းကိုပျော်ရွှင်မိပါတယ်”လို့ ပွဲအပြီးမှာ တူချယ်က ပြောကြားခဲ့ပါတယ်။

လိုင်လီနဲ့ပွဲမှာ သူ့အသင်းရဲ့ပေးဂိုးမဲ့စွမ်းဆောင်နိုင်မှုအတွက်လည်း

တူချယ်ဟာ ကျေနပ်အားရခဲ့ပါတယ်။

zawgyi

ခ်ဲလ္ဆီးရဲ႕ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ေနာက္ဆုံး ၄ ပြဲစလုံးမွာ Man of the Match ရရွိခဲ့တဲ့ ကန္တီ

လိုင္လီကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ

အထူးေျခစြမ္းျပကစားႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးကြင္းလယ္လူကန္တီဟာ

အဲဒီပြဲရဲ႕ Man of the Match ဆုကို ရရွိခဲ့ပါတယ္။

အဲဒီျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာ လိုင္လီနဲ႔ပြဲက

ခ်ဲလ္ဆီးကြင္းလယ္မွာ အေကာင္းဆုံးပုံစံျပႏိုင္ခဲ့ကာ

ပူလီဆစ္သြင္းယူခဲ့တဲ့ဒုတိယဂိုးကိုလည္း ဖန္တီးေပးခဲ့တာပါ။

ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ခ်ဲလ္ဆီးဗိုလ္စြဲခဲ့စဥ္ကလည္း

ကန္တီဟာ အဓိကက်သူျဖစ္ခဲ့ပါတယ္။

အဲဒီတုန္းကဆို ဆီးမီးဖိုင္နယ္ႏွစ္ေက်ာ့နဲ႔ ဗိုလ္လုပြဲ

တကယ့္အဆုံးအျဖတ္ ၃ ပြဲစလုံးမွာ သူဟာ Man of the Match ဆုကို ရရွိခဲ့တာပါ။

ဒါေၾကာင့္ ကန္တီဟာ ခ်ဲလ္ဆီးရဲ႕ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္

ေနာက္ဆုံး ၄ ပြဲစလုံးမွာ Man of the Match ရရွိခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကလည္း ခ်န္ပီယံလိဂ္မွာ တကယ့္ကန္တီကို

ေတြ႕ရတဲ့အတြက္ ဝမ္းေျမာက္မိေၾကာင္း ဆိုခဲ့ပါတယ္။

ကန္တီဟာ မၾကာေသးခင္ပြဲေတြမွာ အေကာင္းဆုံးကစာႏိုင္တယ္လို႔

သူမခံစားရေၾကာင္း တူခ်ယ္က ဝန္ခံခဲ့တာပါ။

”ကန္တီနဲ႔ပတ္သက္လို႔ ေက်နပ္မိပါတယ္။ မၾကာေသးခင္ပြဲေတြမွာ

တကယ့္ကန္တီအစစ္မဟုတ္ခဲ့ပါဘူး။

ယုံၾကည္မႈေရာ အရွိန္ႏႈန္းမွာပါ သူနည္းနည္း႐ုန္းကန္ခဲ့ရတယ္။

ဒီေန႔မွာေတာ့ သူတစ္ဆင့္ျမႇင့္ႏိုင္ခဲ့တာ ေကာင္းပါတယ္။

သူဟာ ကြၽန္ေတာ္တို႔ရဲ႕ gamechanger ျဖစ္ၿပီး အသင္းနဲ႔သူ႔အတြက္

အရမ္းကိုေပ်ာ္႐ႊင္မိပါတယ္”လို႔ ပြဲအၿပီးမွာ တူခ်ယ္က ေျပာၾကားခဲ့ပါတယ္။

လိုင္လီနဲ႔ပြဲမွာ သူ႔အသင္းရဲ႕ေပးဂိုးမဲ့စြမ္းေဆာင္ႏိုင္မႈအတြက္လည္း

တူခ်ယ္ဟာ ေက်နပ္အားရခဲ့ပါတယ္။