ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ဖလားကာကွယ်ရေးမျှော်လင့်ချက် တူချယ် စွန့်လွှတ်လိုက်ပုံရ

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်ဟာ ယမန်နေ့ညက

ရီးရဲလ်ကို ၁-၃ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် အသင်းရဲ့ချန်ပီယံလိဂ်ဖလား
ကာကွယ်ရေးမျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပုံရပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပ-အကျော့အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ
ချဲလ်ဆီးဟာ ရီးရဲလ်ကို ၁-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာဖြစ်ပြီး
ပြင်သစ်လက်ရွေးစင် ဘန်ဇီးမားက ရီးရဲလ်အတွက် ၃ဂိုးစလုံးသွင်းယူခဲ့ပါတယ်။

ကွာတားဖိုင်နယ်က အခုချိန်အထိ ရှင်သန်နေဆဲပဲလားဆိုတဲ့
မေးခွန်းကို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့
တူချယ်က ”ဒီအချိန်မှာတော့ ကွာတားဖိုင်နယ်က ပြီးဆုံးသွားပါပြီ။
နိုင်ငံတကာရက်သတ္တပတ်အပြီး အခြေအနေတွေကြောင့်
ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့အဆင့်မျိုး ပြန်ရောက်ဖို့ အဖြေရှာရပါဦးမယ်။

လာမယ့်ပိတ်ရက်မှာကစားမယ့် ဆောက်သမ်တန်နဲ့ပွဲကို ပိုပြီးစိတ်ပူနေပါတယ်။
ဒီလိုစွမ်းဆောင်ရည်မျိုးကနေ လိုချင်တဲ့ရလဒ်ကို မျှော်လင့်လို့မရပါဘူး။
ကျွန်တော်တို့အသင်းဟာ ၃ဂိုးအထိ လိုအပ်နေပြီး
ဒီလိုမျိုးဖြစ်လာနိုင်ပါ့မလား။ ဒါက အရိုးသားဆုံးပြောတာပါ။
ဒါက ကြီးမားတဲ့အရှုံးဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြအဖြစ် ကျွန်တော်ရှိနေတဲ့ကာလအတွင်း
ဒီပွဲရဲ့ပထမပိုင်းက အဆိုးရွားဆုံးပါပဲ။
တစ်ဦးချင်းအရရော၊ အသင်းလိုက်အရပါ
ပုံမှန်အတိုင်းရောက်ဖို့ အဝေးကြီးလိုပါသေးတယ်”လို့ ပြောပါတယ်။

Zawgyi


ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပ-အကျော့အဖြစ် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ


